Grandmother invents foolproof sewing needle

Sunday, March 28, 2010


အဖွားရဲ့ စိတ်ကူးကောင်းနဲ့ ဖန်တီးလိုက်တဲ့ အပ်သစ်....




မျက်စေ့ မှိတ်ပြီးတော့ တောင် အပ်ချည်ထိုးလို့ ရတယ်...

အမေရိကန်နိုင်ငံ၊ မင်နီဆိုတာပြည်နယ်မှ အဖွားတစ်ဦးဟာ တုန်ယင်နေတဲ့ လက်အစုံနဲ့ မီးပျက်တဲ့ ည
များမှာတောင်မှ အလွယ်တစ်ကူအပ်ချည်ထိုးနိုင်မယ့် အပ်တစ်မျိုးကိုတီထွင်နိုင်ခဲ့ လို့ အိမ်ရှင်မတွေရဲ့ ဘ
ဝတစ်လျှောက်အခက်ခဲ ဆုံးသောအိမ်တွင်းမှုအလုပ်တစ်ခုကိုသက်သာလွယ်ကူစေနိုင်ခဲ့ပြီဖြစ်ပါတယ်...
အခုတော့ အပ်ချည်ကြိုးရဲ့ အစ ကိုတံတွေးစွတ်ပြီးအပ်ပေါက်ထဲကို ၀င်ဖို့ ခက်ခဲပင်ပန်းစွာနဲ့ အံကြိတ်ကျိုး
စားနေရမယ့အစား အဖွား Pam Turner ရဲ့ စိတ်ကူးနဲ့ တီထွင်လိုက်တဲ့ ဒီဇိုင်းအသစ်နဲ့ အပ်ကတော့ အ
ညံ့ ဆုံး အပ်ချူပ်သူ တောင်မှ အပေါက်မှားပြီးထိုးမိမှာ၊ အပ်ပေါက်ထဲအပ်ချည်မ၀င်မှာကို စိုးရိမ်စရာမလို
တော့ ပါဘူး...
အဖွားရဲ့ ကြောင်လိမ် မျက်ကွင်း အပ်နဖားပုံစံသစ်မှာ အပ်ပေါက်ရဲ့ အ၀ဟာ ပွင့် နေမှာဖြစ်တဲ့ သံချေးမ
တက်တဲ့ သံမဏိသံအမျိုးအစား ( စတီး သံ ) အပ်ဖြစ်ပါတယ်...
အပ်ချည်ကြီးရဲ့ အ၀ိုက်ကိုအပ်ပေါ်မှာ လျှောချလှိမ့် ယူပြီး အပ်နဖားထဲကိုသွင်းလိုက်ရုံမျှဖြင့် အပ်ချည်ထိုး
ပြီးသားဖြစ်သွားမှာပါ...
သူမရဲ့ မိခင်ဖြစ်သူအပ်ချည်နဲ့ အပ်ပေါက်ထိုးဖို့ ခက်ခက်ခဲခဲပြုလုပ်နေရတာကိုတွေ့ ရပြီးနောက်ရာစုနှစ်
ပေါင်းများစွာ ပုံစံမပြောင်းပဲထုတ်လုပ်သုံးစွဲနေခဲ့ တဲ့ အပ် ကိုပုံစုံအသစ်ပြောင်းဖို့ စိတ်ကူးရခဲ့ တာဖြစ်ပါ
တယ်လို့  အသက် ၅၇ နှစ်ရှိ ပြီဖြစ်တဲ့ အမျိုးသမီးကြီးက ပြောပြခဲ့ ပါတယ်....
တစ်ချောင်းကို ၃.၆၉ ပေါင်စတာလင် ( ၆ ဒေါ်လာ နီးပါး ) ကျသင့် တဲ့ သူမရဲ့ အပ်ပုံစံသစ်ဟာ စက္ကန့် 
ပိုင်းအတွင်းမှာပဲ အပ်ချည်ထိုးပြီး၊ အသင့် ချူပ်လုပ်နိုင်မှာဖြစ်ပြီး မျက်လုံးမှိတ်ပြီးအပ်ချည်ထိုးလို့ တောင်
ရမှာဖြစ်ပါတယ်...
ယခုပုံစံသစ်အပ်ကို မည်ကဲ့ သို့ ပြုလုပ်ရတယ်ဆိုတာကိုတော့ အသေးစိတ်ရှင်းပြဖို့ အဖွားက ငြင်းဆိုခဲ့ 
ပြီးသာမာန်အပ်တစ်ချောင်းလုပ်တာထက်တော့ ပိုမိုဆန်းပြားတဲ့ စက်ပစ္စည်းကိရိယာကို အသုံးပြုရတာ
ဖြစ်ပါတယ်လို့ တော့ ပြောကြားခဲ့ ပါတယ်...

စိတ်ကူးတစ်ချက်ကောင်းရုံနဲ့ ကမ္ဘာကြီးကိုအကျိုးပြုကာ၊ ကိုယ်လည်းငွေအမြောက်အများဝင်ကာ ပွပေါက်
တိုးနိုင်တာမို့  စာဖတ်သူများလည်း စိတ်ကူးကောင်းများဖြန့် ကျက်တွေးကာ မည်သူ့ မျှ မထင်ထားတဲ့ အ
သုံးဝင်ပစ္စည်း၊ နည်းပညာများကို တီထွင်ဖန်တီးနိုင်ပါစေ...
ဖတ်ပါ...မှတ်ပါ...ဖြန့် ကျက်တွေးတောပါလေ...

လောလောဆယ် ကိုပီတာက တော့ တွေးယင်းတွေးယင်း...
ဒီလိုဖြစ်လာလို့ ...





နားလိုက်ပါဦးမယ်...


ဗီဒီယိုကလစ်လေးပါ....




ဒါကတော့ အင်္ဂလိပ်လိုသတင်းပါ...
A grandmother from Minnesota has solved one of life’s most fiddly domestic tasks by inventing a sewing needle that can be threaded by the clumsiest of hands.

Rather than having to painstakingly wet the end of the thread and pass it through the eye, Pam Turner’s design is foolproof for even the most inept of seamstresses. Her Spiral Eye invention is a stainless steel needle with a gap in the metal on one side of the eye

A loop of thread is draped over the needle and then pulled into the eye before being secured in the normal way. The 57-year-old said she was inspired to redesign the sewing needle, which has seen little change over the centuries, after watching her mother struggle threading the traditional style implement.
 
She claims that her needle, which costs £3.69, allows users to get sewing within a matter of seconds and can be threaded with your eyes closed. She has refused to disclose her secret about how she made the needle, but admits that it takes more specialised equipment than the traditional needle-making process.

0 comments: