What the Iraq War Could Have Bought Instead

Thursday, November 10, 2011

အီရတ်စစ်ပွဲမှာကုန်ကျခဲ့ တာတွေနဲ့ ဘာတွေ

အကျိုးရှိအောင်လုပ်နိုင်မလည်း...


Instead of spending $2 trillion invading Iraq and staying there for over eight years the United States could have done much more with that money. See the kinds of positive impact that money could have made instead.
အီရတ်နိုင်ငံကို ကျူးကျော်ဝင်ရောက်ဆင်နွှဲပြီး ရှစ်နှစ်ကြာအောင် စစ်တပ်တွေချထား၊သိမ်းပိုက်ခဲ့ တဲ့ စစ်ပွဲ
အတွက်အမေရိကန်နိုင်ငံက ဒေါ်လာ ၂ ထရီလီယံ ကုန်ကျသုံးစွဲခဲ့ ရပါတယ်...
ထိုသို့ မလိုအပ်ပဲ စစ်ရေးအတွက်အလွန်အကျွံသုံးစွဲမယ့် အစား အကျိုးရှိရာကိစ္စတွေအမြောက်အများပြု
နိုင်မှာဖြစ်ပါတယ်...
အဆိုပါကုန်ကျငွေဖြင့် ဘယ်လိုအကျိုးရှိမယ့် ကိစ္စတွေဆောင်ရွက်နိုင်မလည်းဆိုတာကြည့် ကြရအောင်....

ရွှေပြည်ကြီးမှာလည်းနေ့ စဉ် တစ်အုံးအုံး၊ တစ်ဂျိမ်းဂျိမ်း ပစ်နေ၊ခတ်နေ စစ်တွေတိုက်နေကြတဲ့ လူ၊သူ
လက်နက်အင်အား ကုန်ကျနေတာတွေဟာ ဘယ်ဖက်ကမှ အလကားရနေတာမဟုတ်ပါဘူး...
တိုက်ပွဲအကြီးအသေးအလိုက်နေ့ စဉ် သိန်းပေါင်း ရာထောင်ချီပြီးကုန်ကျနေရတာပါ...
စစ်ပွဲတွေရပ်ဆိုင်းပြီးထာဝရငြိမ်းချမ်းရေးရယင် ထိုကုန်ငွေတွေကို လက်ငင်းလိုအပ်မယ့် ၊ ရေရှည်အကျိုး
ရှိမယ့် အရေးတွေမှာ အသုံးပြုနိုင်မှာမို့  စစ်ပွဲဆိုယင် ဘယ်စစ်ပွဲမဆိုမဖြစ်စေချင်တာပါပဲ...



 တစ်ကမ္ဘာလုံးမှာရှိတဲ့ ကလေးသူငယ်တွေအားလုံး အသက်ဘေးအန္တရယ်ဖြစ်နိုင်သည့် ရောဂါများမှ
ကာကွယ်ကုသနိုင်ဖို့ ( ကာကွယ်ဆေးထိုးဖို့ ) တစ်နှစ်ကို ၁.၃ ဘီလီယံဒေါ်လာ ကုန်ကျမှာမို့ 
နှစ်ပေါင်း ၅၈၃ နှစ်စာ ကုန်ကျခံနိုင်မှာဖြစ်ပါတယ်...


 ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာ ကူးစက်ပျံ့ နှံ့ ဖြစ်ပွားနေတဲ့ အေ့ ဒ်စ် ( အေအိုင်ဒီအက်စ် ) ရောဂါတိုက်ဖျက်ဖို့ 
အတွက် တစ်နှစ်ကို ၁၅ ဘီလီယံ နှင့် ၁၃၃ နှစ် စာကာကွယ်ကုသပေးနိုင်မှာဖြစ်ပါတယ်...

 တစ်ကမ္ဘာလုံးဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အကောင်အထည်ဖော်ဖို့ ကုန်ကျငွေ ၁ နှစ် ၁၃၅ ဘီလီယံ ဒေါ်လာနှင့်  ၁၄ နှစ်တိုင်တိုင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်...

 အမေရိကန်နိုင်ငံသားတိုင်းအတွက် ကျန်းမာရေးစောင့် ရှောက်မှုအတွက် ကုန်ကျငွေအားလုံး အခမဲ့ ဖြစ်
အောင် စိုက်ထုတ်ပေးနိုင်ဖို့ တစ်နှစ်လျှင် ဒေါ်လာ ၁၀၀ ဘီလီယံဖြင့် နှစ်ပေါင်း ၂၀


 တစ်ကမ္ဘာလုံး စာတတ်မြောက်ရေးလှုပ်ရှားမှုအတွက် ၁ နှစ်ကုန်ကျငွေ ၅ ဘီလီယံဒေါ်လာဖြင့် 
နှစ်ပေါင်း ၄၀၀ တိုင်တိုင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်...


 ဒါမှမဟုတ်ယင်လည်း အမေရိကန်နိုင်ငံသားတိုင်းကို တစ်ဦးလျှင် ဒေါ်လာ ၆၆၀၀ အလကားပေး
နိုင်မှာဖြစ်ပါတယ်...


 သို့ တည်းမဟုတ် ထိုငွေ ၂ ထရီလီယံ ဒေါ်လာဖြင့် အမေရိကန်နိုင်ငံအတွက် စားသုံမည့် 
ဝက်ဆားနယ်ခြောက် စားနပ်ရိက္ခာကို နောင် နှစ်ပေါင်း ၁၀၀၀ စာဝယ်ယူသိုလှောင်ထားနိုင်မှာ
ဖြစ်ပါတယ်...




1 comments:

အဆွေးလူ said...

အဲလိုအတွေးမျိုးတွေ သူတို့ ဆီမှာပေါ်လာခဲ့ရင် တော်တော်လေးငြိမ်းချမ်းသွားမယ်ဗျာ... ကျေးဇူးပါကိုပီတာရေ...