Limbless man swims Channel

Tuesday, September 21, 2010

လက်ခြေမရှိတဲ့ လူက ရေလက်ကြားကိုဖြတ်ကူး...

Philippe Croizon /PA 
တက်ကျိုးပေမယ့် လက်ထိုးလှော်မယ်...

လက်ခြေများပြတ်ခဲ့ ရသည့် ပြင်သစ်အမျိုးသားတစ်ဦးဟာ အင်္ဂလိပ်ရေလက်ကြားကို အောင်မြင်စွာရေကူး
ဖြတ်သန်းနိုင်ခဲ့ ပါတယ်...( ရေလက်ကြားဆိုလို့ ကျဉ်းကျဉ်းလေးမထင်ပါနဲ့ ဗျာ...၂၂ မိုင်ကျယ်ပါတယ်...)
အသက် ၄၂ နှစ်ရှိ ဖိလစ်ခရွိုင်ဇွန် ဟာ ကင့် အရပ် ဖို့ စတုန်းနေရာကနေ ကက်ပ်ဂရီးနက်ဇ် နေရာကို ၁၃ 
နာရီအကြာ ကူးဖြတ်အပြီးရောက်ရှိခဲ့ တယ်လို့ ဘီဘီစီသတင်းမှာဖေါ်ပြခဲ့ ပါတယ်...

 လက်ခြေတွေပြတ်ခဲ့ ပေမယ့် ခြေထောက်အတုနဲ့ ရေယက် တပ်ပြီးဖြစ်အောင်ကူးနိုင်ခဲ့ ပါတယ်...
၎င်းက သူ့ အနေနှင့် ၂၄ နာရီ အတွင်းဖြတ်ကူးနိုင်ဖို့ သူ့ ကိုယ်သူစံချိတ်သတ်မှတ် မျှော်လင့် ထားခဲ့ ပြီး၎င်း
ရဲ့ အသင်းကတော့ ယခုလို ကူးဖြတ်နိုင်တာကိုက မသန်မစွမ်းသူရေကူးသမားတစ်ဦးအတွက် စံချိန်သစ်တစ်
ခုဖြစ်လိမ့် မယ်လို့ ယုံကြည်နေကြပါတယ်...

" ကျွန်တော်လုပ်နိုင်ခဲ့ ပါပြီ...တစ်ကယ့် ကို အံ့ သြစရာပါပဲ..." လို့ မစ္စတာကရွိုင်ဇွန် ကတစ်ဖက်ကမ်းသို့ 
အရောက်မှပြောကြားခဲ့ ပြီး သူက တားဆီးကန့် သန့် ချူတ်ချယ်မှုခံရသူများ ( သူ့ လိုပဲ မသန်မစွမ်းသူများ )
အတွက် ကိုယ်စားပြုသူတစ်ဦးဖြစ်ချင်ပါတယ်လို့ လည်း ဆိုခဲ့ ပါတယ်...
" အခုလိုရေကူးခဲ့ တာဟာကျွန်တော့်အတွက်၊ ကျွန်တော့် မိသားစုအတွက်၊ ကျွန်တော့် လိုပဲ ၀မ်းနည်းကြေ
ကွဲဖွယ်အဖြစ်ဆိုးနဲ့ ကြုံတွေ့ ခဲ့ ရပြီး ဘ၀ရဲ့ ပျော်ရွင်မှု၊ အနှစ်သာရ ပျောက်ဆုံးနေသူတွေအတွက် ရည်ရွယ်
ခဲ့ တာဖြစ်ပါတယ်...." လို့ ကလေးနှစ်ယောက်တို့ ရဲ့ ဖခင်ဖြစ်သူ ကပြောပြခဲ့ ပါတယ်...
မစ္စတာကရွိုင်ဇွန်ဟာ လွန်ခဲ့ တဲ့ ၁၆ နှစ်လောက်က အိမ်ခေါင်မိုးပေါ်က တီဗီအင်တီနာတိုင်ကို တက်ဖြုတ်နေ
စဉ် အပြင်းအထန်ဓါတ်လိုက်ခံခဲ့ ၇တာဖြစ်ပါတယ်...

ထိုစဉ်က ခေါင်မိုးအနီးမှာရှိတဲ့ အင်အားပြင်းထန်သည့် ဓါတ်အားလိုင်းကြောင့် ဓါတ်လိုက်ခံခဲ့ ရတာဖြစ်ပြီး ဆ
ရာဝန်များအနေနှင့် သူ့ ရဲ့ ခြေ၊ လက်တွေကို ဖြတ်ပစ်ခဲ့ ရပါတယ်...
သူ့ ရဲ့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲပင်ပန်းနွမ်းနယ်နေခဲ့ ပေမယ့် မဖြစ်နိုင်တော့ ဘူး၊ အောင်မြင်စွာ မဖြတ်
ကူးနိုင်တော့ ဘူးလို့ တော့ တစ်ခါမှ မတွေးထင်ခဲ့ ဘူး ( ဇွဲလုံ့ လ ဘယ်တော့ မှမလျော့ ခဲ့ ဘူး ) ပါဘူးလို့ ၎င်း
က ဘီဘီစီသတင်းဌာနကိုပြောကြားခဲ့ ပါတယ်...

 
                                         ဓါတ်ပုံများကို Daily Mail ကနေယူပါတယ်...
  ကူညီသူမိတ်ဆွေများနှင့် အတူ...

မစ္စတာ ကရွိုင်ဇွန်ရဲ့ ဖခင်ဖြစ်သူကလည်း ၎င်းရဲ့ သားဖြစ်သူဟာ ကံကောင်းထောက်မတဲ့ အနေနဲ့ လေတိုက်
ရာလမ်းကြောင်းကလည်းဖေးမနေခဲ့ ပြီး လင်းပိုင်သုံးကောင်ကလည်း သူနှင့် အတူ အချိန်အတန်ကြာ ကူး
ခတ်နေခဲ့ တယ်လို့ ဆိုပါတယ်...


ဘ၀ခရီးကြမ်းကို ကူးဖြတ်နေသူများလည်း သူ့ ကိုအတုယူပြီး အားမလျော့ စေချင်ပါဘူး...

A Frenchman whose arms and legs had to be amputated has successfully swum the English Channel.
Philippe Croizon, 42, swam from Folkestone in Kent to Cap Gris Nez in just over 13 hours, reports the BBC.
He had set himself a target of 24 hours and his team believe he has set a record time for a disabled swimmer.
"I did it! It's mad!" Mr Croizon said on arrival, saying he wanted to become 'a representative of someone overcoming his restrictions'.
"I've done this for myself, for my family, and for all those who have suffered tragedy and lost their taste for life," added the father-of-two.
Sixteen years ago, Mr Croizon suffered a severe electric shock while removing a television aerial from a roof.
A current surged through him from a nearby powerline and doctors were forced to amputate his limbs.
Mr Croizon told the BBC that at no point did he feel he was not going to make it, despite pains and aches all over his body.
Philippe Croizon's father said his son had had favourable wind conditions and had even had three dolphins swimming alongside him for a period - a "sign of good luck".

0 comments: