University opens porn course
Sunday, October 25, 2009
ကာမသျှတ္တရ ဒီပလိုမာ....
University opens porn course
ဒီလိုမျိုးအခန်းတွေဆိုယင်ထွက်သွားလို့ ရတယ်ဆိုတာတောင်....
တစ်ယောက်မှမထွက်သွားကြပါဘူး....
ထိုင်ဝမ် နိုင်ငံမှ တက္ကသိုလ်တစ်ခုဟာ တက္ကသိုလ်ဝင်ကျောင်းသူ၊ကျောင်းသားများအတွက် ညစ်ညမ်း
ရုပ်ရှင်ခေါ် အပြာကားများကို ဘယ်လိုကြည့် ရှုခံစားပြီး ခွဲခြမ်းစိတ်ဖြာ သုံးသပ် သုတေသနလုပ်တဲ့ 
အကြောင်းအရာဘာသာရပ်တစ်ခု ဖန်တီးဖွင့် လှစ်သင်ကြားပို့ ချမှု စတင်ခဲ့ ပါတယ်တဲ့ ....
ထိုင်ဝမ်နိုင်ငံ Providence  တက္ကသိုလ်ရဲ့ လူထုဆက်သွယ်ရေးဌာနမှ ယခုနှစ် စာသင်နှစ် အတွက်
အဆိုပါ ဘာသာရပ် သင်တန်းကို ဖွင့် လှစ်ခဲ့ တာဖြစ်ကြောင်း United Daily သတင်းဌာနက သတင်း
ပေးပို့ ခဲ့ ပါတယ်...
အဆိုပါဘာသာရပ်သင်တန်းကို အောင်မြင်ဖို့ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့  ညစ်ညမ်းရုပ်ရှင်
အပြာကားရဲ့  ထုတ်နှုတ်ပြသချက်တစ်ခုကို ကြည့် ရှုခံစားသူရဲ့  စိတ်ပိုင်းဆိုင်ရာတုံ့ ပြန်မှုကို ပညာ
ရပ်ရှုထောင့် ကနေ ခွဲခြမ်းစိတ်ဖြာတဲ့ ဆယ့် ငါးမိနစ်စာ စာတမ်းတင်ဆက်မှုတစ်ခုကိုပြုလုပ်ပေးရမှာ
ဖြစ်ပါတယ်...
စိတ်ပူပန်ကြောင့် ကြမှုဖြစ်နေတဲ့  အမည်မဖော်လိုသူကျောင်းသားတစ်ဦးက ” တစ်ကယ်လို့ ဘာ
သာရပ်မှာဂုဏ်ထူးမှတ်ရခဲ့ ယင် မိဘတွေကို ဘယ်လိုရှင်းပြရ မလဲတောင် မသိပါဘူး...” လို့ မှတ်
ချက်ပြုခဲ့ ပါတယ်...
အကယ်၍ဘာသာရပ်ဆိုင်ရာရုပ်ရှင်၊ ပြကွင်း၊ ပြကွက်တွေဟာ သိပ်ကိုပီပြင်၊ ထင်ရှားလွန်းနေယင်
ကျောင်းသားတွေအနေနဲ့  စာသင်ခန်းထဲကနေ အပြင်ကိုထွက်သွားနိုင်ပါတယ်ဆိုတဲ့  သဘော
တူကြောင်း စာရွက်တစ်ရွက်ကိုလည်း လက်မှတ်ထိုးကြရပါတယ်...
အဆိုပါဘာသာရပ် လက်ထောက်ပါမောက္ခ ဆရာမ Chen Mingmei ကတော့ သင်တန်းစဖွင့် 
ကတည်းက အခုအချိန်အထိ သင်ကြားပြသတဲ့ ရုပ်ရှင်ရဲ့  ကြမ်းကြမ်းရမ်းရမ်းပြကွက်တွေကို
ရောက်ယင် ကျောင်းသား၊ကျောင်းသူတစ်ချို့ မျက်လုံးများ ခေတ္တခဏ ဖုံးအုပ်ထားတာက လွဲလို့ 
စာသင်ခန်းကနေ ထွက်သွားတာတစ်ယောက်မှမရှိသေးပါဘူး လို့ ဆိုပါတယ်...( စိတ်ဝင်စား
တာလေ...စိတ်ဝင်စားကြတာ...)
အဲဒီဘာသာရပ်အတွက်လျှောက်ထားတက်ရောက်သူပေါင်း ၅၀ ကျော်ရှိခဲ့ ပြီး သူတို့ အားလုံးနီး
ပါးက ယခင်ကတည်းက အဲဒီလို ရုပ်ရှင်ကားတွေကြည့် ခဲ့ ဖူးပါတယ်လို့ ဝန်ခံပြောကြားခဲ့ ကြပါ
တယ်...
