ကျောက်ဂူကြီးထဲကမော်ဒန်ရွာကလေး....

Tuesday, March 16, 2010


Modern troglodytes in China's southwest province

 

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ ကျိုးပြည်နယ်၊ အန်ရွှန်ဒေသတွင် လူဦးရေ တစ်ရာခန့် မျှရှိသော
ရွာသားများဟာ တောင်တစ်ခုရဲ့ အတွင်းမှာ နက်ရှိုင်းစွာတည်ရှိနေတဲ့ ကျောက်ဂူတွေထဲမှာ ယနေ့ တိုင်
အတူတစ်ကွစုပေါင်းနေထိုင်လျှက်ရှိကြပါတယ်...

တန်ဂျင်းကျေးရွာလို့ အမည်တွင်တဲ့ အဆိုပါ ကျောက်ဂူထဲက ရွာသားတွေဟာ မြောင်လူမျိုးစုနွယ်ဝင်
တွေဖြစ်ပြီး အဲဒီနေရာမှာ နှစ်ပေါင်းရာနဲ့ ချီပြီးတော့ နေထိုင်လာခဲ့ ကြတာဖြစ်ပါတယ်...
အဲဒီနေရာမှာ အကြီးဆုံးဖြစ်တဲ့ အလယ်ဂူကြီးဟာ ၂၃၀ မီတာ ( ပေ ၇၅၄ ) ရှည်ပြီး ၁၁၅ မီတာ
( ၃၇၇ ပေ ) ကျယ်ကာ ၅၀ မီတာ ( ၁၆၄ ပေ ) အမြင့် ရှိပါတယ်....
ကျောက်ဂူထဲမှာ နေထိုင်သူတွေဟာ ကျောက်တုံးတွေဆီက စိမ့် ထွက်လာတဲ့ ရေတွေကို သောက်သုံး
ကြပြီး တောင်နဘေးမှာ စပါး၊သီးနှံများ စိုက်ပျိုးပြီးလုပ်ကိုင်စားသောက်နေထိုင်ကြပါတယ်...
သူတို့ ဟာ ၀ါးတွေနဲ့ တည်ဆောက်ထားတဲ့ နေအိမ်၊ စပါးကျီ၊ နဲ့ မူလတန်းကျောင်းလေးတစ်ခုတောင်
ဂူထဲမှာ တည်ဆောက်ပြီး မျိုးနွယ်စု အသိုင်းအ၀န်းလေးတည်ဆောက်ပြီးနေထိုင်ကြတာဖြစ်ပါတယ်...

ဒါပေမယ့် အဲဒီရွာသားတွေထဲက ယောကျာင်္းအများစုကတော့ ငွေရှာဖို့ မြို့ ပြတွေဆီထွက်ခွာသွားခဲ့ ကြ
ပြီး ကျန်ရစ်နေခဲ့ သူတွေဟာ ရေရှားပါးမှုအခက်အခဲကိုဖြေရှင်းဖို့  ဂူထဲမှာတင်ရေလှောင်ကန်တစ်ခုကို
တည်ဆောက်နိုင်ဖို့ ကြိုးစားနေကြရပါတယ်...
အသက်သုံးဆယ်အရွယ်ရှိ လိုမေ နဲ့ သူမရဲ့ မိသားစုကတော့ ရွာထဲမှာ အများသူငါတွေ အားကျအခံ
ရဆုံးပါပဲ...သူမတို့ ဟာ အဲဒီဒေသရဲ့ တစ်ခုတည်းသော တည်းခိုခန်းကိုဖွင့် လှစ်ထားပြီး လျှပ်စစ်ပစ္စည်း
အသုံးအဆောင်များဖြစ်တဲ့ တီဗီ၊ ရေခဲသေတ္တာ နဲ့ လျှပ်စစ်မီးဖို တို့ ပါပိုင်ဆိုင်ပါတယ်...

အဆိုပါဒေသဆိုင်ရာအစိုးရအနေနဲ့  ရွာသားများကိုဂူထဲကနေအပြင်မှာ ထွက်ပြီးအိမ်တွေဆောက်ပြီးနေ
ထိုင်ကြဖို့ အမျိုးမျိုးကျိုးစားပေမယ့် မအောင်မြင်ခဲ့ ပါဘူး...
မိသားစု တော်တော်များများက ဂူထဲမှာပဲနေ၇တာကို ပိုမိုနှစ်သက်ကြပြီး အပြင်ကိုရွေ့ ပြောင်းဖို့ ငြင်းဆန်
ခဲ့ကြပါတယ်...
တစ်ကယ်တော့ လည်း သူတို့ မှာ တီဗီ စတာတွေရှိပြီး ဂူထဲမှာလည်း ဆက်သွယ်ရေးလိုင်းတွေအလုပ်
လုပ်တာမို့ ( ဖုန်းလိုင်း စသည်ဖြင့်...)  သူတို့ ဟာ ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်ပြီး အထီကျန်နေတယ်
လို့ ပြောလို့ မရပါဘူး...

တစ်ခါတစ်လေ မြို့ ပြရဲ့ မွန်းကျပ်မှုတွေထဲကနေတော့ ပြေးထွက်ချင်တဲ့ အခါ အဲဒီလိုနေရာမျိုးလေး
မှာတော့ နေချင်စိတ်လေးဖြစ်မိပါတယ်....


ဂူအတွင်းကကွက်လပ်ကျယ်ကြီးအတွင်း
( ဘတ်စကက်ဘောကစားကွင်းအဖြစ်ပါလုပ်ထားသည် ) 
မှာရွာသူရွာသားတွေအမှတ်တရဓါတ်ပုံစုရိုက်စဉ်...
Villagers gather for a group photo at the clearing inside a cavern in Anshun, southwest China's Guizhou Province.


ဂူအတွင်းစာသင်ကျောင်းအရှေ.ကမိန်းကလေးငယ်...

 
 ဘတ်စကက်ဘောကစားကွင်းလည်းအတွင်းမှာပဲဖန်တီးထားတယ်....


  
 ကိုယ်တိုင်ယက်လုပ်ထားတဲ.ဖိနပ်များ....

 
 ရေရှားပါးမှုကိုဖြေရှင်းမယ်.ရေလှောင်ကန်ကိုကိုယ်တိုင်တူးဖော်နေကြစဉ်...

 
ခေတ်ပေါ်ရုပ်ရှင်မင်းသမီးကြေငြာများကိုနံရံမှာကပ်ထားတဲ.မိန်းကလေးရဲ.အခန်း....
ရွှေပြည်ကြီးက တောလက်ကျေးရွာကအိမ်ကလေးနဲ့ တောင်ခပ်ဆင်ဆင်ပါပဲ...
အင်္ဂလိပ်လိုသတင်းလေးပါ...
In the caverns deep in the mountain in Anshun of southwest China's Guizhou Province, live nearly a hundred villagers. People of the Tajing village, all from the Miao minorrity group, have lived there for centuries.
Central cave, the largest cave in the area, is 230 metres long, 115 metres wide and 50 metres high. The cave-dwellers drink the water that drips from the stone, and make a living by growing grain on the hillside near the cave. They have developed into a whole tribal community with houses made of bamboo, barns, and even a primary school in the cavern.
Most of men in this community have left for cities to make money, while those who stayed are struggling to build a water reservoir in the cave to solve the water shortage.

Thirty-year-old Luo Mei and her family lead an enviable life in the village. They are running the only hotel in the area, and have electric appliances such as televisions, a refrigerator, and an induction cooker.
The local government has tried every means to build houses to persuade the villagers to move from the caves but have failed. A number of families prefer to stay and have declined to move.
In fact, they are not isolated from the outside. They have televisions and the caves have telecommunication signals.

1 comments:

Anonymous said...

နှင်းတောင်သူရဲကောင်း မြောင်ရန်ဖုံးဆိုတဲ့လူက ဒီရွာကဖြစ်နိုင်တယ်။