အိန္ဒိယက ဇတ်နိမ့် ဇတ်မြင့် ပြဿနာ...
အိန္ဒိယနိုင်ငံမှရဲတပ်ဖွဲ့ ဝင်များဟာ ဇတ်မြင့် သည့်လူများပိုင်သည့်ခွေးတစ်ကောင်ကို အစာကျွေးမိသည့် ဇတ်
နိမ့် ဒါလစ် အနွယ်ဝင်အမျိုးသမီးတစ်ဦးအား ထိုသို့ ပြုမိသည့် အတွက် လျော်ကြေးငွေပေးဆောင်စေဖို့ စေ
ခိုင်းခဲ့ သည်ဟုဆိုသောဖြစ်ရပ်တစ်ခုအား စုံစမ်းစစ်ဆေးလျှက်ရှိပါတယ်...
ကျေးရွာကောင်စီလူကြီးများက ဇတ်မြင့် များပိုင်သည့် ခွေးကို အစာကျွေးခဲ့ မှုကြောင့် ထိုခွေးကို ပိုင်ရှင်များ
ကမောင်းထုတ်ခဲ့ လိုက်ပြီးနောက် သူမကို လျော်ကြေးငွေ ရူပီး ၁သောင်း ၅ ထောင်ပေးဆောင်စေခဲ့ တယ်
လို့ ဆိုပါတယ်...
အဆိုပါခွေးဟာသူတို့ အတွက် ( ဇတ်မြင့် ပိုင်ရှင်တွေအတွက် ) ထိလို့ ကိုင်လို့ မရတော့ ဘူး ( ဇတ်နိမ့် တစ်
ယောက်က ခွေးကိုအစာကျွေး၊ ထိကိုင်ခဲ့ မိလို့ ) လို့ ဆိုခဲ့ ပြီး အခုလိုဖြစ်ရတာကတော့ ဇတ်အနိမ့် အမြင့် ခွဲ
ခြားမှုကြောင့် မဟုတ်ရပါဘူးလို့ ငြင်းဆန်ခဲ့ ကြပါတယ်...( ဒါဆိုဘာကြောင့် ပါလဲ...)
ယခုလို ဇတ်အနိမ့် အမြင့် ခွဲခြားမှုဟာ နေရာအနှံ့ အပြားမကြာခဏဖြစ်ပွားနေခဲ့ ပေမယ့် အိန္ဒိယနိုင်ငံမှာ
တော့ အဆိုပါ ဒါလစ်ဇတ်နိမ့် များကို ခွဲခြားဆက်ဆံခြင်းဟာ ပြစ်မှု၊ ဥပဒေကျူးလွန်ခြင်းတစ်ခုဖြစ်တယ်လို့ 
ဆိုပါတယ်...
အဆိုပါအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ မတ္တရာပရာဒေ့ ရှ်ပြည်နယ် အလယ်ပိုင်း၊ မိုရီနာ ဒေသရှိ မာလီပူရ်
ရွာကလေးမှာ ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်...
" ကျွန်မက ရိုတီပလာတာတစ်ချို့ ပြုလုပ်ချက်ပြုတ်ပြီး လယ်ထဲမှာ အလုပ်လုပ်နေတဲ့ ခင်ပွန်းဖြစ်သူထံကို
သွားပို့ ခဲ့ ပါတယ်..." လို့ ဒါလစ်ဇတ်နိမ့် အမျိုးသမီး ဆူနီတာဂျာတက်ဗ် ကပြောကြားခဲ့ ပါတယ်...
" သူအလွန်စိတ်ဆိုးဒေါသထွက်သွားပြီးနောက် နင်ကငါ့ ခွေးကိုအစာကျွေးခဲ့ လို့ အခုတော့ ဒီခွေးကို ငါတို့ 
ထိလို့ မရတော့ ဘူးလို့ ဆိုခဲ့ပါတယ်..." လို့ သူမကရှင်းပြခဲ့ ပါတယ်...
ခွေးပိုင်ရှင်ဖြစ်သူ အမ်ရူတယ်လ်ကီရာရီ က သူမခွေးကိုအစာကျွေးနေခဲ့ တာကိုမြင်တွေ့ ခဲ့ ပါတယ်လို့ ဆိုခဲ့ 
ပါတယ်...
ခွေးအစာကျွေးမိလို့ ခွေးပါဇတ်နိမ့် သွားခဲ့ ရပါတယ်တဲ့ ...
မစ္စတာကီရာရီ ဟာ ရှီရူးလို့ အမည်ရှိတဲ့ မွန်ဂရယ်မျိုး ခွေးကိုသူမရဲ့ အိမ်အပြင်က တိုင်တစ်တိုင်မှာ ကြိုးနဲ့ 
ချီထားပြီး စွန့် ပစ်ထားခဲ့ ပါတယ် လို့ မစ္စက်ဂျတက်ဗ် ကပြောကြားခဲ့ ပါတယ်...
လွန်ခဲ့ တဲ့ တနင်္လာနေ့ မှာတော့ ကျေးရွာကောင်စီလူကြီးများဟာ စုဝေးတိုင်ပင်ကြပြီး ခွေးရှီရူး ဟာဇတ်ပျက်
သွားပြီလို့ ဆုံးဖြတ်ခဲ့ ပြီး ပိုင်ရှင် မစ္စတာကီရာရီ အနေနှင့် လျော်ကြေးငွေ ရူပီး ၁၅၀၀၀ ရထိုက်တယ်လို့ ဆုံး
ဖြတ်ခဲ့ ကြတယ်လို့ မစ္စက် ဂျတက်ဗ် ကပြောဆိုခဲ့ ပါတယ်...
အင်္ဂါနေ့ မှာတော့ သူမဟာ ခရိုင်အ၇ာရှိဆီကိုသွားရောက်တွေ့ ဆုံတိုင်ကြားခဲ့ လို့ ထိုသူက စုံစမ်းစစ်ဆေးဖို့ 
အမိန့် ပေးခဲ့ တာဖြစ်ပါတယ်...
ထိုဒေသမှ ရဲအရာရှိကြီး ဘယ်လ်ဒက်ဗ်ဆင်း ကတော့ ၎င်းအနေနှင့် ထိုကိစ္စကိုဆက်လက်စုံစမ်းနေပါတယ်
လို့ ဆိုခဲ့ ပါတယ်...
ခွေးပိုင်ရှင် မစ္စာကီရာရီက သူ့ ခွေးဟာထိုပလာတာ ကိုစားခဲ့ ပြီး နေမကောင်းဖြစ်ခဲ့ တယ်လို့ စွပ်စွဲပြောဆို
ခဲ့ တယ်လို့ ၎င်းရဲအရာရှိကဆိုပါတယ်...
ထို့ နောက်သူဟာ ခွေးကို ထိုအမျိုးသမီးအနေနဲ့ ပြန်လည်နေကောင်းလာအောင်စောင့် ရှောက်နိုင်ဖို့ ထိုအ
မျိုးသမီးရဲ့ အိမ်ရှေ့ မှာသွားရောက်စွန့် ပစ်ထားခဲ့ ပါတယ်...
အိန္ဒိယနိုင်ငံမှာတော့ ဒါလစ်ဇတ်နိမ့် များဟာ ယခင်ကဆိုလျှင် မထိရ၊ မကိုင်ရသည့် အထိခွဲခြားဆက်ဆံခံ
ကြရတဲ့ အနိမ့် ဆုံးဇတ်နိမ့် များဖြစ်ပါတယ်....
အဆိုပါဒါလစ်များဟာအိန္ဒိယနိုင် လူဦးရေရဲ့ ၂၀ ရာခိုင်နှုံးရှိပြီး အစိုးရအနေနှင့် ဇတ်အနိမ့် အမြင့် ခွဲခြားဆက်
ဆံခြင်းကိုတားမြစ်သည့် ဥပေဒအမျိုးမျိုးထုတ်ပြန်ခဲ့ ပေမယ့် အခြေအနေကတော့ ထူးထူးခြားခြားတိုးတက်
ပြောင်းလည်းလာခြင်းမရှိပါဘူး...
ဥပဒေအရတော့ ဇတ်အနိမ့် အမြင့် ခွဲခြားဆက်ဆံခြင်းဟာ ဥပဒေကျူးလွန်ခြင်းဖြစ်ပြီး အပြစ်ပေးနိုင်တယ်လို့ 
ဆိုပါတယ်...
ဇတ်နိမ့် နဲ့ ဇတ်မြင့် လူငယ်လေးတွေ၊ အမျိုးသားအမျိုးသမီးတွေ ချစ်ကြ၊ ကြိုက်ကြ၊ ယူကြလို့ ရွာသူရွာသား
တွေက၀ိုင်းဝန်းပြီး အပြစ်ပေးကြ၊ သတ်ကြဖြတ်ကြတာတွေလည်းရှိပါတယ်...
နီပေါမှာလည်း ထိုသို့ ဇတ်အနိမ့်အမြင့် ခွဲတာရှိပါသေးတယ်...
ယခင်ကလုပ်ဖော်ကိုင်ဖက်မိတ်ဆွေတစ်ဦးဆိုလျှင် ဇတ်နိမ့် ဖြစ်လို့ သူတို့ နီပေါနိုင်ငံသားအချင်းချင်းပင် သိပ်
ပြီး အပေါင်းအသင်းအဆက်အဆံမလုပ်ပါဘူး...
သူလည်း အဲဒါကြောင့် ထင်ပါတယ်...ခရစ်ယာန်ဘာသာထဲဝင်ခဲ့ တယ်လို့ ဆိုပါတယ်...
Police in India are investigating claims that a Dalit woman has been ordered to pay compensation to the high-caste owners of a dog she fed.
The woman says the village council wants her to pay a fine of 15,000 rupees ($330) for feeding the dog, which the owners have now kicked out. They are reported to have said the dog is "untouchable", but deny being motivated by caste considerations. Although widespread, discrimination against Dalits is an offence in India.
The incident took place in Malikpur village in Morena district in central Madhya Pradesh state. "I made some roti [Indian bread] and took it to my husband who works in a farm. After I had fed him, we had some leftovers which I gave to the dog," the Dalit woman, Sunita Jatav, said. She said the owner of the dog, Amrutlal Kirari, saw her feeding him. "He got very angry and said 'You've fed my dog, it has become an untouchable now'."
Mrs Jatav said Mr Kirari left the dog, a black mongrel called Sheru, tied to a pole outside her house. On Monday, the village council met and decided that Sheru had been defiled and hence Mr Kirari should be paid 15,000 rupees as compensation, Mrs Jatav alleged. On Tuesday, she approached the district collector of Morena who ordered an inquiry into the incident. Senior police officer in the area, Baldev Singh, said that he was investigating the matter. He said Mr Kirari had alleged that after eating the bread, Sheru fell ill.
Mr Kirari said he abandoned the dog at Mrs Jatav's house so she could look after it and nurse it back to health, Mr Singh added. Dalits - formerly untouchables - are considered at the bottom of the Hindu caste system. Dalits, who make up nearly 20% of the Indian population, say little has changed despite the government enacting various laws banning caste-based discrimination. Any discrimination against them is an offence and punishable by law.
0 comments:
Post a Comment