No to 'virginity tests' for schoolgirls

Wednesday, September 29, 2010

တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း...

                          ဓါတ်ပုံအမြင်မတော်ပါက သည်းခံပါရန်တောင်းပန်အပ်ပါသည်...
သူ့ ကျောင်းစည်းကမ်းကလည်း အပျိုစစ်မစစ် အရင်စမ်းသပ်ခံရမတဲ့ ...ဆိုးပါ့ ဗျာ...

ကမ္ဘာ့ အစ္စလာမ်ဘာသာဝင် လူဦးရေးအများဆုံး နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ မှလွှတ်တော်ကိုယ်စား
လှယ်ဥပဒေပြုအမတ်တစ်ဦးက အစိုးရကဘဏ္ဍာငွေထောက်ပံ့ ထားသည့် အထက်တန်းကျောင်းများသို့ 
တက်ရောက်မည့် ကျောင်းသူများအား ကျောင်းမှလက်မခံမှီ အပျိုစင်ဖြစ်မဖြစ် စမ်းသပ်စစ်ဆေးကာ စမ်း
သပ်မှုအောင်မြင်မှ ကျောင်းဝင်ခွင့် ပေးမည်ဟူသော ဖြစ်နိုင်ဖွယ်ရာ၊ အတည်ပြုဖွယ်ရာမရှိသည့် ဟာသ
မြောက်သည့် စည်းမျဉ်းဥပဒေတစ်ရပ် ၎င်း၏ပြည်နယ်တွင် ပြဌားရန်ဆန္ဒရှိနေခဲ့ ပါတယ်...

ဂျမ်ဘီပြည်နယ်၊ လွှတ်တော်ရဲ့ ဥပဒေပြုအမတ်တစ်ဦးဖြစ်သူ ဘမ်ဘန်ဘာယူဆူစီနို က ဆယ်ကျော်သက်အ
ရွယ် လူငယ်များအကြား လက်မထပ်ပဲ လိင်ဆက်ဆံခြင်းများ တိုးတက်များပြားလာခြင်းကြောင့် ယခုလို စည်း
မျဉ်းဥပဒေတစ်ခု အလျင်အမြန်အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီလို့ အကြောင်းပြခဲ့ ပါတယ်...
ဒါပေမယ့် ယခုကဲ့ သို့ မဖြစ်မနေအပျိုစစ်မစစ် စမ်းသပ်စစ်ဆေးခြင်းဟာ လူမျိုးရေး၊ ဘာသာရေးအရခွဲခြား
ဆက်ဆံခြင်းဖြစ်သလို၊ လူ့ အခွင့် အရေးကိုလည်း ချိုးဖောက်ရာရောက်တယ်လို့ ဝေဖန်သူတွေက ဗုဒ္ဓဟူးနေ့ 
ပြောဆိုခဲ့ ပါတယ်...

 " ယခုကဲ့သို့ သော ( လူငယ်များ လက်မထပ်မီလိင်မှုကိစ္စကျူးလွန်မှုများပြားလာခြင်း ) ပြဿနာများကိုဖြေ
ရှင်းနည်းကတော့ လိင်မှုဆိုင်ရာပညာပေးခြင်းပဲဖြစ်ပါတယ်..." လို့ ကလေးသူငယ်များဆိုင်ရာကာကွယ်ရေး
အမျိုးသားကော်မရှင် အကြီးအကဲ ဆီတိုမူလ်ယာဒီ ကပြောဆိုလိုက်ပြီး ယခုဖြစ်ရပ်များမှာ မိန်းကလေးအများ
စုက ထိုသို့ ပြုလုပ်ရန် လိုလိုလားလားမရှိခဲ့ ကြပါဘူးလို့ ထပ်မံရှင်းပြပြောကြားခဲ့ ပါတယ်...
" လိင်မှုဆိုင်ရာပညာပေးအစီအစဉ်ကို ကျောင်းသင်ခန်းစာတစ်ခုအနေနဲ့ သာထည့် သွင်းသင်ကြားပေးလိုက်
ပါ....ဒီလိုဆိုကျောင်းသူ၊ ကျောင်းသားတွေအနေနှင့် ၎င်းတို့ ကိုယ်၎င်းတို့ ဘယ်လိုကာကွယ်ရမယ်ဆိုတာသိ
ရှိနားလည်သွားပါလိမ့် မယ်...ဒါပေမယ့် အပျိုစစ်မစစ် စမ်းသပ်စစ်ဆေးရမယ်ဆိုတာကြီးကတော့ ( သဘာဝ
မကျလှပါဘူး...) ..." လို့ သူကပြောကြားခဲ့ ပါတယ်...
အင်ဒိုနီးရှားနိုင်ငံဟာ ဘာသာရေးဆိုင်ရာဥပဒေများ အတင်းအကြပ်ပြဌာန်းခြင်းမရှိတဲ့ မွတ်စလင်ဦးရေ သန်း
၂၁၀ မျှရှိသည့် ကမ္ဘာ့ လူဦးရေအများဆုံးမွတ်ဆလင်နိုင်ငံဖြစ်ပါတယ်...

အများစုဟာ ယုံကြည်မှုဆိုင်ရာမှာ သဘောထားပျော့ ပြောင်းသည့်အလယ်အလတ်ဝါဒီများဖြစ်ပေမယ့် ရှေး
ရိုးဆန်သူ တစ်ချို့ ကတော့ အလျင်အမြန်ဖြစ်ထွန်းတိုးတက်ပြောင်းလဲလာနေတဲ့ ခေတ်မှီယဉ်ကျေးမှု၊ နည်း
ပညာတွေက ကိုယ်ကျင့် တရားတွေကို ပျက်သုန်းစေနေတယ်လို့ စိုးရိမ်ပူပန်နေကြပါတယ်...
လိင်ဆက်ဆံမှုဆိုင်ရာ ညစ်ညမ်းရုပ်ရှင်စာပေ၊ မီဒီယာတွေကို အလွယ်တကူရရှိနေနိုင်မှုများနှင့် ဘာသာရေး
ဆိုင်ရာ အသိပညာဗဟုသုတချို့ တဲ့ မှုများက လူငယ်တွေကို အချိန်မတန်မှီ လိင်မှုကိစ္စတွေကို စိတ်ဝင်စား
စေ၊ ပါဝင်ပါတ်သက်စေတာဖြစ်တယ်လို့  အမတ်မင်း ဆူစီနို ကဆိုခဲ့ ပါတယ်....
အဆိုပါ ၎င်း၏အဆိုပြုချက်ကို အတည်ပြုဖို့ ဂျမ်ဘီပြည်နယ်အုပ်ချူပ်ရေးမှုးရဲ့ ထောက်ခံမှု လိုအပ်ပြီး ပြည်
နယ်အုပ်ချူပ်ရေးမှူးကတော့ ၎င်း၏အဆိုပြုတင်ပြချက်ကို အမျိုးသမီးရေးရာဝန်ကြီးနှင့်အတူ ချက်ချင်းပဲပြစ်
တင်ရှုံ့ ချခဲ့ ပါတယ်....

သူပြောတဲ့ အကြောင်းရင်းအချက်အလက်တွေမှန်ပြီး ရည်ရွယ်ချက်ကောင်းပေမယ့်  လုပ်နည်းလုပ်ဟန်မမှန်
တော့ လူတွေလက်မခံနိုင်စရာဖြစ်သွားရတာပါပဲ...
ဒီကိစ္စဟာ ရွှေပြည်ကြီးမှာလည်း အလေးအနက်ထားစဉ်းစားဆွေးနွေးသင့် တဲ့ ကိစ္စတစ်ခုပါပဲ...
ကျွန်တော်တို့ ကိုးတန်း၊ဆယ်တန်းအထိ ဘာဆိုဘာမှမသိနားမလည်ခဲ့ တဲ့ကိစ္စအကြောင်းအ၇ာတွေကို
ယနေ့ လူပျိုအပျိုမဖြစ်သေးတဲ့ လူငယ်လေးတွေ ပြုလုပ်နေကြတာဟာ တစ်ကယ်တော့ အထက်က အမတ်
မင်းပြောခဲ့ သလို ညစ်ညမ်းဗီဒီယို၊ စာပေတွေ အလွယ်တကူရရှိနေတာ၊ ပါတ်ဝန်းကျင်နှင့်ရုပ်ရှင်မီဒီယာတွေ
မှာ ထိုကိစ္စများကို အသားပေးဖေါ်ပြနေတာ၊ လိင်မှုဆိုင်ရာဗဟုသုတခေါင်းပါးတာ၊ ဘာသာရေးဆိုင်ရာ ဗဟု
သုတအသိဥာဏ်နည်းပါးတာတွေကြောင့် ဆိုတာ အမှန်ပါပဲ...

မူရင်းအင်္ဂလိပ်လိုသတင်းပါ...
An Indonesian legislator wants girls in his province to pass virginity tests before being admitted into state-funded high schools - a widely ridiculed proposal with little chance of passing.
Bambang Bayu Suseno, a lawmaker in Jambi's provincial parliament, cited concerns about a rise in premarital sex among teens in pushing for the proposal.
But critics argued Wednesday that mandatory testing would be discriminatory and a violation of human rights.
"The way to address this problem is through sex education," said Seto Mulyadi, who heads the National Commission for Child Protection, adding that not all girls engaging in sex do so willingly.
"Make it part of the school curriculum so students will learn how to protect themselves - but virginity tests?"
Indonesia is a secular nation with more Muslims than any other in the world - some 210 million.

Most practice a moderate, tolerant form of the faith, but some conservatives are worried rapid modernization is eroding morals.
Suseno said easy access to pornography and a poor understanding of religion have produced youths who are promiscuous.
In order to pass, the proposal would need the support of the Jambi governor, who, along with the minister of women's affairs, was quick to condemn it.
Source: AP

1 comments:

မိုးယံ said...

ဟုတ်တယ် ဦးပီတာရေ။ အနော်တို့ ချွေပီကြီးက ခေးတွေကို လိင်မှုဆိုင်ရာ ပညာပေးတွေ လုပ်သင့်တာ ကြာပ။ နို့ဆို 15 နှစ်နဲ့ အိမ်ထောင်ကျ။ 16 နှစ်နဲ့ လိုက်ပြေး။ 14 နှစ်ဆို ဟိုဒင်းတွေ ပြုကြတာတောင် ချိဒယ်။ အဲဒီကိစ္စတွေ နားလည်းလားဆိုရင် အတန်းပညာ တောင် အတော်နည်းကျ သားလား ဗျာ။ မသိရင် အခြေခံ လူတန်းစား ရပ်ကွက်တွေက ကလေးစက်ရုံတွေ များ ရှိသလား မှတ်ရတယ်။ ကိုယ်တွေ့။ အခုကျတော့လဲ လိုက်မမှီအောင် လန်ထွက်နေတယ် ။ အဲဒီ ကိစ္စတွေ တော့ သေချာ နားလည်လို့ ဟုတ်မယ် မထင်။ ရွလို့ မွလို့ သာဖြစ်မယ်ထင်ပါသည်။