Court orders Buddha Bar closed
Wednesday, September 15, 2010
အင်ဒိုနီးရှားက ဗုဒ္ဓဘား ပိတ်ရန်တရားရုံးအမိန့် ချ...
 ဗုဒ္ဓဘားရဲ့ အသွင်အပြင်၊ အခင်းအကျင်း...
အင်ဒိုနီးရှားနိုင်ငံမှ ဗုဒ္ဓဘားဆန့် ကျင်ရေးစည်းရုံးလှုံ့ ဆော်ရေးအဖွဲ့ ၏ အကြိမ်ကြိမ် တိုင်တန်းလျှောက်ထား
ပန်ကြားခဲ့ မှုများကြောင့်  အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာဒိစတြိတ်၊ ဗဟိုတရားရုံးက မြို့ တော်မှ ဗုဒ္ဓဘားအမည်
" ထိုဘားကို စီမံခန့် ခွဲအုပ်ချူပ်နေသူများဟာ ဗုဒ္ဓမြတ်စွာ၏အထိမ်းအမှတ်သွင်ပြင်လက္ခဏာများနှင့် အ
ဆောင်အယောင်ပုံသဏ္ဍာန်များကို သုံးစွဲနေကြောင်းပြစ်မှုထင်ရှားသဖြင့် ယခုဖွင့် လှစ်ရောင်းချနေသည့် 
အရက်ဘားကို အလျင်အမြန်ပိတ်ပစ်ရမည်ဖြစ်ကြောင်း " ထိုအမှုကို ကြားနာခဲ့ သည့်တရားသူကြီးအဖွဲ့ 
ခေါင်းဆောင် ဂျီဝိုဆန်တိုဆို ကပြောကြားခဲ့ သည်ဟု အန်တာရာသတင်းဌာန ဖော်ပြခဲ့ ပါတယ်...
အဆိုပါအရက်ဘားကိုစီမံခန့် ခွဲသည့်ကုမ္ပဏီဖြစ်သည့် ပီတီနီရီတာဗစ်စတာ ခရီအေးတစ် ကုမ္ပဏီ၊ ဂျကာ
တာ ခရီးသွားလုပ်ငန်းအေဂျင်စီနှင့် ၊ ဂျကာတာမြို့ တော်အုပ်ချူပ်ရေးမှူးတို့ ကို တရားလိုများအား လျော်
ကြေး ရူပီငွေ ၁ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၁၀၇၄၁ ) ပေးစေရန်လည်း တရားရုံးက အမိန့် ချမှတ်ခဲ့ 
ပါတယ်...
ထိုလျော်ကြေးငွေပမာဏဟာ ဗုဒ္ဓဘား ဆန့် ကျင်ရေးအဖွဲ့ ကတောင်းဆိုထားခဲ့ သည့် ပမာဏထက် နှစ်ဆ
ကျော်ပိုမိုနေပါသေးတယ်...
တရားရုံးရဲ့ စီရင်ချက်ဟာ မျှတမှုရှိကြောင်း ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဆူဂျီယန်တို ဆာလာမန်ကပြောကြား
လိုက်ပြီး " ဒီစီရင်ချက်ကို ကြားသိရတဲ့ အတွက် မိမိတို့ အနေဖြင့် အလွန်ပင် ၀မ်းမြောက်ရကြောင်း၊ အကယ်
၍ တရားရုံးကသာ အဆိုပါ အရက်ဘားကို ပိတ်ပစ်ဖို့ မဆုံးဖြတ်ခဲ့ လျှင် မိမိတို့ အနေဖြင့် ကိုယ်တိုင်ပိတ်ပစ်
အောင်ပြုလုပ်ကြရလိမ့် မှာဖြစ်ပြီး ယခုလိုစီရင်ချက်ကတော့ ဥပဒေနှင့် အညီ ပိတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်..."
လို့ လည်း ထပ်မံပြောကြားခဲ့ ပါတယ်...
အရက်ဘားစီမံခန့် ခွဲမှုကုမ္ပဏီ ရဲ့ အကျိုးဆောင်ရှေ့ နေ ကာနီယာဂီယာဆန်း ကတော့ ၎င်းရဲ့ အမှုသည်ဟာ
ထို အမိန့် စီရင်ချက်ကို အယူခံဝင်ဦးမှာဖြစ်တယ်လို့ ဆိုပါတယ်....
ဒီသတင်းလေးကို စင်္ကာပူက ကိုဂျူလိုင်ရဲ့ ဘလော့ ဂ်မှာ ဖတ်ပြီးကတည်းက စိတ်ချမ်းသာခဲ့ ၇လို့ မူရင်း
သတင်းကို ရှာပြီး ပြန်လည်တင်ပြလိုက်ပါတယ်...
 အင်ဒိုနီးရှားဗုဒ္ဓဘာသာဝင်တွေ တာဝန်ကျေခဲ့ ကြပါပြီ...
လွန်ခဲ့ တဲ့ ဂျူလိုင်လ ကတည်းက အင်ဒိုနီးရှားမှာ အဆိုပါ ကိစ္စအတွက် ဆန္ဒပြကြတဲ့ သတင်းကို ဘာသာ
ပြန်တင်ပြဖို့ စိတ်ကူးထားခဲ့ ပါသေးတယ်...
အခုတော့ စည်းရုံးလှုံ့ ဆော်သူတွေရဲ့ အစဉ်တစ်စိုက်ကြိုးစားအားထုတ်မှုကြောင့် သူတို့ ရဲ့ ရည်မှန်းချက်ပန်း
တိုင်ရောက်ခဲ့ ရပါပြီ....
ဒါတောင်မှပဲ အဆိုပါ အရက်ဘားရဲ့ ပိုင်ရှင်တွေက အယူခံဝင်ကြဦးမှာဖြစ်သေးလို့ စောင့် ကြည့် ရပါဦးမယ်...
အမှုနိုင်ပြီဆိုပြီး တက်ထောင်လို့ မဖြစ်သေးပါဘူး...
ဖတ်ရှုမိတဲ့ သတင်းများအရ အဆိုပါဆိုင်ဟာယခင် ဂျကာတာမြို့ တော်ဝန်ဟောင်းရဲ့ သမီးဖြစ်သူက ပိုင်ဆိုင်
တယ်၊ စီမံခန့် ခွဲအုပ်ချူပ်ခွင့် ရတယ်လို့ဆိုပါတယ်...
အဆိုပါ အုပ်ချူပ်သူများနှင့် နီးကပ်တဲ့ အသိုင်းအ၀န်းက ဖွင့် လှစ်တဲ့ ဆိုင်ကိုတောင် ရအောင်ပိတ်ပင်နိုင်တဲ့ 
အထိ ကြိုးပမ်းကြတဲ့ အင်ဒိုနီးရှား ဗုဒ္ဓဘာသာဝင်တွေရဲ့ ဇွဲ၊ လုံ့ လ ကိုလည်းလေးစာကြည်ညိုအားကျမိပါ
တယ်...
ဒူဘိုင်းမှာလည်း နာမည်တူ ဗုဒ္ဓဘား ရှိနေတာမို့ ဒူဘိုင်းရောက် ဗုဒ္ဓဘာသာဝင်တွေ ( အဓိက ကတော့ နှစ်
ရှည်လများနေထိုင်ကြတဲ့  သီရိလင်္ကာသားများ ...သူတို့ က ကောင်စစ်ဝန်ရုံးပါရှိနေပါသေးတယ်...ပြီးတော့ 
မြန်မာဗုဒ္ဓဘာသာများပေါ့ ...) လည်း အဆိုပါ အရက်ဘား ပိတ်ပစ်နိုင်ဖို့ ကြိုးပမ်းသင့် လှပါတယ်...
ရင်နာစရာကောင်းတာက အဆိုပါ ဒူဘိုင်းက ဗုဒ္ဓဘားမှာ မြန်မာဗုဒ္ဓဘာသာဝင် ၀န်ထမ်းတွေ လည်းတာဝန်
ထမ်းဆောင်နေကြရတာပါပဲ...
အမေရိကန်မှာ အစ္စလာမ်ဘာသာရေးအထွတ်အမြတ် ကိုအန် ကျမ်းကို မီးရှို့ ပြီးဆန္ဒပြမယ်လို့ ခရစ်ယာန်
ဘုန်းတော်ကြီးတစ်ပါးက ပြောဆိုခဲ့ လို့ ကမ္ဘာနှင့် အ၀ှမ်း မွတ်စလင်တွေ ကန့် ကွက်ဆန္ဒပြခဲ့ ကြတာ အခု
ထက်ထိ အရှိန်မသေသေးပါဘူး...
ထို့ အတူပါပဲ ဘာသာတရားတစ်ခုရဲ့ အထွတ်အမြတ်ထားရာကို မဖွယ်မရာ ပြုလုပ်တာဟာ ဘယ်လိုမှ လက်
ခံနိုင်ဖွယ်ရာမရှိလို့  နိုင်ငံတစ်ကာခေါင်းဆောင်များအပါအ၀င် အားလုံးက ပြစ်တင်ရှုံ့ ချကြပါတယ်...
ယခု ဒူဘိုင်းက ဗုဒ္ဓဘား ဟာလည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ဗုဒ္ဓပုံတော်ဆင်းတုတော်ကို အလွဲ
သုံးစားပြု၊ မဖွယ်မရာပြုတာမို့ ဆန့် ကျင်ကန့် ကွက်ကြရမှာပါပဲ...
( အမှန်တော့ ဒူဘိုင်းတင်မက အမေရိကန်၊ ပြင်သစ် ၊ လက်ဘနွန် ၊ ဘူဂေးရီးယာ စတဲ့ နိုင်ငံအနှံ့ အပြားမှာ
ဖွင့် နေတာမို့ နိုင်ငံတစ်ကာအဆင့် အနေနဲ့ ဆန့် ကျင်ကန့် ကွက်သင့် ပါတယ်...) ...
တစ်ကယ်လို့ ယေရှုခရစ်ဘားတို့ ၊ မိုဟာမက်ဘား တို့ ဆိုလျှင်လည်း ထိုဘာသာဝင်များက လက်မခံနိုင်သလို
ယခုဗုဒ္ဓဘာသာကို အလွဲသုံးစားလုပ်တာကိုလည်း လက်မခံသင့် ပါဘူး...
The Central Jakarta District Court ordered Wednesday that the city’s Buddha Bar be closed immediately, after several petitions were filed by the Anti-Buddha Bar Forum (FABB).“The establishment must be immediately shut down as the management has been proven guilty of using ornaments and symbols of the Buddha which violate the law,” presiding judge FX Jiwo Santoso said Wednesday as quoted by Antara.The court also ordered the bar’s management company PT Nireta Vista Creative; the Jakarta Tourism Agency and Jakarta’s Governor to pay the plaintiffs Rp 1 billion (US$110,741) in compensation – more than twice the amount requested by the FABB.Buddhist monk Sugianto Salaman said the verdict was reasonable. “We are happy to hear the verdict. If the court had not ordered the bar’s closure, we would have been done it ourselves. The verdict is the legal way of shutting it down,” he added.
PT Nireta Vista Creative’s attorney, Kurnia Girsang, said that his client would challenge the sentence.
7 comments:
ကိုဇော် said...
ဟုတ်ပါတယ်။ အဆုံးထိအောင် စောင့်ကြည့်ရဦးမယ်။
ဘယ်နေရာမှာပဲ ရှိနေတဲ့ ဗုဒ္ဓဘားပဲ ဖြစ်ဖြစ် ကန့်ကွက်သင့်တယ်။ ခက်တာက မြန်မာတွေက မညီတာပဲ။ ဒါကိုတော့ တကယ်ကို ရင်လေးမိတယ်။
ကိုရီး{ကိုကြီး} said...
ဝမ်းမြောက်စရာ သတင်းကောင်းလေးပါပဲ။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
မိုးယံ said...
အစပိုင်းလေးဖတ်မိလို့ ကြည်နူးနေတုန်း ဆက်ဖတ်တော့မှ စိတ်ဆင်းရဲမိတယ်။
တစ်ကမ္ဘာလုံးမှ သန်းချီရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေထဲမှာ ခန္တီ(သည်းခံခြင်း)တရားကို တစ်လွဲနားလည်နေသေးတဲ့ လူတွေ အများကြီးရှိတယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်မိပါတယ်။
သစ္စာတော်ဦး said...
အခုလိုသတင်းကောင်းတင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အဲဒီ့ ဗုဒ္ဓဘား စ ဖွင့်မယ်ဆိုတတည်းက ဗုဒ္ဓနဲ့အရက် ဘာမှမဆိုင်တဲ့အတွက်မို့လို့ မသင့်တော်တဲ့အကြောင်း မြန်မာတွေတစ်ချို့နဲ့ ကျွန်တော်တိုင်ပင်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် ကိုဇော်ဟြေတဲ့အတိုင်း လူမညီကြပါဘူး။ ကျွန်တော်တို့ မြန်မာတွေ အင်တိုက်အားတိုက် မဟုတ်တာတောင် တဖြည်းဖြည်းချင်း နဲနဲပါးပါးတော့ စည်းလုံး ညီညွတ်ကြရင် ကောင်းမယ်ဗျာ။
Unknown said...
မင်္ဂလာသတင်းပါ။ တခုတော့ ၀င်ပြောပြချင်ပါတယ်။ ကိုယ်လည်း ဗုဒ္ဓဘာသာကို အထူးယုံကြည် ကြည်ညိုကိုးကွယ်သူ တယောက်ပါ။ ဗုဒ္ဓဘား ရှိနေရခြင်းကိုလည်း မနှစ်သက်ပါဘူး။ ဒါပေမဲ့ ဒူဘိုင်းမှာ ရှိနေတဲ့ ဗုဒ္ဓဘားကို ကန့်ကွက်ဘို့ဆိုတဲ့အချက်မှာ ယူအေအီးနိုင်ငံရဲ့ ဥပဒေကိုလည်း လေ့လာသင့်ပါတယ်။ ယူအေအီးနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံမဟုတ်ပါဘူး။ ပြီးတော့ အစ္စလာမ်ဘာသာနိုင်ငံပါ။ အရက်သောက်ခွင့်ကို လိုင်စင်နဲ့မှ ခွင့်ပြုတဲ့ နိုင်ငံ တနိုင်ငံလည်း ဖြစ်ပါတယ်။ ဒီတော့ ဒူဘိုင်း ဗုဒ္ဓဘားကို ဘယ်လိုလူမျိုးက ဖွင့်လှစ်ပြီး အစိုးရက ဘာကြောင့် ခွင့်ပြုချက် ချပေးရသလဲဆိုတာ လေ့လာဘို့က အဓိကအချက်ပါ။ ပြီးတော့ ယူအေအီးနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့မြန်မာလူမျိုး ရာခိုင်နှုန်းတော်တော်များများရဲ့ ပတ်စပို့တွေကို သက်ဆိုင်ရာ ကုမ္ပဏီရဲ့ HR ဌာနက သိမ်းထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်လုပ်ခွင့် ဗီဇာ စပွန်ဆာက သက်ဆိုင်ရာ ကုမ္ပဏီကဖြစ်တဲ့အတွက် ၀န်ထမ်းရဲ့ ပြဿနာမှန်သမျှကို ကုမ္ပဏီကအပြည့်အ၀ တာဝန်ယူထားရတဲ့အတွက်ပါ။ နောက်ပြီး အင်ဒိုနီးရှားလူမျိုးထဲမှာ ဗုဒ္ဓဘာသာဝင်များ ရှိပါတယ်။ ယူအေအီးနိုင်ငံသားထဲမှာ ဗုဒ္ဓဘာသာဝင်မရှိသလို ယူအေအီးမှာ ၁၅ နှစ် ၂၀ နှစ် နေထိုင်သူ မြန်မာတွေကလည်း ဗုဒ္ဓဘာသာဝင် မဟုတ်ကြဘူးလို့ ကြားသိရပါတယ်။ ဆိုလိုချင်တာက ဒူဘိုင်းက ဗုဒ္ဓဘားပိတ်နိုင်ဘို့အတွက် ယူအေအီးကမြန်မာတွေရဲ့ စည်းလုံးညီညွတ်မှု တခုတည်းအပေါ် ရပ်တည်လို့ မရနိုင်တာကို ပြောချင်တာပါ။
Unknown said...
ဗမာတွေ ညီလို့ ကတော့ သန်းရွှေတောင်ရှိမှာ မဟုတ်ဘူး။
၂၀၀၇ တုန်းကလည်း ဘုန်းကြီးတွေကို သတ်တာ ဒီအတိုင်းပဲထိုင်ကြည့်နေကြတာပဲ။ အခုလည်း ဗုဒ္ဓဘားမကလို့..
ဗုဒ္ဓအနှိပ်ခန်းပဲဖြစ်ဖြစ်.. ဖာခန်းပဲဖြစ်ဖြစ်ထိုင်ကြည့်ကြအုံးမှာပဲ။
အခု ကလည်းနိုင်ငံခြားက ဘုန်းကြီးမို့လို့..ဗမာပြည်ကဆိုရင်တော့ ဘွဲ့ထူးဂုဏ်ထူးတွေယူ၊ ကားအကောင်းစားတွေစီး၊ ကျောင်းဆောင်ကြီးတွေဟီးအောင်ဆောက်ပြီး...
နေကြအုံးမှာပါပဲ.
Harry Ducker said...
ကျွန်တော်ကတော့ ကိုမိုးယံပြောတာ ကို သဘောတူပါတယ်။ Mr.pauk ပြောသလို ဗုဒ္ဓဘားမကလို့ ဗုဒ္ဓဘာခန်းပဲ ဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင် အစစ်၊ ဗုဒ္ဓဘုရားပြောတဲ့ တရားကို တကယ် ယုံကြည်တဲ့သူဆိုရင် ဒီ ဗုဒ္ဓဘား ဖွင့်တဲ့ ကိစ္စကို ဒေါသ ထွက်ကြမှာ မဟုတ်ပါဘူး။ မေတ္တာပဲ ပို့ကြမှာ ဧကန်မုချပါလို့ ကျွန်တော် ရဲရဲကြီး ပြောရဲပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပြီ ဆိုကတည်းက ဒီပုဂ္ဂိုလ်က သူ မနှစ်သက်ဘူးဆိုတဲ့လူ၊ အရာ ဆိုတာ ရှိမှာမဟုတ်ပါဘူး။ မရှိလည်း မရှိရပါဘူး။ လူတိုင်းကို ချစ်ခင်ပြီး မေတ္တာပို့မှာ အသေအချာပါ။ ဒါကြောင့် ဒီကိစ္စကို သည်းခံပြီးသာ မေတ္တာပို့ကြပါလို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ (လုပ်တာ မလုပ်တာတော့ သင့်သဘောပေါ့ဗျာ နော့် :D ) ။ ကျွန်တော် ဒီလိုမျိုး သည်းခံပြီး မေတ္တာပို့ပို့သာ ပြောတဲ့အတွက် ကျွန်တော့်ဆီကို ဗုဒ္ဓဘာသာဝင် ဆီမှ ပေးစာဆိုပြီး ဒေါနဲ့မောနဲ့ ကျွန်တော် ပြောတာ မမှန်ကန်ကြောင်း၊ ဒါတွေက သည်းခံနေရမယ့် ကိစ္စမဟုတ်ကြောင်း၊ လုပ်စရာရှိတာ လုပ်ရမည်ဖြစ်ကြောင်း၊ အီးမေးလ် များပြားစွာ ရ ရှိခဲ့ဘူးပြီးပါပြီ။ (ပေးတဲ့သူတွေက ဗုဒ္ဓဘာသာဝင်တဲ့နော့်.. ဟဲဟဲ)။ အခု ကမ္ဘာပေါ်က 'တစ်ချို့' လူတွေ ဗုဒ္ဓဘာသာကို တလွဲ နားလည်နေကြတယ် ဆိုတာက နိုင်ငံရေးနဲ့ ဘာသာရေး ရောနေလို့ လို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံရေးနဲ့ ဘာသာရေးဟာ ဘယ်လိုမှ ရောလို့ မရတဲ့ အရာနှစ်ခု လို့ ကျွန်တော် ထင်ပါတယ်။ ဥပမာတစ်ခု အနေနဲ့ မြန်မာရာဇ၀င်ဆို ကနောင် မင်းသား လက်ထက်တုန်းက ရေမြုပ်ဗုံးထွင်တာကို ဘုန်းကြီးက တားလို့ မြန်မာ ကျွန်နိုင်ငံ ရောက်ရတယ် ဆိုပြီး ရာဇ၀င်ရှိပါတယ်။ ဒါဟာ နိုင်ငံရေးနဲ့ ဘာသာရေး ရောသွားလို့ပါ။ ဗုဒ္ဓဘာသာအရဆိုရင်လည်း ဘုန်းကြီးက ဒီလိုပြောတာကို ကျွန်တော် လက်ခံပါတယ်။ နိုင်ငံရေးအရဆိုရင်လည်း ဒီဘုန်းကြီး လုပ်လို့ နိုင်ငံပျက်တယ်လို့ ပြောရင်လဲ မှန်ပါတယ်။ အဲဒီ့တော့ ကျွန်တော်မြင်တာကက ဗုဒ္ဓဘာသာဝင် အစစ်ဆိုရင်(လူဖြစ်နေရင်တောင်မှ) နိုင်ငံရေးနဲ့ဘာသာရေး မရောသင့်ဘူး၊ ဒေါသမထွက်သင့်ဘူး၊ သည်းခံပြီး၊ မေတ္တာပို့ရမယ်လို့ ကျွန်တော်မြင်ပါတယ်ခင်ဗျား။ အခုလို အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ :D
မှတ်ချက်။ ။ ကျွန်တော်သည် 80% ဗုဒ္ဓဘာသာဝင် ဖြစ်ပါသည်။ :D