အစိ န္တေ ယျ လေးပါး

Tuesday, October 20, 2009




ဒီလောကကြီးမှာကျွှန်တော်တို့ ရဲ.သာမာန်ညာဏ်ဦးနှောက်နှင့် စဉ်း
စားလို့ ဘယ်လိုမှအတိအကျမသိနိုင်တဲ့ အရာလေးပါးရှိပါတယ်။
အဲဒီလေးမျိုးကိုရှင်းရှင်းလင်းလင်းသိထားမှလောကကြီးကိုမြင်တဲ့ 
အမြင်ဟာမစောင်းတော့ မှာပါ။
နို့ မို့ ဆိုယင်တော့ ...
ဟိုအထူးအဆန်းပေါ်လည်းယုံရနိုး...ဒီအထူးအဆန်းပေါ်လည်း ယုံ
ရနိုးနဲ့ ...မယုံသင့် တာယုံပြီး...မပြစ်မှားထိုက်တာပြစ်မှားမိတတ်ပါတယ်။

Four things in the world which are incomprehensible: Acinteyyas:
  1. the domain of a Buddha, Buddha-visaya;
  2. the sphere of the trances, jhana-visaya;
  3. the consequences of volitional action, kammavipaka; and
  4. brooding over the world, loka-cinta

၁၊ မြတ်စွာဘုရား၏ဥာဏ်တော်၊ဂုဏ်တော်စသည်.ဘုရားရှင်အကြောင်း
၂၊ ဈန်၊ အဘိဥာဉ် တို.၏အကြောင်း
၃၊ ကံ ၊ ကံ ၏ အ ကျူိး
၎၊ ဒီက မ္ဘာ လောကကြီးအကြောင်း

တို့ ပဲဖြစ်ပါတယ်။

ဒါတွေဟာကျွန်တော်တို့ ဥာဏ်မမှီပဲစဉ်းစားတွေးခေါ်နေယင်အကုသိုလ်
များမှာမို.မြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားထားတာဖြစ်ပါတယ်။ဒါ
ဆို ဒီအကြောင်းတွေကိုဘယ်လိုမှအကုန်အစင်မသိနိုင်တော.ဘူးလားလို.
မေးလာနိုင်ပါတယ်။ကိုယ်တိုင်သိချင်ယင်တော့ ကိုယ်တိုင်သာဘုရားဖြစ်
အောင်ကြိုးစားကျင်.ကြံနိုင်ပါတယ်....
ဗုဒ္ဓရဲ့ အဓိကအဆုံးအမကတော့ ...လူသားအစ၊ သံသရာအစကို မရှာပဲ
ဘာကြောင့် ဘ၀တွေအကြိမ်ကြိမ်ဖြစ်ရတယ်...ဘယ်လို ဘ၀တွေရဲ့ အဆုံး
အေးငြိမ်းရာ၊ဆင်းရဲဒုက္ခခပ်သိမ်းချူပ်ငြိမ်းရာကိုဘယ်လို မျက်မှောက်ပြု
နိုင်ကြောင်း၊ အကျင့် နည်းလမ်းကောင်းကိုဟောဖော်ညွှန်ပြခဲ့ တာပါပဲ...
အသိဥာဏ်ပညာပွားပြီးကုသိုလ်ယူနိုင်ကြပါစေ။

မေတ္တာဖြင်.

7 comments:

ဒဏ္ဍာရီ said...

မှန်ပါတယ် အကိုရေ .... အလုံးစုံကို မသိနိုင်သေးလို့ နားလည်သလောက်ကို ကြိုးစားပြီး ဘာသာတရားကို ဘုရားရဲ့ အဆုံးအမနဲ့ အညီသာ နေထိုင်ကျင့်ကြံနေရခြင်း ဖြစ်ပါတယ်အကို။
ကျေးဇူးတင်ပါတယ်။

ခင်မင်လေးစားလျှက်

စိမ်း... said...

ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်ရခြင်းအတွက် အမြဲဂုဏ်ယူနေတဲ့သူပါ...
ိကိုယ်တိုင်ကျင့်ကြံအားထုတ်ပြီးကိုယ်တိုင်သိမှယုံကြည်ပါဆိုတဲ့ အစမ်းသပ်ခံနိုင်တဲ့ တရားဂုဏ်တော်ကို အင်မတန်ကြည်ညိုမိပါတယ်...
အကုန်မစင်မသိသေးပေမယ့် ကိုယ်ဥာဏ်မီသလောက်လေးသိ၊ သိတဲ့အတိုင်းကျင့်တာလောက်နဲ့တင် ယခုဘ၀၊ သံသရာ နှစ်ဖြာ အကျိုးခံစားရမယ့် အဆုံးအမများပဲ ဖြစ်ပါတယ်...

သားကြီး said...

သိပ်တန်ဖိုးရှိတဲ့ပိုစ်ပေါ့ကိုပီတာရေ

သားကြီး said...

ကိုပီတာရေ
ကြုံရင်ရုရှားမှာလည်းဒီလိုရှိတယ်အစ်ကိုရေ
ဆိုပြီးတင်ဦးလေဗျာ

Mogok Thar said...

ကိုပီတာရေ

အစိ န္တေ ယျ လေးပါး
လာရောက် မှတ်သား သွားပါတယ်။

iuheshethey said...

အကာလိကော & ဧဟိပ္ပသိကော is my favorite :)

iuheshethey said...

အကာလိကော & ဧဟိပ္ပသိကော is my favorite :)