Sunday, November 27, 2011

Rape victim's choice:12 yrs jail or marry rapist


ညီမ၀မ်းကွဲဖြစ်သူ၏ယောကျာင်္းမှအဓမ္မပြုကျင့် ခြင်းခံခဲ့ ရသည့် အာဖဂန်အမျိုးသမီးတစ်ဦးကသူမအနေဖြင့် 
ထိုမုဒိန်းပြုကျင့် သူအားလက်ထပ်ပေါင်းသင်းခြင်းမပြုပါက (ကျခံနေဆဲထောင်ဒါဏ်အပြင်) နောက်ထပ်
ထောင်ထဲတွင် ၁၂ နှစ်ထပ်မံနေရမည်ဖြစ်ကြောင်း ထိတ်လန့် အံ့ သြ၊ စက်ဆုပ်ဖွယ်ရာ အခြေအနေကိုထုတ်
ဖော်ပြောကြားခဲ့ ပါတယ်...
ဂါလ်နက်ဇ်အမည်ရှိအဆိုပါအမျိုးသမီးဟာ သူမအသက် ၁၉ နှစ်အရွယ်မှာပင် ထိုမုဒိန်းမှုအဖြစ်အပျက်ကို
တွန်းလှန်ကာကွယ်ရန်ကြိုးစားခဲ့ ပေမယ့် (မအောင်မြင်ခဲ့ပဲမုဒိန်းကျင့် ခံရပြီးနောက်) တရားရုံးမှ အိမ်ထောင်
ရေးဖောက်ပြန်မှုဖြင့် အပြစ်ရှိကြောင်းတရားရုံးမှ ဆုံးဖြတ်ကာ ပြစ်ဒါဏ်ကျခံခဲ့ ရခြင်းဖြစ်ပါတယ်...
ယခုအခါသူမဟာ ကဘူးမြို့ ရှိ ဘာဒမ်ဘာ့ ဂ် အကျဉ်းထောင်တွင်မုဒိန်းကောင်ကြောင့် ရသည့် ရင်သွေးငယ်
ဖြင့် အပြစ်ဒါဏ်ကိုကျခံနေရဆဲဖြစ်ပါတယ်...
ယခုထပ်မံ၍ပင်သူမအား အမျိုးသမီးတိုင်းပင်ထိုအခြေအနေ၊ရွေးချယ်မှုမျိုးဆိုပါက စက်ဆုပ်ရွံရှာဖွယ်ဖြစ်
မည့် သူမအားအဓမ္မကျင့် ကြံခဲ့ သူနှင့် လက်ထပ်ကာအတူနေရန် ရွေးချယ်ခွင့် ပေးထားခဲ့ ပြန်ပါတယ်...
အံ့ သြစရာမယုံကြည်နိုင်စွာပင် သူမကလည်း ထိုသို့ ပြုလုပ်ရန်သဘောတူခဲ့ ပါတယ်...
ကလေးငယ်အားပေါင်ပေါ်တွင်တင်ထားလျှက် မွတ်ဆလင်ဘာသာဝင်အမျိုးသမီးများဝတ်ရုံရသည့် မျက်နှာ
ဖုံးအုပ်ကာလျှက်ပင်သူမကယခုကဲ့ သို့ ရွေးချယ်မှုကသာလျှင် သူမအနေဖြင့် အကျဉ်းထောင်မှလွတ်မြောက်
နိုင်မှာဖြစ်ပြီး အိမ်ထောင်မရှိပဲ လိင်ဆက်ဆံမှုတည်းဟူသော သိက္ခာကျ၊ ဂုဏ်သရေမဲ့ ခြင်းမှရှောင်ရှားနိုင်
မှာလည်းဖြစ်သည်ဟု ရှင်းပြခဲ့ ပါတယ်...
သူမအတွက် ထိတ်လန့် ခြောက်ခြားဖွယ် ညအိပ်မက်ဆိုးများ စတင်ခဲ့ရသည့် သူမဘ၀အားအကြီးအကျယ်
ပြောင်းလဲစေခဲ့ သော လွန်ခဲ့ သည့် နှစ်နှစ်ကအဖြစ်အပျက်ကို သူမက ယခုလိုပြန်ပြောပြခဲ့ ပါတယ်...
သူမရဲ့ မိခင်ဖြစ်သူ ဆေးရုံသို့ ခဏသွားခိုက် ထိုမုဒိန်းကောင် အိမ်သို့ ရောက်ရှိလာခဲ့ ကြောင်း၊ ထိုသူဟာသံ
တိုသံစများနှင့်ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူအလုပ်သမားတစ်ယောက်ဖြစ်တာမို့ အ၀တ်အစားများက
လည်း စုတ်စုတ်ပြတ်ပြတ်၊ညစ်ပါတ်ပေရေနေခဲ့ ကြောင်း၊ သူကပြတင်းပေါက်များနှင့် တံခါးမကိုပိတ်ခဲ့ လိုက်
ကြောင်း၊ သူမအော်ဟစ်ငိုယိုခဲ့ ပေမယ့် သူက ပါးစပ်ကိုလက်များဖြင့် ပိတ်ခဲ့ တယ်လို့ သူမက စီအန်အန် သ
တင်းဌာနရဲ့ အထူးတွေ့ ဆုံမေးမြန်းခန်းအစီအစဉ်တစ်ခုမှာပြောကြားခဲ့ ပါတယ်...

