The super-sized mother who weighs 43st determined to become world's fattest woman
Wednesday, March 17, 2010
ကမ္ဘာ့ အ၀ဆုံးအမျိုးသမီးဖြစ်ချင်သူ...
စားမယ်....၀ါးမယ်....အ၀ဆုံးဖြစ်စေရမယ်...
Donna Simpson already weighs 43 stone but is consuming an astonishing 12,000 calories a day in a quest to become the world's fattest woman
ကိုယ်အလေးချိန် ၄၃ စတုံ ( ပေါင် ၆၀၀ ) ရှိနေပြီဖြစ်တဲ့ Donna Simpson တစ်ယောက် သူမရဲ့ လက်ရှိ
ကိုယ်အလေးချိန်ထက် နှစ်ဆနီးပါ တိုးပြီး ကမ္ဘာ့ အ၀ဆုံးအမျိုးသမီးဖြစ်ဖို့ သန္ဒိဌာန်ချထားပါတယ်...
အမေရိကန်နိုင်ငံ၊ နယူးဂျာဆီပြည်နယ်မှ အသက် ၄၂ နှစ်အရွယ်ရှိ အမျိုးသမီးဟာ လာမယ့် ၂ နှစ်အတွင်း
သူမရဲ့ ကိုယ်အလေးချိန်ကို ပေါင် ၁၀၀၀ အထိတိုးလာနိုင်အောင်မျှော်မှန်းထားပါတယ်...
ယခုအခါ အနီးအနားမှာ ဈေးဝယ်ထွက်တာတောင် သက်ကြီးရွယ်အို၊ မသန်မစွမ်းသူများအသုံးပြုရတဲ့ စက်
တပ် သုံးဘီးယာဉ်ကလေးကို အသုံးပြုပြီးသွားလာနေရတဲ့ သူမကတော့ ကျန်းမာရေးကောင်းနေပါတယ်
လို့ အခိုင်အမာပြောဆိုနေပါတယ်...
မောတယ်ကွယ်...နည်းနည်းလေးမှ မလှုပ်ရှားချင်တော့ ဘူး...
Ms Simpson can no longer walk more than 20ft before needing to sit down. She goes to the shops in a mobility scooter
" ကျွန်မရဲ့ အကြိုက်ဆုံးအစားအစာကတော့ ဆူရှီပါပဲ...သူများနဲ့ မတူအောင်ကို ဆူရှီလိမ်အကြီးစား အခု
၇၀ ကိုတစ်ထိုင်တည်းစားနိုင်ပါတယ်...ကိတ်မုန့် တို့ ၊ သကြားလုံးတို့ လို အချိုပါတဲ့ မုန့် တွေကိုလည်းအ
အ၀တ်အစားဆိုဒ် XXXXXXXL ( X ၇လုံး large size ) ၀တ်နေရတဲ့  Donna ဟာ မုန့် ပဲသွားရေစာကို
အမြောက်အများစားနေလေ့ ရှိပြီး ကိုယ်လက်လှုပ်ရှားမှုကလည်းမရှိသလောက်ပါပဲ...
သူမဟာ ၂၀၀၇ ခုနှစ်က ကိုယ်အလေးချိန် ၃၈ စတုံ ( ပေါင် ၅၃၀ ) နဲ့ ရင်သွေးငယ်တစ်ဦးမွေးဖွားခဲ့ စဉ်
ကပင် ကမ္ဘာ့ အ၀ဆုံး မိခင် ဆိုတဲ့ ဂီးနက်စ် မှတ်တမ်း ၀င် ဖြစ်ခဲ့ ပါပြီ...
ထိုစဉ်က ဗိုက်ခွဲပြီး ခက်ခက်ခဲခဲနဲ့ သူမရဲ့ သမီးလေးဖြစ်သူ Jacqueline ကိုမွေးဖွားခဲ့ ရတုံးက ဆေးဝန်ထမ်း
အယောက် ၃၀ ရှိတဲ့ ပြုစုကုသရေးအဖွဲ့ က သူမကို မီးဖွားပေးခဲ့ ရတာဖြစ်ပါတယ်...
