China tycoons decline charity invite

Sunday, September 5, 2010

ပေးလှူယင်ကုန်ခမ်းလို့ ...ရှောင်ပြေးဖို့ ကြံရွယ်...

Warren Buffett (left) and Bill Gates
ကမ္ဘာ့ ဇောတိက သူကြွယ် သူတော်ကောင်းနှစ်ဦးဖြစ်တဲ့  ၀ါရင်ဘူဖေး နှင့်  ဘီလ်ဂိတ်....
Warren Buffett (left) and Bill Gates

ကမ္ဘာ့ အချမ်းသာဆုံးသူဌေးကြီးနှစ်ဦးဖြစ်တဲ့ ဘီလ်ဂိတ်နှင့် ဝါရင်ဘူဖေး တို့ ဟာ လွန်ခဲ့ တဲ့ စက်တင်ဘာလ
၂၉ ရက်နေ့ ကတရုတ်ပြည်ကို အလည်အပတ်သွားရောက်ကြပါတယ်...
သူတို့ နှစ်ဦးက တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး ၅၀ ကို ၎င်းတို့ အလည်အပတ်ခရီးစဉ်အ
တွင်းပြုလုပ်မယ့် ဧည့် ခံပွဲတစ်ခုကို တက်ရောက်ကြဖို့ ဖိတ်ကြားခဲ့ ပါတယ်....

သို့ သော်လည်း ထိုအထဲက တစ်ချို့ သောသူဌေးကြီးများက သူတို့ ထံမှ အလှူခံမှာစိုးရိမ်ကြလို့ ဖိတ်ကြားမှု
ကိုလက်မခံပဲငြင်းပယ်ခဲ့ ကြတယ်လို့ ချူံကင်း ညနေခင်း သတင်းစာကဖော်ပြခဲ့ ပါတယ်...
ရီလဲ အမည်ရှိ တရုတ်နိုင်ငံ၏ ဘီလ်ဂိတ်နှင့် မီလင်ဒါဂိတ်စ် ကူညီကယ်ဆယ်ရေးအဖွဲ့ ကြီးဆိုင်ရာရုံးအဖွဲ့ အ
ကြီးအကဲက အဆိုပါဧည့် ခံပွဲကို ဘေကျင်းမြို့ ရှိ ဟိုတယ်တစ်ခုမှာ ကျင်းပမှာဖြစ်တယ်လို့ ဆိုခဲ့ ပါတယ်...
" ဖိတ်ကြားချက်တွေ ပို့ ခဲ့ ပြီးနောက် လက်ခံရရှိတဲ့ လူအများစုက ဧည့် ခံပွဲမှာ၎င်းတို့ ကို လှူဒါန်းဖို့ မေးမြန်း
ပြောဆိုမှာ လားလို့ ဆက်သွယ်စုံစမ်းခဲ့ ကြပါတယ်...
အခုအထိတော့ လူအနည်းငယ်က ဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့ ကြပါတယ်..." လို့ ၎င်းကပြောကြားခဲ့ ပါ
တယ်...

ဖိတ်ကြားခံခဲ့ ၇တဲ့ အယောက် ၅၀ မျှသောလူတွေရဲ့ အများစုကတော့ တရုတ်နိုင်ငံက အချမ်းသာဆုံးသော
သူတွေဖြစ်ပြီး ထိုသူများဟာလည်း ကူညီကယ်ဆယ်ရေး၊ အလှူအတန်းလုပ်ငန်းများမှာ ပါဝင်နေကြသူတွေ
ဖြစ်ပါတယ် လို့ သူကဆက်ပြောခဲ့ ပါတယ်...
ဘီလ်ဂိတ်နှင့် ဘူဖေး တို့ ဟာ " ပေးလှူကြဖို့ ကတိပြုကြစို့ " စည်းရုံးလှုံ့ ဆော်မှုကို ဇွန်လ ကစတင်ပြုလုပ်
ခဲ့ ကြပြီး ကုဋေကြွယ်၊ ဘီလီယံနာများကို ၎င်းတို့ ရဲ့ ပိုင်ဆိုင်ချမ်းသာကြွယ်ဝမှုများအား ကယ်ဆယ်ရေးအဖွဲ့ 
များသို့ လှူဒါန်းပေးကမ်းဖို့ တိုက်တွန်းနေခဲ့ ကြပါတယ်...
ယခုအချိန်အထိတော့ အမေရိကန်နိုင်ငံမှ ဘီလီယံနာ ၄၀ လောက်က ၎င်းတို့ ရဲ့ စည်းစိမ် တစ်ဝက်ကိုစွန့် 
လွှတ်လှူဒါန်းကြဖို့ ကတိပြုခဲ့ ကြပါတယ်...

ဘီလ်ဂိတ်နှင့် ဘူဖေးတို့ ယခုတရုတ်ပြည်ကိုလာရောက်လည်ပတ်တာဟာလည်း တရုတ်သူကြွယ်များကို ၎င်း
တို့ ရဲ့ စည်းရုံးလှုံဆော်မှုမှာ ပါဝင်အောင်ဆွဲဆောင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်...
ဘီလ်ဂိတ်ဟာ ကူညီကယ်ဆယ်ရေးဆိုင်ရာအဖွဲ့ အစည်းအမျိုးမျိုးနဲ့ ဆေးဝါး၊သိပ္ပံသုတေသန ဆိုင်ရာများအ
တွက် ငွေကြေးအမြောက်အများကို ၂၀၀၀ခုနှစ်မှာ သူတည်ထောင်ခဲ့ တဲ့ ဘီလ်နှင့် မီလင်ဒါဂိတ်ဖောင်ဒေး
ရှင်းမှတစ်ဆင့် လှူဒါန်းခဲ့ ပါတယ်...

အသက် ၈၀ ရှိပြီဖြစ်တဲ့ သူဌေးကြီး ဘူဖေးကလည်း သူပိုင်ဆိုင်တဲ့ ချမ်းသာကြွယ်ဝမှုရဲ့  ၉၉ ရာခိုင်နှုံးကို အ
ဆိုပါ ဘီလ်ဂိတ်တို့ ရဲ့ ဖောင်ဒေးရှင်းမှတစ်ဆင့် လူသားအကျိုးပြု ကိစ္စရပ်များအတွက် လှူဒါန်းမှာဖြစ်တယ်
လို့ ကတိပြုခဲ့ ပါတယ်...

ကျွန်တော်ကတော့ ဘီလ်ဂိတ်ထက် ၎င်းရဲ့ အမည်ကိုပင်အသုံးပြုပြီး ဖောင်ဒေးရှင်းမဖွဲ့ ပဲ ဘီလ်ဂိတ်တို့ အဖွဲ့ 
ကို ပိုင်ဆိုင်သမျှအားလုံးနီးပါး လှူဒါန်းတဲ့ ဝါရင်ဘူဖေး ကိုပိုပြီးတော့ တောင်လေးစားကြည်ညိုမိပါတယ်...
ရှောင်ပြေးတဲ့ တရုတ်တွေလည်း ဒီလိုပဲ သူတို့ နာမည်နဲ့ မဟုတ်တဲ့ အဖွဲ့ အစည်းကို လှူရမှာမို့ ဆိုတဲ့ အ
ကြောင်းလည်း ပါမှာသေချာပါတယ်...
ကိုယ်ကျိုးစွန့် ကူညီလှူဒါန်းတာချင်းအတူတူတောင်မှ ငါစွဲမပါတဲ့ ဝါရင်ဘူဖေး ရဲ့  စိတ်ဓါတ်နဲ့ လုပ်ရပ်က
တော့ အလေးစားဆုံး စံနမူနာပါပဲ...

ဘီလ်ဂိတ်ကိုလည်း လေးစားအားကျရတာပါပဲ...သူသာရှေ့ ကနေ စံပြအဖြစ်မလှူခဲ့ ၊ အခုလိုလိုက်လံမလှုံ့ 
ဆော်ခဲ့ ယင် ဒီလိုအခြေအနေဖြစ်လာမှာမဟုတ်ပါဘူး...
မည်သည့် ဘာသာကို ကိုးကွယ်ယုံကြည်နေပါစေ...ပင်ကိုယ်သူတော်ကောင်းစိတ်ဓါတ်ကလည်း အရေး
ကြီးတယ်ဆိုတာ သတိပြုမိစေလိုပါတယ်...

ဒါကြောင့် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက သူ့ ရဲ့ ကျောင်းတိုက်က အဓိကစည်းမျဉ်းထဲမှာ စိတ်ကောင်း
ရှိဖို့  ဆိုတဲ့ အချက်လေးကိုလည်း ထိပ်ဆုံးနားမှာ ထားခဲ့ တာပါပဲ...

စိတ်ကောင်းရှိနိုင်ကြပါစေ...


Two of the world's richest men - Bill Gates and Warren Buffett - are visiting China on Sept 29.
The duo have sent out invitations to 50 magnates in China to a private function to be hosted by them during their visit.
However, some of the people have rejected the invitation, worrying that they would be asked to donate money, Chongqing Evening News reported.
Ye Lei, the China office chief of the Bill & Melinda Gates Foundation, said the event would be conducted at a hotel in Beijing.
"After the invitations were sent out, most of the people have called to query if they would be asked to donate at the function.
"So far, a small group has turned down the invitations," he said.
Ye said most of the 50 people invited were among the richest in the country, who also involved in charity activities.
Gates and Buffett started the Giving Pledge campaign in June, urging billionaires to give away their wealth to charity.
So far, 40 American billionaires have promised to donate half of their wealth.
It is learnt Gates and Buffett's visit to China was to persuade the Chinese to join the campaign.
Gates, the 55-year-old co-founder and chairman of Microsoft, is now focuses on charity works.
He has donated large amounts of money to various charitable organisations and scientific research programs via the Bill & Melinda Gates Foundation established by him in 2000.
Buffett, 80, has pledged to give away 99 per cent of his fortune to philanthropic causes via the foundation.
Source: Ming Paoyef

2 comments:

ဂျစ်တူး ( မုံရွာ ) said...

သာဓု သာဓု သာဓု----သာဓုကိုအကြိမ်ကြမ်ခေါ်ဆိုသွား
ပါတယ်ခင်ဗျာ-ရှာဖွေတင်ပြပေးနေတဲ့ ကိုပီတာလည်း
ကုသိုလ်တွေအများကြီးရမှာပါ။ နေ့ တိုင်းမဖတ်ရမနေနိုင်
တဲ့အထဲမှာ ဒေါက်တာလွဏ်းဆွေ မိုးမခ ယနေ့ မြန်မာ
နဲ့ ကိုပီတာရဲ့ အတွေးပုံရိပ်များပါဘဲဗျာ။
ကျန်းမာပါစေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

Anonymous said...

မြန်မာကဘီလယံနာတွေကောမလှူဘူးလေ...ဘာလို့ လဲဆိုတော့သီရိသုဓ္ဒမတို့ ဘာတို့ မရရင်မလှူကျဘူး...
:(