Minister slapped in public

Friday, November 25, 2011

ပြည်သူ့ မေတ္တာခံယူခဲ့ ရရှာသည့် အိန္ဒိယ၀န်မင်း

Harvinder Singh being questioned by police after the attack
ပြည်သူ့ ဆန္ဒအမှန်ဖော်ထုတ်ခဲ့ သည့် ဟာဘိန္ဒြာဆင်း အား အခင်းဖြစ်ပွားအပြီး ရဲတပ်ဖွဲ့ မှမေးမြန်းစဉ်...
Harvinder Singh being questioned by police after the attack

မြင့် တက်နေသည့် စားသောက်ကုန်ဈေးနှုန်းများနှင့် အကျင့် ပျက်လာဘ်စားမှုများအား သတိပြုအလေး
ထားစေရန်ရည်ရွယ်သည့် အနေဖြင့် ပြည်သူတစ်ဦးက လွန်ခဲ့ သည့် ကြာသပတေးနေ့ က အိန္ဒိယနိုင်ငံလယ်
ယာစိုက်ပျိုးရေးဝန်ကြီးအား အများပြည်သူမြင်ကွင်းတွင် ပါးရိုက်ခဲ့ ပါတယ်...
အသက် ၇၁ နှစ်အရွယ်ရှိ ကွန်ဂရက်ပါတီခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ရှာရက်ဒ်ပါဝါ ဟာ နိုင်ငံရေးဆိုင်
ရာ အခမ်းအနားတစ်ခုတွင် သတင်းထောက်များအား စကားပြောဆိုနေစဉ် အဆိုပါအမျိုးသားက ရန်ပြုခဲ့ 
ခြင်းဖြစ်ပါတယ်...


This combo pictures shows the slapped Sharad Pawar (up) and Harvinder Singh brandishing his knife after slapping the minister
  ရိုက်စားဆိုတာဒါမျိုးလားဗျာ...ရက်စက်ပါပေ့ ခင်ဗျာ...
ဒီတစ်ခါတော့ ပါးပဲရိုက်လိုက်တယ်...နောက်တစ်ခါဆို ဓါးနဲ့ ပါထိုးမယ်လို့ များရည်ညွှန်းလေသလားပဲ...
This combo pictures shows the slapped Sharad Pawar (up) and Harvinder Singh brandishing his knife after slapping the ministe
r
ဝန်ကြီးမင်းအနေဖြင့် ထိုတစ်ခဏတွင်ဟန်ချက်ပျက်သွားခဲ့ သော်လည်း အိနြေ္ဒပြန်ဆယ်နိုင်လိုက်ကာစောင့်
ဆိုင်းနေသည့် ၎င်း၏ကားဆီသို့ ဆက်လက်လျှောက်သွားခဲ့ ပါတယ်...
ပါရိုက်ခဲ့ သူမှာ နောက်ပိုင်းတွင် ဟာဘိန္ဒြာဆင်း ဟုစုံစမ်းသိရှိခဲ့ ရပြီးနောက် အသက် ၃၀ အတွင်းရှိ သယ်
ယူပို့ ဆောင်ရေးယာဉ် ထိန်းသိမ်းမောင်းနှင်သူတစ်ဦးဖြစ်ပြီး ၎င်းမှ စားသောက်ကုန်ဈေးနှုန်းများမြင့် တက်
မှုနှင့် အကျင့် ပျက်လာဘ်စားမှုဆိုင်ရာကြွေးကြော်သံများအော်ဟစ်ခဲ့ သည်ဟု ရုပ်သံသတင်းများက ဖော်ပြ
ခဲ့ ပါတယ်...
ရုပ်မြင်သံကြားတွင်ပြသခဲ့ သည့် ပြကွက်တွင် အဆိုပါအမျိုးသားဟာ ဆစ်လူမျိုးများကိုင်ဆောင်လေ့ ရှိ
သည့် ဂေါ်ရခါးဓါးကောက်အား ဝှေ့ ယမ်းပြသခဲ့ သည်ကိုလည်းတွေ့ ရှိရပြီး ၎င်းအား လုံခြုံရေးအရာရှိများ
နှင့် ဝန်ကြီးမင်း ပါဝါ၏လက်ထောက်များက ဆွဲငင်ခေါ်ဆောင်သွားခဲ့ ပါတယ်....

" ကျွန်တော်ဘာဖြစ်လို့ အဲဒီဝန်ကြီးကို ပါးရိုက်ခဲ့ ရသလဲဆိုတာ မသိဘူးလား...အများပြည်သူတွေအနေဲ့ စိတ်
ဒုက္ခရောက် အခက်အခဲဖြစ်နေကြရပါတယ်...အဲဒီအတွက်ဒီလိုလုပ်တာ ကျွန်တော်မှားသလားဗျာ...
ဒီပွဲကိုလာပြီး ဒီဝန်ကြီးကိုပါး၇ိုက်ဖို့ ကျွန်တော်စီစဉ်အကွက်ချလာခဲ့ တာပါ....အဲဒီဝန်ကြီးတွေအားလုံး လာဘ်
စားနေကြတဲ့ သူတွေချည်းပါပဲ..." လို့ သူက အော်ဟစ်ပြောဆိုခဲ့ ပါတယ်...
ဟာဘိန္ဒြာဆင်း အားရဲတပ်ဖွဲ့ မှ ဖမ်းဆီးထိန်းသိမ်းခဲ့ ပါတယ်....

ကြီးကြီးမားမားဒါဏ်ရာရရှိခဲ့ ခြင်းမရှိသည့် ဝန်ကြီးမင်း ပါဝါအား ၇န်ပြုတိုက်ခိုက်၊ ပါးရိုက်ခဲ့ ခြင်းကြောင့် 
၎င်း၏မဲဆန္ဒနယ်ဖြစ်သည့် မဟာရပ်ရှတ္တရာ ပြည်နယ်တွင် အပြင်းအထန်ဆန္ဒပြပွဲများဖြစ်ပွားခဲ့ ပါတယ်...
အိန္ဒိယနိုင်ငံတွင် နိုင်ငံရေးသမားများအား ရန်ပြုတိုက်ခိုက်မှုများ ပိုမိုအဖြစ်များလာနေခဲ့ ပါတယ်...
ဝန်ကြီးမင်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူအကြီးအကဲများအား စိတ်ဆိုးဒေါသထွက်နေသည့် ပြည်သူလူထု
မှ ဖိနပ်များဖြင့် ပစ်ပေါက်ခြင်း၊ ရုံးခန်းများအား မွှေနှောက်ဖျက်ဆီးခြင်းများ ရှိခဲ့ သော်လည်း ၀န်ကြီးတစ်ဦး
အား အများပြည်သူရှေ့ မှောက်တွင် ပါးရိုက်ခဲ့ ခြင်းမှာ ယခုအကြိမ်သည်ပထမဦးဆုံးဖြစ်ခဲ့ ပါတယ်...
ယခုကဲ့ သို့ ဖြစ်ပျက်ရခြင်းမှာ နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်များ၊ အကျင့် ပျက်လာဘ်စားမှုများ၊ အမှန်တစ်
ကယ် တရားမျှတမှုကင်းမဲ့ စွာ ပြုကျင့် ခံရခြင်း သို့ မဟုတ် ထိုကဲ့ သို့ ပြုကျင့် ခံရသည်ဟု ပြည်သူများအနေ
ဖြင့် ထင်မြင်ခံစားရခြင်းတို့ ကြောင့် ဖြစ်ပါတယ်....

ကျူပ်ထက်သိတဲ့ သူတောင် ကျူပ်လောက် မသိဘူးဆိုတဲ့ ဝန်မင်းလည်း အဲဒီလို မဲဆန္ဒရှင်ပြည်သူနဲ့ တွေ့ စေ
ချင်ပါတယ်...


A man slapped India's Agriculture Minister in the face on Thursday, apparently to draw attention to rising food prices and corruption.
Sharad Pawar, 71, who is also National Congress Party chief was talking to reporters at a political function when the man attacked him.

The minister lost his balance for a moment but regained composure after the assault, moved towards his waiting car.
TV news reports said the attacker, later identified as Harvinder Singh, a transport operator in his 30's, shouted slogans about inflated food prices and graft.
Television footage also showed him brandishing a kirpan, a traditional Sikh knife as he was dragged away by security officials and Pawar's aides.
"Don't you know why I hit him? The common man is distressed. Am I wrong?"
 "I came planned to the event to slap the minister. All of them are corrupt," he shouted.
Harvinder Singh was detained by police.
The attack on Pawar, who was not seriously injured, sparked protests in his home state of Maharashtra.
Assaults on politicians have become increasingly common in India.
Ministers and other officials have had shoes thrown at them and their offices ransacked by angry citizens but this is the first case where a minister had been slapped in public.
The incidents have usually been over political decisions, corruption, or real or perceived injustices.
Source: Agencies

1 comments:

maymon said...

ကိုပီတာ
Print & PDF ထည့်သွင်းပေးတဲ့အတွက်
ကျေးဇူးအရမ်တင်ပါတယ်။ကွန့်မန်းမရေးဖြစ်တာကြာ
ပေမယ့်အစ်ကိုဆိုဒ်ကို နေ့တိုင်ဝင်ဖတ်ဖြစ်ပါတယ်။
ပိုစ့်အချို့ကိုသိမ်းတာ Copy & paste စားရင်
PDF နှင့်ဆိုအရမ်အဆင်ပြေသွားတယ်။
အစ်ကိုကျန်းမာပါစေ။