ယခုအခါ ပေ ၂၀ လောက်မျှ သွားလာလှုပ်ရှားရုံမျှပင် ထိုင်ပြီးအနားယူနေရတဲ့ သူမကတော့ ထပ်ပြီး ၀နေ
ချင်ဆဲပါပဲ...
မေမေချစ်တဲ့ သမီးလေးနဲ့ အတူ...
Donna Simpson poses for a photograph with her daughter, Jacqueline. It took 30 medics to deliver her.
" ကျွန်မက ပေါင် ၁၀၀၀ အထိကို ရှိချင်တာပါ...သမီးလေးနောက်တစ်ကောက်ကောက်လိုက်နေရလို့ 
ဝိတ်ကျနေရတာနဲ့ အဲဒီလောက်အထိ ၀ ဖို့ ဆိုတာတော့ သိပ်မလွယ်လှပါဘူး " လို့ သူမကဆိုခဲ့ ပါတယ်...
သူမနဲ့ အတူနေတဲ့  နှစ်ရှည်လများတွဲနေခဲ့ တဲ့ ရည်းစား ဖြစ်သူ အသက် ၄၉ နှစ်ရှိ Phillipe အနေနဲ့ သူမကို
ဝိတ်လျော့ စေဖို့ ဆန္ဒရှိတယ်လို့ သင်ထင်ကောင်းထင်နိုင်ပါလိမ့် မယ်...ဒါပေမယ့် တစ်ကယ်တမ်းကျတော့
သူကပဲ သူမကို တတ်နိုင်သမျှ များများစားဖို့ အားပေးနေခဲ့ တာပါ..
သူဟာ Donna ကို အင်တာနက်က ချစ်သူရည်းစားရှာတဲ့ ( အ၀လွန်သူများ ) ဆိုဒ်တစ်ခုမှာတွေ့ ခဲ့ တာ
ဖြစ်ပြီး သူကိုယ်တိုင်ကတော့ ပေါင ၁၅၀ သာရှိပေမယ့်  ၀တဲ့ အမျိုးသမီးတွေကိုမှ သဘောကျပါသတဲ့ ...
ဝတာလေးကိုမှ ချစ်တတ်တဲ့ သူရယ်ပါ....
Donna's boyfriend Philipe Gouamba is a self-confessed fat admirer. He is encouraging her to gain more weight but only weighs 150lbs himself
သူမရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကမ္ဘာ့ အ၀ဆုံးအမျိုးသမီးဖြစ်ဖို့  Donna အနေနဲ့ တစ်နေ့ လျှင် ၁၂၀၀၀ ကယ်
လိုရီနှင့် ညီမျှသော အစားအစာများ စားသောက်ရမှာဖြစ်ပါတယ်...( သာမာန်အမျိုးသမီးတစ်ဦးဟာ ကယ်
လိုရီ ၂၀၀၀ မျှသာ စားသုံးရပါတယ်...)
ထိုသို့ စားသုံးနိုင်ရန်တစ်ပါတ်လျှင် ဒေါ်လာ ၇၅၀ နဲ့ ညီမျှတဲ့ ကုန်ကျစားရိတ်ကို ကာမိစေဖို့  Donna ဟာ
သူမစားသောက်နေတာကို အခကြေးငွေပေးပြီးတိုက်ရိုက်ကြည့် ရှုနိုင်တဲ့ ဝက်ဘ်ဆိုဒ်တစ်ခုတည်ထောင်
ထားရှိပြီးဖြစ်ပါတယ်...( လူတွေက သူမစားတာကိုပိုက်ဆံပေးကြည့် ရတယ်....)
သူမအခုလို ၀လာရတာဟာငယ်စဉ်ကတည်းက အဆီအစိမ့် တွေပါတဲ့ အစားအသောက်တွေကို သူမတို့ 
မောင်နှမများအား အလျှံအပယ်ကျွေးလေ့ ရှိခဲ့ တဲ့ မိခင်ဖြစ်သူကြောင့် ပါပဲ...
သူမအသက် ကိုးနှစ်မှာ Donna ဟာ ကိုယ်အလေးချိန် ၁၃ စတုံ ( ပေါင် ၁၈၀ ) ၀နေခဲ့ ပါပြီ...
သူမဆယ်ကျော်သက်အရွယ်မှာ တော့ ရှက်တတ်လာပြီး ၀မှာစိုးလို့ ပိန်ဆေးတွေစားခဲ့ ပါသေးတယ်...
အသက် ၁၄ နှစ်နဲ့  ၁၈ နှစ်အတွင်းမှာ သူမရဲ့ ကိုယ်အလေးချိန်ဟာ ၁၁ စတုံ ( ပေါင် ၁၅၀ ) အထိကျ
သွားခဲ့ ပါသေးတယ်..
ဒါပေမယ့် သူမ မပျော်နိုင်ခဲ့ ပါဘူး...တစ်ချိန်လုံးအစားအသောက်တွေအကြောင်းချည်းပဲတွေးနေမိလို့ အ
စားလျော့ စားရတာတွေဟာ စိတ်မချမ်းသာစရာတွေပါပဲလို့ သူမက ပြောခဲ့ ပါတယ်...
ဒါကြောင့် သူမ ရုံးတစ်ရုံးမှာ အလုပ်ရပြီးကတည်းက အလေးချိန်ကိုထိန်းထားဖို့ စိတ်မကူးတော့ ပဲ ဆန္ဒ
ရှိသလိုသာ စားသောက်ခဲ့ တာဖြစ်ပါတယ်...
သူမ အသက် ၁၉ နှစ်မှာ စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ ထမင်းချက်တစ်ဦးနဲ့ တွေ့ ပြီးလက်ထပ်
ခဲ့ ပါတယ်...
အဲဒီတုံးက သူဟာ ညဆိုင်းအလုပ်ဆင်းပြီးပြန်လာယင် ဆိုင်မှာပိုနေတဲ့ စားစရာတွေ အများကြီးယူလာ
လေ့ ရှိပါတယ်...
အဲဒီမှာ သူမဟာ အမဲကင်တွေ ၊ အာလူးမွှေကြော်တွေနဲ့ ထောပတ်ပါတဲ့ ဟင်းတွေများကြီးစားပြီး အဆမ
တန်ပြန်ဝလာတာပါပဲ...
သူမရဲ့ ခင်ပွန်းကလည်း ၀တာကို အားပေးပါတယ်...သူမ၀လေ ဆွဲဆောင်မှုရှိလေလို့ ပြောခဲ့ လို့ သူမဟာ
စိတ်ချမ်းသာခဲ့ ရပါတယ်...
သူမအသက် ၂၇ နှစ်မှာ ကိုယ်အလေးချိန် ၂၅ စတုံနဲ့ ( ၃၄၈ ပေါင် ) သူမရဲ့ သားဦး Devin ကို ကိုယ်ဝန်
ရှိခဲ့ ပါတယ်..
အဲဒီနောက်မကြာခင်မှာပဲ သူမရဲ့ အိမ်ထောင်ရေးအဆုံးသတ်သွားခဲ့ ပါတယ်...အဲဒါနဲ့ သူမလည်း စိတ်ဖြေ
တဲ့ အနေနဲ့ အစားအသောက်တွေကိုသာ တိုးလို့ စားနေခဲ့ ပါတယ်...
၎င်းနောက် အင်တာနက်မှာ အ၀လွန်သူတွေအတွက်ရည်ရွယ်တဲ့ ဝက်ဘ်ဆိုဒ် တစ်ခုကိုတွေ့ ပြီးသူမရဲ့ ကိုယ်အလေးချိန်အမှန်ကိုဖြည့်ကာ ကြေငြာခဲ့ ပါတယ်...
အမျိုးသားတွေအမြောက်အများသူမကို စာပို့ ဆက်သွယ်ကြပြီး သူမပိုပြီး ၀စေမယ့် အစားအသောက်
တွေပို့ ပေးကြပါတော့တယ်...
"ကျွန်မကတော့ အစားအသောက်တွေစားနေရတာကိုပဲ ကြိုက်တယ်...လူတွေကျွန်မ အားရပါးရစားနေ
တာကိုကြည့် နေကြတာကိုလည်း သဘောကျမိပါတယ်...လူတွေက ကျွန်မစားနေတာကိုကြည့် ပြီးအား
ရ၀မ်းသာဖြစ်နေကြတယ်လေ...ကျွန်မက ဘယ်သူ့ ကိုမှ ထိခိုက်နစ်နာစေနေတာမဟုတ်ပါဘူး ..." လို့ 
သူမက ဆိုခဲ့ ပါတော့ တယ်..
