Fallen money bag sparks cash grab

Sunday, March 28, 2010
ကောက်ကြမယ်ဟေ့  ...ကောင်းကောင်း....


အလကားပေးနေတယ်လို့ များမှတ်နေလေရော့ သလား...

အစောင့် အကြပ်နဲ့ လိုက်ပါစောင့် ရှောက်တဲ့ ငွေစက္ကူများသယ်ဆောင်လာတဲ့ ကားတစ်စင်းပေါ်က ငွေ
အိတ်တစ်အိတ်ပြုတ်ကျခဲ့ ပြီး လူတွေအလုအယက်နဲ့ ငွေတွေကောက်ယူခဲ့ ကြတာမို့ ဒေါ်လာငွေပေါင်း
သိန်းနဲ့ ချီပြီးပျောက်ဆုံးနေပါတယ်လို့  အမေရိကန်နိုင်ငံ၊ အိုဟိုင်ယိုပြည်နယ်မှ ရဲတပ်ဖွဲ့ ကပြောဆိုလိုက်
ပါတယ်...
ကားပေါ်က အထုတ်တစ်ထုတ်ပြုတ်ကျလာပြီးပွင့် ထွက်ကာ ငွေတွေကျလာတိုမို့ လူတွေက ဒေါ်လာ ၂၀
တန်ငွေစက္ကူများကိုပြေးလာပြီးကောက်ယူခဲ့ ကြပါတယ်...
ယခုအခါရဲများဟာ မိုဘိုင်းလ်ဖုံးများနဲ့ လျှို့ ဝှက်ကင်မရာများက ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းများကို
ပြန်လည်ကြည့် ရှုစစ်ဆေးနေပြီးပျောက်ဆုံးနေတဲ့ ငွေစက္ကူများကို ရရှိကောက်ယူသွားသူတွေကို စိစစ်
နေပါတယ်...
စုစုပေါင်း ဒေါ်လာတစ်သိန်းကျော်ပျောက်ဆုံးနေပါသေးတယ်...ထိုပမာဏနဲ့ ညီမျှတဲ့ ငွေကိုတော့ ရဲတပ်
ဖွဲ့ ကပြန်ရှာတွေ့ ထားပါတယ်...တာဝန်သိသိလာရောက်အပ်နှံတာက ဒေါ်လာ ၁၂၀၀၀ ပါ...
" ဒါဟာ အလကားပေးဝေတဲ့ ပိုက်ဆံမဟုတ်ပါဘူး...တစ်စုံတစ်ယောက်ဟာ ထိုပျောက်ဆုံးနေတဲ့ ငွေ
စက္ကူတွေနဲ့ အတူ လက်ဝယ်တွေ့ ရှိရလျှင် တရားစွဲဆိုခြင်းခံရမှာ ဖြစ်ပါတယ်...." လို့ ရဲတပ်ကြပ်ကြီး
ဒန်ကယ်လ်ဆို ကပြောကြားခဲ့ ပါတယ်...

လူတွေကိုယ်ကျင့် တရားဘယ်လောက်ချို့ တဲ့ နေကြပြီလည်းဆိုတာအထက်ပါသတင်းကိုကြည့် တာနဲ့ 
တင်သိနိုင်ပါတယ်...
အစစအရာရာ ကမ္ဘာမှာတစ်ခြားနိုင်ငံအများစုထက်စာယင်ပြည့် စုံပါတယ်လို့ ဆိုနိုင်တဲ့ အမေရိကန်လို
နိုင်ငံမှာတောင် ကိုယ့် ပိုက်ဆံမဟုတ်ပဲ လမ်းမှာပြန့် ကျဲလွင့် ကျခဲ့ တဲ့ ငွေတွေကို ကောက်ယူပြီးထွက်
သွားကြတာ မနည်းပါပဲလား...တာဝန်သိသိလာအပ်တာ ဒေါ်လာ ၁၂၀၀၀ ၊ စုစုပေါင်းပျောက်ဆုံးနေတာ
ဒေါ်လာ တစ်သိန်းကျော် ဆိုတော့ ၁၀ ရာခိုင်နှုံးပဲ သစ္စာရှိတယ်လို့ ဆိုရမလိုဖြစ်နေပါတော့ တယ်...

သတင်းဗီဒီယိုကလစ်လေးပါ....




အင်္ဂလိပ်လိုသတင်းအကျဉ်းပါ...
Police in the US state of Ohio say tens of thousands of dollars are missing a day after a bag of cash fell from an armoured car, sparking a money grab.
A mad rush to pick up $20 bills broke out after the bag fell from the car in Columbus and split open.

It is unclear how much cash was in the bag, but US media say it was at least $100,000.
Officers are reviewing mobile phone and surveillance videos to identify who has the missing cash.
More than $100,000 (£67,000) is missing. But police were able to recover an equal amount and members of the public handed in $12,000.
"It's not free money," said a police sergeant. If people were found with the missing cash they would be charged, Sgt Dan Kelso said.

0 comments: