Lanka ministers hail new powers for president

Saturday, September 11, 2010
ဘီလူးတို့ အစွယ်ထွက်ခြင်း...

သီရိလင်္ကာ သမ္မတ မဟိန္ဒရာဂျာ ပက်ဆေး....


တမီလ်ပျောက်ကြားသူပုန်များအား လုံးဝအမြစ်ပြတ်အောင်ချေမှုန်းနိုင်ခဲ့ သည့် စစ်ပွဲနောက်ပိုင်း အသစ်ပြင်
ဆင်ပြဌာန်းလိုက်သည့် အခြေခံဥပဒေအရ သီရိလင်္ကာ သမ္မတအနေဖြင့် ယခုအခါ အာဏာရှင်ဆန်စွာ စီမံ
အုပ်ချူပ်နိုင်မည့် အခွင့် အာဏာများရရှိသွားခြင်းမှာ မဟုတ်မမှန်ကြောင်း ၎င်း၏နောက်လိုက်တပည့် အာ
ဏာရ ပါတီဝင် ၀န်ကြီးများက လွန်ခဲ့ သည့် ကြာသပတေးနေ့ ကငြင်းဆိုခဲ့ ကြပါတယ်...
သို့ သော်လည်း လေ့ လာအကဲဖြတ်သူများကတော့  အဆိုပါဥပဒေ ပြင်ဆင်ချက်ဟာ ဒီမိုကရေစီ စနစ်အ
တွက်တော့ ပြင်းထန်တဲ့ ဆိုးကျိုးများ သက်ရောက်စေပါလိမ့် မယ်လို့ စိုးရိမ်နေကြပါတယ်...
သီရိလင်္ကာအမျိုးသားလွှတ်တော်က ၁၉၇၈ ခုနှစ် အခြေခံဥပဒေပြင်ဆင်ချက်အမှတ် ၁၈ ကို လွန်ခဲ့ တဲ့ ဗုဒ္ဓ
ဟူးနေ့ က ထောက်ခံအတည်ပြုပေးလိုက်တာဖြစ်ပြီး ထိုဥပဒေအရ သမ္မတသက်တမ်း နှစ်ကြိမ်ထက် ပိုအရွေး
မခံရသည့် အချက်ကိုပယ်ဖျက်လိုက်ပြီး လက်ရှိသမ္မတ မဟိန္ဒရာဂျာပက်ဆေး ကိုလုပ်ပိုင်ခွင့် အာဏာများအ
များအပြား ထပ်မံအပ်နှင်းလိုက်ခြင်းဖြစ်ပါတယ်...
အဆိုပါဥပဒေအရ နိုင်ငံတော်အကြီးအကဲဟာ ယခင်က မျှဝေထိန်းချူပ်ထားသည့် တရားစီရင်ရေး၊ ရဲတပ်ဖွဲ့ 
နှင့် ရွေးကောက်ပွဲကော်မရှင် တို့ ကို ၎င်းစိတ်ကြိုက်ရွေးချယ် ခန့် ထားနိုင်တော့ မှာဖြစ်ပါတယ်...
" ယခုအသစ်ပြင်ဆင်လိုက်တဲ့ အခြေခံဥပဒေဟာ အစိုးရအဖွဲ့ အစည်းရဲ့  ဖွဲ့ စည်းပုံကိုပြုပြင်ပြောင်းလဲခြင်းမရှိ
ပဲ သမ္မတအနေနဲ့  အာဏာကို ပိုမိုခိုင်မာအောင် ထိန်းချူပ်ရယူလိုက်တာပဲဖြစ်ပါတယ်..." လို့ နိုင်ငံရေးမူဝါဒ
အလှည့် အပြောင်းများ ဆိုင်ရာကျွမ်းကျင်သူ သုတေသီများဗဟိုဌာန အမှုဆောင်ဒါရိုက်တာ ပိုင်ကီယာ ဆို
သီ ဆာရာဗနာမူတူး ကပြောဆိုခဲ့ ပါတယ်...
" ဒါဟာ ဒီမိုကရေစီကျင့် စဉ်ကနေ နောက်ပြန်သွားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ...ပြည့် သူ့ လွှတ်တော်ဆိုတာ အခု
တော့ ( လာသမျှအမိန့် အာဏာ၊ ဥပဒေ မှန်သမျှ အကုန်ထောက်ခံရတဲ့ ) ရာဘာတံဆိပ်တုံး၊ လက်ညှိုး
ထောင် ခေါင်းညိမ့် အရုပ်ဖြစ်နေပါပြီ...
ဒါဟာ ကျွန်တော်တို့ တိုင်းပြည်အတွက်တော့ အမှောင်ဖုံးတဲ့ ကာလ ပါပဲ..."  လို့ သူကဆက်ပြောပြခဲ့ပါ
တယ်....

အဆိုပါ ဥပဒေများပြုပြင်ပြောင်းလဲရေးကို လွန်ခဲ့ သည့် ဗုဒ္ဓဟူးနေ့ က ဆွေးနွေးခဲ့ ကြပြီး ကိုယ်စားလှယ်တော်
ပေါင်း ၂၂၅ ဦးရှိတဲ့ လွှတ်တော်မှာ ထောက်ခံမဲ ၁၆၁ မဲ၊ ကန့် ကွက်မဲ ၁၇ မဲ ဖြင့် အတည်ပြုပြဌာန်းခဲ့ ခြင်း
ဖြစ်ပါတယ်...
အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားညီညွတ်ရေးပါတီ ကတော့ အဆိုပါဥပဒေပြုပြင်ရေးဆွေးနွေးပွဲကို
၎င်းတို့ အနေနှင့်  ဓါးခုတ်ရာလက်ဝင်ရှိုသလို၊ သမိုင်းတရားခံအဖြစ်မခံနိုင်ပဲ ပါဝင်ပါတ်သက်လိုခြင်းမရှိလို့ 
သပိတ်မှောက် ဆန့် ကျင်ခဲ့ ပါတယ်...
ယခုပြုလုပ်ခဲ့ တဲ့ အပြောင်းအလဲများဟာ လွန်ခဲ့ သည့် နှစ် မေလ ကပြီးဆုံးသွားခဲ့ တဲ့ ၃၇ နှစ်ကြာ ( တမီလ်
သူပုန်များနှင့် ) လူမျိုးရေးပဋိပက္ခ စစ်ပွဲနောက်ပိုင်း နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေးအတွက် လိုအပ်နေတာ
ဖြစ်တယ်လို့ အစိုးရအဖွဲ့ ဝင် ၀န်ကြီးများက ခုံခံပြောကြားခဲ့ ပါတယ်...

အဆိုပါသတင်းနဲ့ ပါတ်သက်ပြီး လုပ်ဖော်ကိုင်ဖက်မိတ်ဆွေ သီရိလင်္ကာသားများ ကတော့ သူတို့ ရဲ့ သမ္မတ
မဟိန္ဒ ဟာအဆိုပါ အခြေခံဥပဒေပြင်ဆင်ချက် ( သမ္မတသက်တမ်းနှစ်ကြိမ်ထက်ပိုပြီးအရွေးခံနိုင်ဖို့ ) ကိုအ
တည်ပြုနိုင်ဖို့  ထောက်ခံမဲရရန် အတိုက်အခံပါတီများမှ အမတ်များကို တစ်ဦးလျှင် သီရိလင်္ကာသုံး ရူပီးငွေ
သန်း ၅၀ အထိလာဘ်ပေးပြီး စည်းရုံးသိမ်းသွင်းခဲ့ လို့ အမတ်မင်းများ ဘက်ပြောင်းပြီး ထောက်ခံခဲ့ ကြလို့ 
ထိုဥပဒေပြင်ဆင်ချက် အတည်ဖြစ်ခဲ့ တာဖြစ်တယ်လို့ ပြောပြကြပါတယ်...

တစ်ခုသောတိုင်းပြည်ကြီးက နိုင်ငံရေးသုခမိန်များကလည်း ပြုလုပ်တော့ မည့် ရွေးကောက်ပွဲကြီးသာလျှင် အ
ဖြစ်နိုင်ဆုံးထွက်ပေါက်၊ နည်းလမ်းဖြစ်ပြီး လွှတ်တော်ထဲရောက်အောင်အယင်လုပ်ပြီးမှ အခြေခံဥပဒေများကို
ပြောင်းလဲ ယူမယ်လို့ ကြွေးကြော်ကာ အမတ်မင်းအဖြစ် ပါဝင်ဖို့ စိုင်းပြင်းနေကြပါတယ်..

အကယ်၍ ကာလတိုအတွင်း ကတိုက်ကရိုက်ရွေးခဲ့ လိုက်ရတဲ့  ၎င်းတို့ ရဲ့ ပါတီမှ ကိုယ်စားလှယ်များအရွေးခံ
ရပြီး အမတ်ဖြစ်သွားခဲ့ ကြယင်တောင် ယခုသီရိလင်္ကာနိုင်ငံလို အာဏာရပါတီရဲ့ စည်းရုံးလှည့် စားမှု၊ အာ
ဏာ၊ ငွေကြေး၊ ဥစ္စာများဖြင့် ဖျားယောင်း၊ ခြိမ်းခြောက်မှုတွေကြောင့်  မူလရည်ရွယ်ချက်ကနေ သွေဖယ်
သွားမည့် သူများလည်း ရှိမှာ ကတော့ အသေအချာပါပဲ...
ဒီအချက်များ ( ကိုယ့် လူသူ့ ဖက်သားဖြစ်မည့် ) ကိုတော့ ထိုဆ၇ာများမစဉ်းစားမိလေရော့ သလားပါပဲ...

လက်ကလေးတစ်ချက်မြှောက်ပြီး ထောက်ခံလိုက်ရုံဖြင့် သန်း ၅၀ ရမယ့် ကိစ္စမို့ လက်ရှိအတိုက်အခံအမတ်
တွေထဲက ဘက်ပြောင်းသွားသူများထဲမှာ အဆိုပါ အမျိုးသားညီညွတ်ရေးပါတီမှ အမတ် ၆ ယောက် ပါဝင်
တယ်လို့ လည်း မိတ်ဆွေဖြစ်သူ သီရိလင်္ကာသားက ပြောပြပါတယ်...

ထိုအခြေအနေမျိုးများဖြစ်လာခဲ့ ယင် ရတဲ့ ပေါက်က၀င်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် တွန်းတင်မယ်ဆိုတဲ့ 
ပုဂ္ဂိုလ်များ ဘယ်လောက်၊ ဘယ်နှစ်ယောက် တောင့် ခံနိုင်မလည်းဆိုတာ....

( ဒါမှမဟုတ် ဒီယုန်မြင်လို့ ဒီခြုံ ထွင်တာပါလို့ ဆိုယင်တော့ ....)


Sri Lankan ministers on Thursday denied that the president now enjoyed dictatorial powers under a post-war constitutional revamp, but observers worried about the chilling effect on democracy.

The national parliament voted in favour of the 18th amendment to the 1978 constitution on Wednesday, scrapping a two-term limit on the presidency and handing sweeping new powers to President Mahinda Rajapakse.

The law grants the head of state the ability to appoint officials to key posts in previously quasi-independent institutions such as the judiciary, police and election commission.

“The constitution was used to consolidate power, without rebuilding governance structures,” said Paikiasothy Saravanamuttu, executive director of the local thinktank the Centre for Policy Alternatives.

“It’s a setback for democracy. Parliament is now a rubber-stamp institution, It’s a dark period for us,” he added.

The reforms were debated on Wednesday and passed with 161 in favour and 17 against in the 225-member parliament. The main opposition United National Party (UNP) boycotted the debate, saying it did not want to be “contaminated.” Government ministers argued that the changes were needed to ensure stability in the country after the end of its 37-year ethnic conflict in May last year.— AFP

0 comments: