တရုတ် နိုင်ငံကရှစ်လေးလုံးအရေးအခင်း....
Friday, October 9, 2009
 တရုတ် နိုင်ငံကရှစ်လေးလုံးအရေးအခင်း....
ဒီနံပါတ်ပေါ့ ....
အိပ်မက်တစ္ဆေ....ဖြစ်ရပ်တွေပေါ့ ....
နံပါတ်ဖြစ်တဲ့  ရှစ်ဂဏန်းလေးလုံး  ၈၈၈၈  ( ရှစ်လေးလုံး ) ပါလိုင်စင်ပြားအတွက်တိုက်ခိုက်မှုတို့ 
အတွက်ထောင်ဒါဏ်နဲ့ ငွေဒါဏ်များအပြစ်ပေးခဲ့ ပါတယ်တဲ့ ....
အဆိုပါပြစ်ဒါဏ်ကျခံရသူများဟာဘေဂျင်းမြို့ ကမော်တော်ယာဉ်မှတ်ပုံတင်ဗဟိုဌာနကကားနံပါတ်ပြားများ
ထုတ်ပေးတဲ့ စက်အနားကိုလာတဲ့ သူမှန်သမျှကို တုတ်တွေဓါးတွေနဲ့ ထိုးခုတ်၊ရိုက်နှက်ခဲ့ ကြလို့ လူတစ်ဦး
အပြင်းအထန်ဒါဏ်ရာရသွားပြီးအခြားသူအများအပြားလည်းဒါဏ်ရာရသွားခဲ့ တယ်လို့ ဆိုပါတယ်...
ပြစ်မှုကျူးလွန်သူအမျိုးသားသုံးယောက်ကိုထောင်ဒါဏ်တစ်နှစ်စီကျခံစေပြီးသူတို့ ငါးဦးစလုံးကိုထိခိုက်
ဒါဏ်ရာရသူများကိုလျှော်ကြေးငွေဒေါ်လာ ရှစ်ထောင်ပေးဆောင်စေဖို့ အမိန့် ချမှတ်ခဲ့ ပါတယ်...
အဆိုပါအဖြစ်အပျက်ဟာမနှစ်ကဂျူလိုင်လကအဆိုပါကံကောင်းခြင်းမင်္ဂလာဂဏာန်း ၈၈၈၈ ( ရှစ်လေး
လုံး ) စီးရီးတွေထုတ်ပေးတော့ မယ့် အချိန်မှာဖြစ်ပွားခဲ့ တာလို့ ဆိုပါတယ်...
ရှစ်ဂဏာန်းဟာတရုတ်ဘာသာစကားအသံအထွက်အရ ငွေဝင်သည်..ငွေပြုလုပ်သည်  လို့ အဓိပ္ပါယ်နဲ့ 
ဆင်တူတဲ့ အတွက်မင်္ဂလာရှိတဲ့ ဂဏာန်း၊ ကံကောင်းစေတဲ့ ဂဏာန်း အဖြစ်တရုတ်လူမျိုးတို့ ယူဆကြ
ပါတယ်....
အင်းကြားဖူးတာလေးတစ်ဆက်တည်းပြောရယင်....လေးဂဏာန်းကတော့  သေဆုံးခြင်းလို့ အဓိပ္ပါယ်ရ
လို့ လာဘ်မကောင်းတဲ့ ဂဏာန်း၊အမင်္ဂလာဂဏာန်း လို့ ယူဆကြပါတယ်တဲ့ ဗျာ....
ဟုတ်မဟုတ်တော့  မကိကီ တို့ ကပိုသိမှာပါနော်....
ဒင်းတို့ ကတော့ ကံကောင်းတယ်ဆိုပြီးအလုအယက်လုပ်နေကြတာ...ကျွန်တော်တို့ ရွှေပြည်ကြီးမှာတော့ 
ဒီရှစ်လေးလုံးကြောင့် ဖမ်းလို့ မကုန်၊နှိပ်စက်လို့ မဆုံး.... ဖြစ်နေတုံးပါပဲ....
 ကဲထုံးစံအတိုင်း ဘဘများရဲ့ အချစ်တော်ဘီဘီစီက အင်္ဂလိပ်လို ဒီလိုလေးဆိုထားပါတယ်...
A Beijing court has jailed and fined five men for fighting over a "lucky" licence plate containing the auspicious number 8888.
The men used knives and clubs to beat anyone who came near a machine issuing the number plates at a Beijing vehicle registration centre. Several people were injured, one of them seriously.
Three men were sentenced to one year in jail. All were ordered to pay $8,000 (£5,000) to compensate the victims.
The incident occurred in July last year as number plates ending with the numbers "8888" were about to be issued.
The ringleader, identified only as Xu, had paid four accomplices 10,000 yuan ($1,500) to guard the machine.
The number eight is considered auspicious in China because it sounds similar to the word for "to make money".
1 comments:
Beauty Studio USA Branded Store said...
၈၈၈၈အတွက် ဖြစ်ရပြန်ပြီ ပေါက်ဖော်ကြီးရေ။