Gulnaz is in Kabul's Badam Bagh jail, serving out her sentence with her rapist's child
Gulnaz is in Kabul's Badam Bagh jail, serving out her sentence with her rapist's child

 ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက်မှာတော့ သူမဟာတတ်နိုင်သလောက်ဖုံကွယ်ဖို့ ကြိုးစားခဲ့ ပါသေးတယ်..
သို့ သော်လည်း သူမဟာကိုယ်ဝန်ရှိသည့် လက္ခဏာများအဖြစ် နံနက်ပိုင်းမူးဝေအော့ အန်ခြင်းများဖြစ်ခဲ့ ပါ
တော့တယ်...
သူမအား သနားကရုဏာဖြစ်ရမည့် အစား တရားရုံတင်စွဲဆိုကာပြစ်ဒါဏ်ချမျတ်ခဲ့ကြတာဖြစ်ပါတယ်...
သို့ သော်လည်းယခုကဲ့သို့ ထောင်မှလွတ်မြောက်ရန် ရေးချယ်နိုင်မည့် အခွင့် အလမ်းပေးသည့် အပေါ် ကံ
ကောင်းထောက်မမှုတစ်ရပ်အဖြစ် သူမက ၀မ်းသာကျေနပ်ခဲ့ ပါတယ်...
သူမကဲ့ သို့ အခြေအနေမျိုးဖြစ်ခဲ့ ကြရသည့်တစ်ခြားအမျိုးသမီးများဆိုလျှင် မိသားစု၊ ရပ်၇ွာအသိုင်းအ၀ိုင်း
တွင် အရှက်ရစေမှုဖြင့် သတ်ဖြတ်ခြင်းခံကြရပါတယ်...
ယခုတော့ သူမအား ကြံစည်ပြုကျင့် သူအားလက်ထပ်ပေါင်းသင်းခြင်းဖြင့် သူမ၏ဂုဏ်သိက္ခအားပြန်လည်အ
ဖတ်ဆယ်နိုင်မည့် အပြင် ကလေးငယ်အတွက်လည်း မိသားစုအဖြစ်နေထိုင်နိုင်ခွင့် ရရှိစေမှာဖြစ်ပါတယ်..


"အဲဒီလူကိုလက်ထပ်ပေါင်းသင်းကာ ထောင်ကနေလွတ်ပြီးဘ၀အသစ်တစ်ခုပြန်စချင်ပါသလားလို့ သူတို့ က
(အာဏာပိုင်တွေက) ကျွန်မကိုမေးခဲ့ ကြပါတယ်...
ကျွန်မသမီးလေးက အပြစ်မဲ့ တဲ့ သနားစရာကလေးငယ်ဖြစ်ပါတယ်...ကျွန်မဒီလိုအဖြစ်မျိုးနဲ့ ရင်သွေးငယ်
တစ်ယောက်ရခဲ့ လိမ့် မယ်လို့ ဘယ်သူကမျှော်လင့် ခဲ့ မိမှာလည်း...လူတွေကသမီးလေးမွေးပြီးယင် သူများ
ကိုပေးပစ်လိုက်ပါလားလို့ ပြောကြပါသေးတယ်...ဒါပေမယ့် ကျွန်မအအဒေါ်က ကျွန်မမှာအပြစ်မရှိကြောင်း
သက်သေပြတဲ့ အနေနဲ့ သမီးငယ်လေးကို ဆက်ပြီးထားဖို့ ပြောခဲ့ ပါတယ်...
ဂါလ်နက်ဇ်ကိုအဓမ္မပြုကျင့် ခဲ့ သည့် မုဒိန်းကောင်ကို မြို့ တစ်ဖက်ခြမ်းရှိအကျဉ်းထောင်မှာရှိနေတာကို စီ
အန်အန် သတင်းဌာနက ခြေရာခံရှာဖွေနိုင်ခဲ့ ပါတယ်...
သူမကိုအဓမ္မပြုကျင့် ခဲ့ တာကို ၎င်းကငြင်းဆိုခဲ့ ပြီး သူမအနေနှင့် ထောင်ကထွက်လာခဲ့ လျှင်လည်း ၇န်ရှာခံ
ရဖွယ်ရှိကြောင်းတော့ ပြောကြားခဲ့ ပါတယ်...
ဒါပေမယ့် အဲဒီလိုသူမကိုရန်ရှာပြီးသတ်ပြစ်မှာကလည်း သူမရဲ့ မိသားစုဖြစ်ပြီး သူ့ ရဲ့ မိသားစုကတော့ ဘာမှ
လုပ်မှာမဟုတ်ပါဘူးလို့ သူကဆက်ပြောခဲ့ ပါတယ်...
သို့ သော်လည်း ဂါလ်နာက်ဇ် ရဲ့ ကြမ္မာငင်ခဲ့ ရတဲ့ အဖြစ်ဆိုးကိုတော့ နိုင်ငံတစ်ကာက သိရှိ၊ သတိပြုမိသွားခဲ့ 
ပါပြီ...

