Beggar found living in 5-star hotel

Friday, September 17, 2010


ကြယ်ငါးပွင့် ဟိုတယ်မှားတည်းတဲ့ သူတောင်းစား... 

ညစာကို အခန်းထဲကို မှာစားမယ်...

မကြာသေးခင်ကာလက ဒူဘိုင်းတွင်ဖမ်းဆီးခဲ့သည့် သူတောင်းစားတစ်ဦးဟာ ကြယ်ငါးပွင့် အဆင့် ရှိဟို
တယ်တစ်ခုမှာ တည်းခိုနေထိုင်လျှက်ရှိတာကို တွေ့ ရှိခဲ့ ကြရပါတယ်...
၎င်းကို ယခင်ကလည်း တောင်းစားမှုဖြင့် ပြန်လည်နှင်ထုတ်ခဲ့ ရပြီး ယခုလိုတောင်းစားခြင်းဖြင့် ငွေကြေးအ
မြောက်အများရရှိပြီး ၀င်ငွေကောင်းတာကြောင့် ဒူဘိုင်းကိုပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်...
 
သူတောင်းစားလုပ်ငန်းဟာ ပင်လယ်ကွေ့ နိုင်ငံမှာ အတော်ဝင်ငွေဖြောင့် ဖြူးတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တယ်
ဆိုတာ ရဲတပ်ဖွဲ့ အနေနှင့် မကြာသေးခင်ကမှ သိရှိခဲ့ ကြတာဖြစ်ပါတယ်...
မကြာမြင့် မီကာလက ၎င်းတို့ ဖမ်းဆီးရမိခဲ့ တဲ့ သူတောင်းစားတစ်ဦးဟာ ဒူဘိုင်းရဲ့ အဆင့် မြင့် ကြယ်ငါးပွင့် 
ဟိုတယ်တစ်ခုမှာ တည်းခိုနေထိုင်လျှက်ရှိတယ်ဆိုတာကို ဒူဘိုင်းရဲတပ်ဖွဲ့ ကမ္ဘာလှည့် ခရီးသွား လုံခြုံရေးဌာ
န အကြီးအကဲ ရဲမှူးကြီး မိုဟာမက်ရာရှစ်အယ်လ်မူဟိုင်ရီ ကပြောကြားခဲ့ ခြင်းဖြစ်ပါတယ်...
အဆိုပါ အာရှနိုင်ငံသား ( အများအားဖြင့် အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလာဒေ့ ရှ် နိုင်ငံသားများကို
ရည်ညွှန်းပါတယ်...) သူတောင်းစားကို ယခင်ကလည်းဖမ်းဆီးပြီးနှင်ထုတ်ခဲ့ ပေမယ့် တောင်းစားခြင်းဖြင့် ဝင်
ငွေကောင်းလှတာမို့ ပြန်လည်ရောက်ရှိလာတာပါလို့ အဆိုပါ ရဲမှူးကြီးက ဒူဘိုင်းထုတ် Khaleej Times သ
တင်းစာကိုပြောပြခဲ့ တယ်လို့ အဆိုပါသတင်းစာက ဖေါ်ပြခဲ့ ပါတယ်...

အင်း...
အထူးသဖြင့် အစ္စလာမ်ဥပုတ်လ ရာမာဒန် အတွင်းမှာ တောင်းစားတဲ့ သူတွေပိုများပါတယ်...
ကျွန်တော်တောင် တစ်ခါက မက်ထရိုဘူတာတစ်ခုမှာ အိန္ဒိယ၊ သို့ မဟုတ်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ ရှ်
ကုလားတစ်ယောက် ရှပ်အင်္ကျီလက်ရှည်နဲ့ ဖုံးထားတဲ့ သူ့ လက်က အနာကြီးကို လှစ်ပြပြီး ငိုယိုကာ ပိုက်
ဆံတောင်းလို့ သနားပြီးပေးလိုက်ပါသေးတယ်...

ဟိုတယ်ကိုလာတည်းတဲ့ သူတွေထဲမှာ သူတောင်းစား ဘယ်နှစ်ယောက်တောင်များရှိခဲ့ သလဲမသိဘူး...

A beggar who was recently arrested in Dubai was found to be staying  in a five star hotel. He had apparently been deported before but returned because if the high income he could earn from begging there.
Begging seems to be a lucrative business in the Gulf as local police found out recently.
A beggar who was recently arrested was found to be staying in a five star hotel in Dubai, Major Mohammad Rashid Al Muhairi, director of Dubai police tourist security said.
According to the Khaleej Times, Al Muhairi said the man, described as 'Asian' had been deported earlier, but returned because of the high income he could earn from begging, according to the Khaleej Times.
Al Muhairi was quoted as saying that as many as 360 people had been arrested in the city during Ramadan and Eid.
He said, most of the people arrested for begging were foreigners on visit visas, with the majority of them being Asians followed by Arabs.
Source: Agencies

9 comments:

စူး said...

သူတောင်းစားဝင်ငွေတကယ်ကောင်းတာ.. သိတယ်ဗျ
မြန်မာပြည်မှာတုန်းက အဘိုးတွေနေတဲ့ရပ်ကွက်မှာ အတော်အသင့်ချမ်းသာတဲ့ သူဌေးတဦးရှိတယ်။ အမယ် မိန်းမတောင်၂ယောက်နဲ့ဗျ။ ကလေးတွေလဲရှိတယ်။
အိမ်မှာအစုံပဲရှိတာတဲ့ ခြေထောက်နှစ်ဖက်ကသိမ်နေတာ..
အဲဒါမနက်ဆို ထွက်ပီမိသားစုစုံလင်စွာ..အဲဒါကြားလို့ ၀င်ငွေကောင်းလိုက်တာဆိုပီး သူငယ်ချင်းတွေကိုတောင်ပြောပြဖြစ်သေးတယ်။

ရွှေရတုမှတ်တမ်း said...

အဲဒါကြောင့် 5 stars Hotel တွေ မတည်းတာ...
သူတောင်းစားတွေ ရှုတ်ရှုတ်ရှက်ရှက်နဲ့...မတည်းချင်ပေါင်.....

Anonymous said...

ကိုကြီးမွေးနေ့ မှာပျော်ရွှင်ပါစေနော်...

ညီမလေးလည်းစဉ်းစားနေတာ အရင်းနည်းပြီးအမြတ်များတဲ့စီးပွားရေးကိုစဉ်းစားနေတာ...တောင်းစားတာပဲကောင်းပါတယ်...

အကိုကြီးရယ်ကျန်းမာပါစေ။ချမ်းသာပါစေ.ဒီကခင်နှမကိုIphone လေးပဲသနားခဲ့ပါနော် ....

ကိုဇော် said...

သြ..ဒီလို အဖြစ်မျိုးတွေ ရှိသလား...

မွေးနေ့လို့ ကြားလိုက်တယ်..
ကိုပီတာ ၇၅ နှစ်ပြည့်မွေးနေ့ဆို ဟုတ်လား..
Happy Birthday ပါဗျာ။

Unknown said...

Happy Birthday U perty

ဆွေလေးမွန် said...

Happy Birthday ပါကိုပီတာ
ပို့တွေအကုန်လုံး ဖတ်ဖြစ်ပါတယ်။ ခုတော့ မွေးနေ့ဆိုလို့
ဆိုတောင်းပေးခဲ့တာပါ။
ယနေ့မှစပြီး နောင်လာမယ့် နှစ်များစွာမှာ စိတ်၏ ချမ်းသာချင်း ကိုယ်၏ချမ်းသားချင်း နှင့် ပြည့်စုံပါစေ ရှင်။

ဆောင်း said...

အင်ဂလန်မှာဆိုရင် တချို့  ၀န်ထမ်း တွေ အလုပ်က အပြန် လမ်းမှာ အခင်းလေး ချ တောင်း စားနေကြသတဲ့ အချိန်ပိုင်း ရုံးချိန်အပြင် M-F နဲ့  SS တနေကုန် တောင်းစားတာ တနစ် လခ ၂၀၀၀၀ တောင်ကျော်သတဲ့

ဒီအလုပ်က စဉ်းစားစရာ ဖြစ်နေပြီ

JulyDream said...

ဟိုက်ရှားဘား လို့ပဲ အာမေဋိတ်ပြုလိုက်ပါရစေ...

လင်းကြယ်ဖြူ said...

Happy Birthday U Pe...
Have Fun..