Girl has world's longest tongue

Tuesday, November 1, 2011

ကမ္ဘာ့ လျှာအရှည်ဆုံးအမျိုးသမီး...


 တော်တော်လျှာရှည်တာပဲကွာ ဆိုစိတ်မဆိုးလောက်ပါဘူးနော်...


သူမရဲ့ ဘွဲ့ ထူးကတော့ ပါးစပ်နဲ့ မဆန့် အောင်ပါပဲ...
သူမဟာ ကမ္ဘာ့ လျှာအရှည်ဆုံးပိုင်ရှင်လူသားပဲဖြစ်နေပါတော့ တယ်...
အသက် ၂၁ နှစ်အရွယ်ရှိ ရှနယ်တက်ပါ ဟာ လျှာအရှည် ၉.၇ စင်တီမီတာ ( ၃.၈၁ လက်မ ) ရှိတာမို့ (ပါးစပ်
အပြင်ဖက်ရောက်အောင်ထုတ်နိုင်တဲ့ လျှာအရွယ် အစားကိုတိုင်းတာဖြစ်မှာပါ...)ကမ္ဘာ့ ထူးဆန်းမှတ်တမ်း၊
ဂင်းနက်စ် အဖွဲ့ မှကမ္ဘာ့ လျှာအရှည်ဆုံးဘွဲ့ ကို တရားဝင်သတ်မှတ်၊ပေးအပ်ခဲ့ ပါတယ်...

အမေရိကန်နိုင်ငံ၊ ဟူစတန်မှ ရှနယ် ဟာ အသက် ၁၃ နှစ်အရွယ်ကတည်းက သူမရဲ့ ရှည်နိုင်လွန်းတဲ့ လျှာကို
ဗီဒီယိုကလစ်ရိုက်ပြီး ယူကျု ဗီဒီယိုမှာ တင်ပြီးကတည်းကနာမည်ကျော်ကြား၊ထင်ရှားလာခဲ့ တာဖြစ်ပါတယ်...
လွန်ခဲ့ သည့် စက်တင်ဘာလမှာတော့ ဂင်းနက်စ် မှတ်တမ်းအဖွဲ့ ကသူမကို လော့ စ်အိန်ဂျလိ သို့ ဖိတ်ကြား
ခဲ့ ပြီး သူမရဲ့ လျှာကိုတိုင်းတာခဲ့ ရာမှာ သူမကဲ့ သို့ လျှာရှည်မှတ်တမ်းပြိုင်ပွဲဝင်ခဲ့ သည့် တစ်ခြားအမျိုးသမီး
နှစ်ယောက်အား ကပ်ကာသီကာအနိုင်ရခဲ့ ကာ မှတ်တမ်းတင်နိုင်ခဲ့ ခြင်းဖြစ်ပါတယ်...

သူမအနေနှင့် သူမရဲ့ စံချိန်ချိုးနိုင်ခဲ့ တဲ့ လျှာကို နှစ်သက်ပါတယ်လို့ ဆိုခဲ့ ပါတယ်...
" ကျွန်မကတော့ အမြဲတမ်း မလိမ်မိုးမလိမ်မာနဲ့  နောက်ပြောင်နေတတ်တာပါပဲ...လူတွေကိုလျှာပဲထုတ်ပြ
နေချင်တာပါပဲ...အဲဒီအကျင့် က ကျောင်းနေကတည်းကစခဲ့ တာပါပဲ...လျှာရှည်လို့ လည်းစိတ်မညစ်ပါဘူး...
ပျော်စရာတောင်ကောင်းပါသေးတယ်..." လို့ သူမကဆိုပါတယ်...
ကျောင်းပြီးသွားယင်တော့ သူမအနေနှင့် ဟောလိဝုဒ်၊ ရုပ်ရှင်လောကမှ အခြေချမယ်လို့ ရှနယ် ကမျှော်မှန်း
ထားပါတယ်...

အဲဒီလျှာဖျားလေးနဲ့ လုပ်စားတော့ မယ်ပေါ့ ...အသည်းယားစရာဗျာ...
(ဟောလိဝုဒ်မှာ ရုပ်ရှင်ရိုက်မယ်ပေါ့ ...)

" ကျွန်မက ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ရတာကို နှစ်သက်ပါတယ်...ကျွန်မက ဇတ်လမ်းသဘောအရ
ပီပီပြင်ပြင်လုပ်နိုင်လိမ့် မယ်လို့ လည်းယုံကြည်တာမို့ သရုပ်ဆောင်၊ အနုပညာဓါတ်ခံပါရမီရှိနိုင်လိမ့် မယ်လို့ 
ထင်ပါတယ်...
ကျွန်မရဲ့ အကြိုက်ဆုံးသရုပ်ဆောင်ဖြစ်တဲ့ အဒမ်ဆန်ဒ်လား နဲ့ တွေ့ ဆုံနိုင်လိမ့် မယ်လို့ လည်းထင်ပါတယ်.."
လို့ သူမကပြောကြားခဲ့ ပါတယ်...

တော်တော်လျှာရှည်တဲ့ အမျိုးသမီးပဲ...

THIS woman's record is a bit of a mouthful — she's got the longest tongue in the world.

Chanel Tapper, 21, — who has a whopping 9.7cm tongue — has been officially certified by Guinness as having the world's longest licker.
Chanel, from Houston, US, shot to fame aged 13 when she was spotted sticking out her monster tongue in a YouTube video.
In September Guinness invited Chanel to Los Angeles where they measured her tongue and she narrowly beat two other female contenders to the record.
Student Chanel said she loves her record-breaking tongue.
She said: "I have always been silly and goofy. I love sticking my tongue out at people.
"I started doing that back in school. I've never had a problem with having a long tongue, it's just fun."
Chanel now has set her sights set on Hollywood after finishing her studies.
She said: "I'd love to be in a movie. I'm certainly pretty dramatic, so I think I could have the acting gift.
"Really, I'd love to meet Adam Sandler, he's my favourite."

Incredible ... Chanel has the world's longest tongue
Barcroft

2 comments:

Baby taster said...

လျှာရှည်လိုက်တာနော် ;P

Han Kyi said...

ဒီလျှာမျိုးနဲ့သာဆိုရင် ဖင်ကပ်ပဲကျန်တဲ့ လျက်ဆားပုလင်းထဲက လျက်ဆားကို အသာလေးလျက်ထုတ်လို့ ရပေသပေါ့ ကိုပီတာရေ...