မြက်နုကြိုက်တတ်လွန်းတဲ့ နွားအို....

Friday, October 30, 2009







ဆိုမာလီနိုင်ငံမှ အသက် ၁၁၂ နှစ်ရှိအဘိုးအိုတစ်ဦးဟာ သူ့ ထက်အသက် ၉၅ နှစ် ငယ်သော
မိန်းကလေးတစ်ဦးနှင့် အကြင်လင်မယားအဖြစ်ပေါင်းသင်းရန် လက်ထပ်ခဲ့ တယ်လို့ ဆိုပါတယ်...
ပြီးတော့ သူက အဲဒီကလေးမလေးနဲ့  သားသမီးများတောင်ရချင်ပါသေးတယ်တဲ့ ဗျာ....
သူ့ အတွက်ကတော့ မုတ်ဆိတ်ပျားစွဲတာပေပဲလားမသိ....

အသက် ၁၁၂ နှစ်ရှိပြီလို့ ဆိုတဲ့  အဘိုးကြီး Ahmed Muhamed Dore  နဲ့ သူ့ ရဲ့ သတို့ သမီး
အသက် ၁၇ နှစ်သာရှိသေးတဲ့ ကောင်မလေးတို့ ရဲ့ မင်္ဂလာဧည့် ခံပွဲကို ဧည့် ပရိတ်သတ်ရာနဲ့ 
ချီပြီးတက်ရောက်အားပေးခဲ့ ကြပါတယ်...

ဆိုမာလီနိုင်ငံ၊ အလယ်ပိုင်း ဒေသမှာပြုလုပ်တဲ့  အဲဒီလက်ထပ်ပွဲမှာ ဇနီးမယား ငါးယောက်နဲ့ 
သားသမီး ၁၈ ယောက် ရှိပြီဖြစ်တဲ့  အဘိုးကြီးက သူရဲ့ နောက်ဆုံးဇနီး အသစ်စက်စက်လေး
Safia Abdulleh  နဲ့ လည်း နောက်ထပ်ကလေးတွေရ ချင်ပါသေးတယ် လို့ ဆိုပါတယ်....

” ဒီနေ့ ဟာဖြင့် ကျွန်တော့် ဘ၀ရဲ့ အိပ်မက်တွေ တစ်ကယ်ဖြစ်လာအောင် ထာဝရဘုရား
သခင် ကကူညီစောင်မခဲ့ ပါပြီ....” လို့ သူက Galguduud မှာပြုလုပ်တဲ့ လက်ထပ်ပွဲ အခမ်း
အနားအပြီးမှာပြောကြားခဲ့ ပါတယ်...

သတို့ သမီးရဲ့ မိသားစုကလည်း ကောင်မလေးဟာ သူမရဲ့ ခင်ပွန်းနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ရှိနေ
ပါတယ်လို့ ဆိုလိုက်ပါတယ်...
သူ့ အသက်အရွယ်နဲ့ ဆိုသူ့ ရဲ့ မြေး၊ လောက်သာရှိသေးတဲ့ မိန်းကလေးကို ယူထားတဲ့ အဘိုး
အိုက သူတို့ နှစ်ဦးစလုံးဟာ ဆိုမာလီနိုင်ငံ တစ်ရွာတည်းမှာနေထိုင်သူတွေဖြစ်ပြီး သူ့ အနေ
နဲ့  ကလေးမလေးအရွယ်ရောက်အောင် စောင့် ဆိုင်းနေခဲ့ တာပါလို့  ဆိုပါတယ်...
သြော်...ကြောင်ဖားကြီးကသိပ်မစားချင်ရှာဘူး....

Guriceel မြို့ မှာပြုလုပ်ခဲ့ တဲ့ အဆိုပါ လက်ထပ်ပွဲကတော့  အာဖရိကတိုက်က နိုင်ငံတစ်ခုဖြစ်
တဲ့ ဆိုမာလီ နိုင်ငံရဲ့ နှစ်ပေါင်းရာနဲ့ ချီတဲ့ ကာလအတွင်းမှာတော့ ပထမဦးဆုံးကျင်းပတဲ့  အ
သက်အရွယ်ဒီလောက်ကွာခြားသူနှစ်ဦးဖြစ်တဲ့  ကညာပျိုနဲ့ ဇရာအိုတို့ ရဲ့ မင်္ဂလာပွဲဖြစ်ပါတယ်....

”ကျွန်တော်သူမကို အတင်းအကြပ်လက်ထပ်ခဲ့ တာ မဟုတ်ပါဘူး...ကျွန်တော် သူမအပေါ်
ထားရှိတဲ့ မေတ္တာကို သူမနားလည်သဘောပေါက်ယုံကြည်လာအောင် ကျွန်တော့် ရဲ့ မိန်းမ
ကျမ်းကျေတဲ့ အတွေ့ အကြုံ တွေအသုံးချခဲ့ တာပါ...အဲဒါကို သူမ နားလည်ယုံကြည်လို့ လက်
ထပ်ခဲ့ တာပါ....” အဘိုးအိုက ဘီဘီစီသတင်းဌာန ကိုပြောပြခဲ့ ပါတယ်...“
တယ်လည်းလာတဲ့ အဘိုးကြီးပါလားနော်....

သူ့ ရဲ့ လက်ရှိဇနီးနှစ်ယောက်နဲ့ သားသမီးများကလည်း သူအခုလို မိန်းမငယ်ငယ်လေး ထပ်
ယူတာကို သဘောတူကြပါတယ်...သတို့ သမီးရဲ့ မိဘတွေကလည်းသဘောတူခဲ့ ကြပါတယ်...
လို့ အဘိုးကြီးကပြောပါတယ်...

ဆိုမာလီနိုင်ငံတွင်အရွယ်ရောက်ပြီးမိန်းမကလေးများကို အသက်အရွယ်ကြီးသူ အမျိုးသားများ
နှင့် ထိမ်းမြားလက်ထပ်လေ့ ရှိသော်လည်း ယခုကဲ့ သို့  သေခါနီးသက်ကြားအို အဘိုးကြီးနှင့် 
လက်ထပ်တာမျိုးကတော့ ရှားပါတယ်တဲ့ ....

အဘိုးအို Dore ဟာ အသက် ၁၁၂ နှစ်ရှိပြီလို့ ဆိုပေမယ့်  သူ့ မှာသက်သေပြစရာ အ
ထောက်အထား မွေးစာရင်းတော့ မရှိပါဘူး...
ယခုလက်ထပ်တဲ့ မိန်းကလေးဟာ အဘိုးအိုရဲ့ ဆဌမမြောက် မယားဖြစ်ပြီး သူ့ ရဲ့ ဇနီး သုံး
ယေက် ကတော့ သေဆုံးသွားခဲ့ ပြီးဖြစ်ပါတယ်...

ဆိုမာလီနိုင်ငံမှာတော့  အသက်ကြီးသူအမျိုးသားများနှင့်  သူတို့ နှင့် စာလျှင် အလွန်အသက်
ငယ်သေးသည့် မိန်းကလေးများ လက်ထပ်ထိန်းမြားခြင်းဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲတဲ့ ဗျာ...

ကဲ...ဒီနွားအိုကြီးကတော့ မြက်နုကြိုက်တတ်လွန်းပါတယ်ဗျာ....
ကဲ...ကိုသားကြီးရေ....
စိတ်ဓါတ်မကျနဲ့ နော်.....ကောင်မလေးတွေများအဖြေမပေးယင်...
ဆိုမာလီကိုသာသွားဗျာ....

Somalian, 112, marries teenage girl 95 years his junior... and plans to have children.
Compared to Methuselah, he probably seemed a good catch.

Hundreds of people have attended the wedding of Ahmed Muhamed Dore, who says he is 112, and his bride, aged 17.

At the ceremony in central Somalia, Mr Dore - who already has 18 children by five wives - said he would like to have more with his new wife, Safia Abdulleh.

'Today God helped me realise my dream,' he said, after the wedding in the region of Galguduud.
The bride's family said she was 'happy with her new husband'.

Mr Dore said he and his bride - who is young enough to be his great-great-grand-daughter - were from the same village in Somalia and that he had waited for her to grow up to propose.

The marriage in the town of Guriceel is being described by Somalian historians as the first of its kind in the Horn of Africa nation for over a century.

'I didn't force her, but used my experience to convince her of my love; and then we agreed to marry,' Mr Dore was quoted by the BBC as saying.
He said his children and two other wives agreed to the marriage, as did Abdulle's parents.
The pair celebrated their marriage late Tuesday in central Somalia before hundreds of guests.

Somali adolescent girls are often married off to older men, but it is rare for a man as old as Dhore to marry a girl of Abdulle's age.
Dhore claims to be 112, but there is no way to verify the claim.

This marriage was his 6th; three of Dhore's wives have died.

Marriages between older men and girls many years younger than them are common in Somalia

Polygamy is widely practiced in predominantly Muslim Somalia.

6 comments:

သားကြီး said...

ကောင်းလေစွတကား
စော်မကြည်ရင် လမ်းစရိတ်စုဆိုမာလီသွားပြီး
အာဝါဟ ဝိဝါဟ လုပ်ရမယ်
ဟဲဟဲ....။

သားကြီး said...

မင်္ဂလာလည်းဆောင်ပြီးရော အဘိုးကြီးလည်း
ဂန့်ရောပဲလားမသိ
အသက်ဒီလောက်ကွာတာဒီတစ်ခါပဲတွေ့ဖူး
တော့တယ်ဗျာ

မြစ်ကျိုးအင်း said...

မင်္ဂလာပွဲအပြီး နောက်တနေ့ သတင်းလေးပါ သိချင်သေး

အဘိုးကြီးနှယ် ငါတို့တောင် တယောက်မှ မရသေးဘူး
လွန်လွန်းတယ်။

စားရတဲ့ခလေးများ ငတ်ကိုငတ်တယ်
(သူလည်းသူငယ် ပြန်ပြီး ခလေးဖြစ်သွားပီလားမသိဘူး)

ဒီတခါတော့ ဖတ်ပြီး မကျေမချမ်းဖြစ်ပြီးပြန်သွားရပြီ
အဆင်ပြေအောင်ဖြေရှင်းပေးပါ :)

ခင်မင်သောအားဖြင့်....။

မငုံ said...

အသက်အရွယ် အဲဒီလောက်တောင် ကွာရသလားတဲ့။ :(

W.sainge said...

ဒါပေါ့ဗျာ.. ယောကျာ်းကောင်း မောင်းမတစ်ထောင်ဆိုတာ...(ဘာမှလည်း မဆိုင်ဘူး)

Beauty Studio USA Branded Store said...

ယောင်္ကျားသေတွင်း မိန်းမ ပုခက်တွင်းလို့ စကားပုံတောင် ပြောင်းရမလိုပဲ။