ဥရောပသမဂ္ဂ မှလည်း သူမနှင့် သူမကဲ့ သို့ အဖြစ်မျိုးကြုံတွေ့ ခဲ့ ရသည့် အခြားအမျိုးသမီးများအားတွေ့ ဆုံ

မေးမြန်းပြီး မှတ်တမ်းတင်ရိုက်ကူးရန်အဖွဲ့ တစ်ခုအား တစ်စိတ်တစ်ပိုင်းငွေကြေးထောက်ပံ့ ခဲ့ပြီးနောက် ထို
မှတ်တမ်းမှတ်ရာများမြင်တွေ့ ခဲ့ ရပြီးနောက်တွင်တော့ ထိုကိစ္စအားရပ်တန့် ရန်ဆုံးဖြတ်ခဲ့ ပါတယ်....
၎င်းတို့ အနေဖြင့် ထိုမှတ်တမ်းရုပ်ရှင်တွင်ပါဝင်ခဲ့ သည့် အမျိုးသမီးများ၏ လုံခြုံရေးအတွက်စိုးရိမ်မကင်းဖြစ်
မိကာ သူမတို့ အပေါ် ရက်စက်စွာတုံ့ ပြန်မှုများပေါ်ပေါက်လာနိုင်တယ်လို့ အီးယူကပြောကြားခဲ့ ပါတယ်...

မှတ်တမ်းတင်ရိုက်ကူးသူများကတော့ အီးယူအနေဖြင့် အာဖဂန်နိုင်ငံမှ တရားစီရင်ရေးဆိုင်ရာအဖွဲ့ အစည်း
(အစိုးရအဖွဲ့ အစည်း) နှင့် ဆက်ဆံရေးမထိခိုက်စေခြင်းကအဓိကအကြောင်းအချက်ဖြစ်စေတယ်လို့ သံသ
ယရှိခဲ့ ကြပါတယ်...

သူ့ အရပ်နဲ့ သူ့ ဇတ်ကတော့ ဟုတ်နေတာပဲလို့ ဆိုရပေမယ့် တရားဥပဒေစိုးမိုးရေးဟာဘယ်လောက်အရေး
ကြီးတယ်ဆိုတာလည်း အမှန်ပါပဲ...
ထိုဒေသ၊ ယဉ်ကျေးမှုရှိတဲ့ နိုင်ငံများက အမျိုးသမီးများရဲ့ ဘ၀ကတော့ တစ်ကယ့် ကိုရင်နင့် ကြေကွဲစရာပါ
ပဲ....

An Afghan woman raped by her cousin’s husband has revealed how she is faced with a horrific dilemma – marry him or spend the next 12 years in jail.

Gulnaz was aged just 19 when she was convictedby a court of adultery, even though she tried to prevent the attack.

Now she is in Kabul's Badam Bagh jail, serving out her sentence with her rapist’s child.
But now she has been given an option that most women would consider nothing less than repulsive - starting a new life with the man who attacked her.

And, even more incredibly, she is willing to.
Dressed in a veil, with her baby in her lap, Gulnaz explained how it was the only way out of jail, and the only way around the dishonour of having sex outside marriage.
She recalls the day that changed her life two years ago, which began her long nightmare.
Her assailant arrived at the house when her mother left for a brief visit to the hospital.

"He had filthy clothes on as he does metal and construction work," she told CNN in an exclusive interview. "He closed doors and windows. I started screaming, but he shut me up by putting his hands on my mouth," she said.

After the attack, she hid what happened as long as she could. But soon she began showing the signs of morning sickness.

She received not sympathy but prosecution. But she appreciates she is lucky to get a second chance. Many women in her position have been killed, for the shame such incidents bring on the community.

Now, if she marries her attacker she has a chance to restore her honour and to give her child a family.

"I was asked if I wanted to start a new life by getting released, by marrying this man."

"My daughter is a little innocent child. Who knew I would have a child in this way. A lot of people told me that after your daughter's born give it to someone else, but my aunt told me to keep her as proof of my innocence."
CNN tracked down Gulnaz's rapist in a jail across town.

He denied raping her, but agreed that she would be a likely target if she got out of jail. He insists that it will be her family, not his, that will kill her.

But Gulnaz's plight has found international attention.

The European Union part-funded the team of documentary makers who interviewed her and other women facing a similar plight but have decided to spike the project after watching it.

The EU said it was concerned about the safety of the women in the film, saying they could be subject to reprisals.

The film-makers however suspect that the EU might also be motivated by its sensitive relationship with Afghan justice institutions.
Source: Daily Mail, UK

2 comments:

myashweyee said...

သူတို့နိုင်ငံမှာ လူသွားမဖြစ်တာ ကံကောင်းတယ်

925 said...

တော်တော်ကျက်သရေတုံးတဲ့ ဥပဒေ ပဲ !!!