Tuesday, November 15, 2011
အပန်းဖြေစရာ ပုံရိပ်ကမ္ဘာ....
အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို ကိုယ်စားပြုတယ်လို့ ဆိုလေတာမို့ 
ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ့ မိသမျှ ၊ တစ်ချို့ 
လည်း ဖော်ဝါ့ ဒ်မေးကရတဲ့ ပုံလေးတွေတင်ပြလိုက်ပါတယ်...
အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ့ ရည်ရွယ်ရာချင်း
လွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...
မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့် ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်
မှာ တင်ထားနိုင်တာကိုက နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမတတ်နိုင်ပေဘူးပေါ့ ...
သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊ အပျော်ဗဟုသုတအနေနဲ့ တင်တာမို့ သိခဲ့ လျှင်တောင်မှ
ခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
ထိုထိုဓါတ်ပုံဆ၇ာများကို လေးစားစွာ ဂုဏ်ပြုပါတယ်...
ကျွန်တော်ရိုက်တဲ့ ပုံတော့ တစ်ပုံမှမပါဝင်ပါဘူး...
အလိုရှိသလိုကူးယူအသုံးပြုနိုင်ပါတယ်...
 တရုတ်အားကစား ကမ္ဘာကိုလွှမ်းရမည် ဆိုပြီးတော့ များ လေ့ ကျင့် နေကြသလားမသိဘူး...
တေးစီးရီးအခွေထုတ်တဲ့ သူတွေ ထိုင်ငိုနေ၇တဲ့ စက်....
 သြော်...အရေးထဲကျမှ ဖုံးမက်ဆေ့ ခ်ျ က ၀င်လာနေရသေးတယ်...
ဂန္ဒီကြီးလည်း ကခဲ့ သေးတယ်ပေါ့ ....ပုထုဇဉ်တစ်ယောက်အနေနဲ့ ကတော့ ဘာမဆိုဖြစ်နိုင်တာပါပဲ...
 အနုပညာဆိုတာ လူသားအားလုံး တိမ်းညွတ်တပ်မက်တဲ့ အရာပါ...
ဖိုတိုရှော့မဟုတ်ဘူးဆိုယင်တော့ ဒါဟာ သမိုင်းဝင် ဓါတ်ပုံပါပဲ...
မိမိကိုယ်ကို သရုပ်ဆောင်ကောင်းတစ်ယောက်လို့ ယုံကြည်စိတ်ချယင် သူ့ လိုမျက်နှာအမူအယာမျိုးစုံ
လုပ်တတ်ရမယ်...လုပ်နိုင်ရမယ်နော်...
ဆီကုန်သက်သာစေတဲ့ ကားများသယ်ယူပို့ ဆောင်နည်း...
 လျှို့ ဝှက်နံပါတ် (password) မလိုတဲ့ ယူအက်စ်ဘီ (USB)
 အိတ်ဆွဲသွားယင်း ဖုံးမက်ဆေ့ ခ်ျလည်း ရိုက်လို့ ရတယ်...
အိုဇာတာကောင်းပုံရတယ်နော်...
 ကျေးဇူးတင်စကားပြောတာလည်းဆင်ဆင်ခြင်ခြင်ပြောရတယ်....
နို့် မို့ တစ်ခြားသူတွေအထင်အမြင်လွဲတတ်တယ်...
 သွေးလှူပါဆိုတာ လမ်းပေါ်ကိုလှူတာမဟုတ်ဘူးနော်....
 အရက်သောက်သူများအတွက် မီတာရေချိန်...အဟုတ်ပါပဲဗျာ...
တစ်ချို့ ကမူးယင် ဖုံးထဲမှာနံပါတ်ရှိတဲ့ သူတွေလျှောက်ခေါ်တယ်...တစ်ချို့ ကငိုတယ်...
တစ်ချို့ ကရယ်တယ်...တစ်ချီူ့ ကတစ်ခြားဘာသာစကားတွေပြောတယ်...တစ်ချို့ ကတော့ က ကြတယ်...
မူးပြီးယင် ဂျပန်စကားပြောကာ နက်ကတိုင်နဲ့ ရေကူးမျက်မှန်တတ်ပြီး က တဲ့ မိတ်ဆွေကြီး
ဗိုလ်ဝင်း ကိုသတိရမိသေးတော့ တယ်...
 ကမ္ဘာပေါ်မှာ လက်ထပ်ပြီး အတည်တကျနေကြတဲ့ စုံတွဲတွေ ရာခိုင်နှုံးအလိုက်ရှိတဲ့ နိုင်ငံတွေပြမြေပုံ...
ဟုတ်တယ်ဗျာ...
အဲဒီကိစ္စလည်းပြောင်းသင့် တာကြာနေပါပြီ...၁၂လက်မတစ်ပေ၊ ၃ ပေတစ်ကိုက် ဆိုတာ ကမ္ဘာပေါ်မှာ
ဘယ်နိုင်ငံမှမသုံးတော့ သလောက်ပါပဲ...အားလုံးက ပိုလည်းလွယ်ကူတဲ့ ဆယ်ဂဏာန်းကိုအခြေခံ
တဲ့ စနစ် ( စင်တီမီတာ၊ မီတာ၊ ကီလိုမီတာ ) ၊ (မီလီဂရမ်၊ ဂရမ်၊ ကီလိုဂရမ် ) စတဲ့ စနစ်ကိုပြောင်း
သုံးနေကြပြီ...
သြော်...မော်ဒယ်...မော်ဒယ်...တော်တော်လည်းမလွယ်လှပါလားနော်....
1 comments:
ကိုတူး said...
ဘလော့တွေထဲမှာ ကိုပီတာ ဘလော့ကိုအကြိုက်ဆုံးပါပဲ..အမြဲတန်းဖတ်ရှုအားပေးနေပါတယ် :D Thank alot