Risking life and limb to go to school

Friday, November 11, 2011

တရုတ်နိုင်ငံမှ သက်စွန့် ဆံဖျားတက်ရသည့် ကျောင်းလမ်း...

ခြေတစ်ချက်ချော်တာနဲ့ အသက်ရှူမှားသွားမယ့် လမ်းပါပဲ...
သူတို့ အဖို့ တော့ ရိုးနေပါပြီတဲ့ ...
The students making their treacherous trip to get to school

တရုတ်နိုင်ငံမြောက်ပိုင်း၊ ရှင်းကျန်းအွေဂါဒေသရှိ တောင်တန်းထူထပ်ကာ ဆင်းရဲချို့ တဲ့ သည့် အရပ်မှ
ကျောင်းသားများဟာ ကျောင်းသွားရသည့် လမ်းက ခက်ခဲပင်ပန်းလွန်းသည့် အတွက်ကျောင်းပြေးဖို့ ကို
စိတ်မကူးနိုင်ကြပါဘူး...
ပီလိ အရပ်မှကျောင်းသားများဟာ ပေ ၁၅၀၀ ( ၄၅၇.၂ မီတာ ) အမြင့် ရှိသည့် ချောက်ကမ်းပါးပေါ်ရှိ
တောင်ကြော ကမ်းပါးယံမှ ဖြတ်ကာ ကျောင်းသွားကြရပါတယ်...
မိဘများနှင့် ဝန်ထမ်းများမှစောင့် ကြပ်လမ်းညွှန်ဖေးမပေးကြရသည့် ကျောင်းသားလူငယ်များဟာ တောင်
ဆင်းတောင်တက်ကျွမ်းကျင်လှပါသည်ဟုဆိုနိုင်သည့် တောင်ဆိတ်များပင် နှစ်ခါပြန်စဉ်းစားနိုင်လောက်
သည့် ကျောက်ဆောင်တောင်နံရံဆင်ခြေလျောကို ခြေချစရာနှင့် လက်ကိုင်အားပြုစရာများအားရှာကြံကာ
ခရီးကြမ်းကို နေ့စဉ်ဖြတ်သန်းနေကြရတာဖြစ်ပါတယ်...
"အဲဒီတောင်ဖြတ်လမ်းဟာ အလွန်ပဲ မတ်စောက်လှပေမယ့် ကျွန်တော်တို့ ဟာတောင်တန်းတွေပေါ်မှာနေ
ကြတဲ့ တောနေလူသားများဖြစ်တာမို့ ဒီလိုလျှောက်လှမ်းနေရတာကို အလေ့ အကျင့် ဖြစ်နေခဲ့ ပါပြီ...
ကျောင်းပြေးခဲ့ ယင် ကြီးလေးတဲ့ အပြစ်ဒါဏ်ပေးတာမို့ ကျောင်းလည်းမပျက်ကြသလို လမ်းခရီးမှာလည်း
ခြေချော်လက်ချော် တစ်ယောက်မှမဖြစ်ဘူးသေးပါဘူး..." လို့ ကျောင်းဆရာတစ်ဦးကဆိုပါတယ်...

ဒီလိုသက်စွန့် ဆံဖျားကျောင်းတက်ပညာရှာတဲ့ ကလေးများကိုတော့ လေးစားချီးကျူးပါတယ်...
အားပေးခွင့် ပြုတဲ့ မိဘ၊ဆရာသမားများပါပေါ့ ...

Students at this school in in the rugged northern Xinjiang Uygur region in China have a harder time than most skipping class.

The pupils in Pili have to cross a pass 457.2 metres above a sheer drop down a precipice to get to their lessons.

Guided by parents and staff, the youngsters scramble over the sloping rock face finding foot and handholds that would make even a goat think twice.

One teacher joked: "It's very steep but we're mountain people here and used to walking like this."
"We haven't lost one yet - there are severe penalties for truancy."

 

0 comments: