Thursday, November 3, 2011
အပန်းဖြေစရာ ပုံရိပ်ကမ္ဘာ 
အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေတာမို့ 
ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိသမျှ ၊ တစ်ချို့ 
လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါတယ်...
အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာချင်း
လွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...
မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်
မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမတတ်နိုင်ပေဘူးပေါ့ ...
သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ တင်တာမို့ သိခဲ့ လျှင်တောင်မှ
ခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...
ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
အလိုရှိသလိုကူးယူအသုံးပြုနိုင်ပါတယ်...
သေပါပြီအဖေရယ်...
သူတို့ ဆီမှာတော့ အဲဒီလောက်တောင်နှင်းကျတယ်ဗျာ...
ဘောမှန်ယင် ဒေါကန်တာထက်ခံရခက်တယ်...
အခုခေတ်မှာတော့ ....အဲဒါမှတစ်ကယ့် အမှန်တရားဗျာ...
ဘာပစ္စည်းပဲဖြစ်ဖြစ် အားလုံးနီးပါး...တရုတ်ပြည်မှာအကုန်ရနိုင်တယ်...
နောက်ဆို ကလေးတွေပါ တရုတ်ပြည်မှာထုတ်လုပ်ပြီးကမ္ဘာကိုဖြန့် ချီမလားပဲ...
အခုရိုက်အခုယူဆိုတာ ဒါမျိုးမှတစ်ကယ်နော်...
စီးပွားရှာတယ်ဆိုတာ ဒီလိုမျိုးအတွေးရှိရတယ်....
ငွေလက်နက်...
ဟုတ်တယ်နော်...ငွေဟာလက်နက်တစ်မျိုးလည်းဖြစ်တယ်...
မတော်လို့ ကျည်ထွက်သွားမှဖြင့် ဗျာ...
ညောင်းလာတော့ လည်း အသက်တောင်ဂရုမထားနိုင်တော့ ဘူး...
ဒီလိုမှပစ်မှတ်ကိုတည်တည်ငြိမ်ငြိမ်နဲ့ မလွဲအောင်ပစ်နိုင်မှာ...
သွားပေဦးတော့ နောက်တစ်လုံး...
သူ့ ဆီလာမှာတော့ သူမသိဘူး...
စစ်သားလည်းမျက်ရည်ကျစရာရှိယင်ကျကြတာပါပဲ...
တရားဥပဒေများ မတရားချက်ကတော့ ...
ရာထူးအရှိန်အ၀ါရှိတဲ့ သူ ဒေါ်လာ ၃ ဘီလီယံ လိမ်လည်လှည့် ဖျားခိုးယူတော့ ထောင် ၃ နှစ်ကျော်...
ဆင်းရဲသားကျောမွဲတစ်ယောက် ဒေါ်လာ ၁၀၀ ခိုးတော့ ထောင်ဒါဏ် ၁၅ နှစ်တဲ့ ဗျာ...
0 comments: