The Guoliang Tunnel in Taihang mountains (China)

Thursday, September 30, 2010
တရုတ်နိုင်ငံမှ ဂိုလျန်းလှိုဏ်ဂူ ကားလမ်း...


တရုတ်နိုင်ငံမှ ဂိုလျန်းလှိုဏ်ဂူကားလမ်းဟာ ထိုဒေသရှိကျေးရွာတစ်ရွာမှရွာသားများကိုယ်တိုင် အပင်ပန်း
ဆင်းရဲခံကာတည်ဆောက်ခဲ့ သည့် ဂုဏ်ယူအားကျဖွယ် အလွန်းကောင်းသည့် ကမ္ဘာ့ အံ့ ဖွယ် တောင်ပတ်
လှိုဏ်ဂူလမ်းဖြစ်ပါတယ်...
၁၉၇၂ ခုနှစ်မတိုင်မီအထိ ကျောက်တောင်နံရံပေါ်မှာ ထွင်းထုဖောက်လုပ်ထားတဲ့ လမ်းလေးတစ်ခုသာ ထို
ရွာကလေး၏ တစ်ခုတည်းသော ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရာလမ်းကြောင်းဖြစ်နေခဲ့ ပါတယ်...
၎င်းနောက်တော့ ရွာသားတွေဟာ ကျောက်ဆောင်ကျောက်စွန်းတွေကိုဖြတ်ပြီး ဥမင်လှိုင်ခေါင်းတူးကာလမ်း
ဖောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ လိုက်ကြပါတယ်...
( နောင်လာနောက်သားမျိုးဆက်သစ်များအတွက် ကြီးမားတဲ့ ပေးဆပ်မှုကြီးပါပဲ...)
ရွာအကြီးအကဲ ရှန်းမင်ရှင်း ဦးဆောင်ပြီး ရွာသားတွေဟာ လမ်းဖောက်လုပ်ရာမှာ လိုအပ်မယ့် တူတွေ၊ သံ
တူရွင်းတွေ စတဲ့ သံထည်ပစ္စည်းတွေဝယ်ယူဖို့ အတွက် ပိုင်ဆိုင်သည့် ဆိတ်များ၊ သီးနှံများကိုရောင်းချခဲ့ကြ
ရပါတယ်...
ကျန်းမာသန်စွမ်းတဲ့ ရွာသား ဆယ့် သုံးဦးကနေ ထိုဥမင်လမ်းဖောက်လုပ်ရေးစီမံကိန်းကိုစတင်ခဲ့ ကြတာဖြစ်
ပြီး အမြင့်  ၅ မီတာ ( ၁၆ ပေခွဲခန့် ) ၊ အကျယ် ၄ မီတာ ( ၁၃ ပေ ) ၊ အရှည် မီတာ ၁၂၀၀ ( ပေပေါင်း  ၃၉၃၇ ပေ) ရှိတဲ့ လမ်းကို ငါးနှစ်ကြာ ဖောက်လုပ်ခဲ့ ကြရပါတယ်...
လမ်းဖောက်လုပ်စဉ်ကာလအတွင်း အချို့ သောရွာသားများဟာ အသက်ဆုံးရှုံးခဲ့ ကြရပါတယ်...
၁၉၇၇ ခုနှစ်၊ မေလ ၁ ရက်နေ့ မှာတော့ ထိုဥမင်လှိုင်ခေါင်းကို သွားလာအသုံးပြုနိုင်ဖို့ စတင်ဖွင့် လှစ်ခဲ့ ပါ
တယ်...

အများအကျိုးအတွက် ဇွဲလုံ့ လ၊ ၀ီရိယကြီးစွာနဲ့ ဆင်းရဲပင်ပန်းစွာ ကြိုးစားအားထုတ်ခဲ့  ကြတဲ့ တရုတ်ကျေး
ရွာလေးတစ်ရွာမှ ရွာသားများကို လေးစားဂုဏ်ယူမိပါတယ်...
ဘယ်သူမှမလုပ်ပေးချင်နေ ကိုယ့် ဘာသာကိုယ်ဖန်တီးယူမယ်ဆိုတဲ့ စိတ်ဓါတ်ကို အားကျအတုယူကြရမှာ
ပါပဲ...

အဆိုပါလမ်းကို အင်တာနက်စာမျက်နှာများမှာ ဘိုလီဗီးယားနိုင်ငံမှ လမ်းဆိုပြီးမှားယွင်းစွာဖော်ပြထားတတ်
ကြပါတယ်...
အမှန်ကတော့ တရုတ်ပြည်မှာရှိတာဖြစ်ပါတယ်...

The Guoliang Tunnel in Taihang mountains (China) has been built by villagers themselves, which is an inspiring story in itself. Before 1972, the path chiseled into the rock used to be the only access linking the village with the outside world. Then the villagers decided to dig a tunnel through the rocky cliff.
Led by Shen Mingxin, head of the village, they sold goats and herbs to buy hammers and steel tools. Thirteen strong villagers began the project. It took them five years to finish the 1,200-metre-long tunnel which is about 5 meters high and 4 meters wide. Some of the villagers even gave their lives to it. On May 1, 1977, the tunnel was opened to traffic."
























4 comments:

စူး said...

အများအကျိုးအတွက် ဇွဲလုံ့ လ၊ ၀ီရိယကြီးစွာနဲ့ ဆင်းရဲပင်ပန်းစွာ ကြိုးစားအားထုတ်ခဲ့  ကြတဲ့ တရုတ်ကျေး
ရွာလေးတစ်ရွာမှ ရွာသားများကို လေးစားဂုဏ်ယူမိပါတယ်...
ဘယ်သူမှမလုပ်ပေးချင်နေ ကိုယ့် ဘာသာကိုယ်ဖန်တီးယူမယ်ဆိုတဲ့ စိတ်ဓါတ်ကို အားကျအတုယူကြရမှာ
ပါပဲ...

very good. Appreciated to those villagers.

hninhnin said...

I salute all the villagers who still alive n dead.Tks for sharing but don't let ABAs from shwe pyi gyi know.

ဟိန်းတင့်ဇော် said...

လေးစားသောစိတ်ဖြင့် ဖတ်မှတ်သွားပါကြောင်း ကိုပီတာ ခင်ဗျား.......

JulyDream said...

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလားလို့ အကြိမ်ကြိမ် ပြန်မေးရမယ့် အကြောင်းကိစ္စတွေ ရှိနေတဲ့အချိန်မှာ အခုလို တောင်ပတ်ကားလမ်း ဖောက်ခဲ့တဲ့ ရွာသားတွေကို သတိရလိုက်ပါ။