မူရင်းသတင်းပါ...
Donna Simpson already weighs 43st, but she is determined to nearly double her size to become the world's fattest woman.
The 42-year-old from New Jersey, U.S, is set on reaching the 1,000lb mark (71st) in just two years. Remarkably she insists she is healthy, despite now needing a mobility scooter when she goes shopping.
'My favourite food is sushi, but unlike others I can sit and eat 70 big pieces of sushi in one go,' she said.
'I do love cakes and sweet things, doughnuts are my favourite.'
Donna, who wears XXXXXXXL dresses, eats mounds of junk food and tries to move as little as possible.
Ms Simpson already holds the Guinness World Record as the world's biggest mother, when she gave birth in 2007 weighing 38stone.
She needed a team of 30 medics to deliver her daughter Jacqueline during a high-risk Caesarean birth.
Yet although she can only move 20ft before needing to sit down, she wants to be even bigger.
'I'd love to be 1,000lb,' she said.
'It might be hard though. Running after my daughter keeps my weight down.'
You might expect her long-term partner Philippe, 49, to advise her to slim down, but instead he encourages her to eat more.
He met Donna on a dating site for plus-size people and is a self-confessed fat admirer, although he himself only weighs 150lbs.
'I think he'd like it if I was bigger,' said Donna.
'He's a real belly man, and completely supports me.'
To achieve her goal, Donna says she will need to eat up to 12,000 calories a day (the average woman should consume only 2,000.)
To fund the massive $750 weekly food shop, she runs a website where men pay her to watch her eat fast food.
Donna's weight problem began early. Her mother made big meals for Donna and her brothers and gave them lots of treats and fattening food.
By the time Donna was nine, she weighed 13 stone.
'Food was her way of showing she loved us, she wanted us to eat, and she was very protective of us,' Ms Simpson said.
'She wouldn't let anyone say anything bad to us about our weight. She would argue with doctors who said it was dangerous.'
Donna's mother died soon after, and her dad married a woman who put the children on a strict diet.
'I used to steal food from the cupboards, which were still full because my mum used to store food,' she said.
But as she got older, Donna began to worry about her weight and started taking diet pills.
Between the ages 14 and 18 she slimmed down to 11 stone, but was still unhappy.
'Dieting just made me miserable because I was thinking about food all the time.,' she said.
After she left school, Donna got a desk job and no longer felt the need to fit in with other girls.
'I felt so much better when the weight came back,' she said.
'It felt like who I was meant to be.'
When Donna was 19 she met her first husband, who worked as a chef at a steak restaurant.
'He worked night shifts and would come home at 2 or 3am and bring the leftovers with him,' she said
'We'd stay up and eat huge piles of steak, mashed potatoes, and gravy with butter.
'I started gaining weight quickly and my husband liked it.
'He said I was sexier when I was bigger, and I felt happier too.'
When she was 27, Donna weighed 25 stone, and fell pregnant with her eldest son, Devin. Her marriage ended soon after and she turned to food for comfort.
By the age of 31, she weighed 43 stone and decided to try and lose weight. She lost five stones in six months and was due to have a gastric band operation.
But just before she was due to go under the knife, her friend died during a similar operation.
'That was a sign for me,' Ms Simpson said.
'I decided it just wasn't worth it. I like being the way I am.'
Donna, then 37 stone, came across a website which celebrated obese women.
When she admitted her real size, Donna was flooded with emails from men.
'They sent me gifts through the post, like protein shakes to help me put on weight faster,' she said.
And she unrepentant of her weight-gain goal, despite risking her own life in the process.
'I love eating and people love watching me eat,' she said.
'It makes people happy, and I'm not harming anyone.'
1 comments:
Anonymous said...
ဖြူ..ကတော့ပိန်ချင်တာနော်သူ့ website ကိုယောင်လို့ သွားမကြည့်ရဲဘူး.ကိုယ်ပါစားချင်စိတ်တွေပေါ်လာလိမ့်မယ် :-P