ဘာတွေများသင်ကြားရမှာပါလိမ့်  ဆိုတဲ့ စူးစမ်းလေ့ လာချင်စိတ်က အဆိုပါ ဘာသာရပ်သင်တန်း
ကိုတက်ရောက်စေရခြင်းရဲ့  အဓိကအကြောင်းရင်းဖြစ်ပြီး၊ အများစုက သူတို့ ဒီဘာသာရပ်ကိုသင်
ကြားလေ့ လာနေတာ သူတို့ မိဘတွေ မသိကြသေးဘူးလို့ ဆိုပါတယ်...
အခြားကျောင်းသားတစ်ယောက်ကလည်း ” သက်ဆိုင်ရာဘာသာရပ်တွေရဲ့ အမှတ်စာရင်းတွေ
ထွက်လို့ စာတိုက်ကနေပို့ လိုက်ယင် မိဘတွေ တွေ့ သွားမှာ တစ်ကယ်စိုးရိမ်မိပါတယ်.......
ရမှတ်တွေက ကောင်းနေယင်ဘယ်လိုပြောပြရမှန်းတောင် မသိပါဘူး....” လို့ ဝန်ခံပြောဆို
ခဲ့ ပါတယ်...
” အဲဒီ ဘာသာမှာတစ်ကယ်လို့  စာမေးပွဲကျ ခဲ့ ယင်တော့  အဲဒီကားတွေကိုများများကြည့် ခွင့် 
ပေးဖို့ အိမ်ကိုပြောနိုင်ပြီပေါ့ ....” လို့ လည်း သူကပြောကြားခဲ့ ပါတယ်...
ကဲ....
        ကိုသားကြီးတို့ ရေ....
               အဲဒီသင်တန်းတက်ချင်ရင်တော့  ထိုင်ဝမ်က ဆရာမ မကိကီ ဆီသာစာရင်းပေးသွင်း
                       ကြပါရန်....(  ဟဲ....ဟဲ...နောက်တာနော်....စိတ်ဆိုးနဲ့ ....)
ရွှေပြည်ကြီးမှာများဖွင့် လိုက်ယင် အဲဒီလိုသင်တန်းမျိုးကို တက်လိုက်ကြမယ့် ကျောင်းသားတွေ...
ဒါကမူရင်းသတင်းပါ....
A university in Taiwan has opened a course to teach students how to appreciate and analyse porn movies.
The Mass Communication Department of Providence University opened the course this semester, reports United Daily News.
To pass the course, students must give a 15 minute presentation in which they analyse an audience's psychological reaction to a porn clip from an academic perspective.
One worried student, who did not wish to be named, commented: "If I get a very good score in this course, I don't know how I'll explain it to my parents."
When registering for the voluntary course, students signed a paper agreeing that if the scenes were too explicit, they could choose to leave the classroom
The teacher, assistant professor Miss Chen Mingmei, said no students had ever left her class but some would briefly cover their eyes during the stronger scenes.
More than 50 students registered for the course, and most of them confessed that they had watched porn videos before.
Curiosity was given as the main reason for taking the course and most admitted their parents did not know what they were studying.
Another student admitted: "I am really worried my parents will see the score report when it is mailed home. I won?t know what to say if I get a high score
"However if I fail the course, I can speak to my parents and suggest that maybe I should watch more porn."
7 comments:
သားကြီး said...
ကောင်းလိုက်တဲ့သင်တန်း
သားကြီးတို့အဲလိုသင်တန်းမျိုးတက်ရင်
ဂုဏ်ထူးတောင်မကဘူး ပါမောက္ခချုပ်နေရာတောင်ရနေလိမ့်မယ်
(အဟဲ...စတာပါဂျာ တားတားဒါတေနားလည်ဝူးးးးးး :P)
နှင်းနဲ့မာယာ said...
အဲဗျ
ကိုသားကြီးက ထိပ်ဆုံးကပါလား...
းး))))
ကိုပီတာရေ စာရင်းလာပေးတဲ့သူ ဘယ်နှစ်ယောက်ရှိနေပီလဲ..
နှင်း
ဒဏ္ဍာရီ said...
ကိုပီတာရေ ..... ကိုသားကြီးကိုပြောလိုက်တော့ မကီကီက စာရင်းပိတ်ပြီတဲ့။ လူပြည့်သွားလို့တဲ့။း)
ခင်မင်လေးစားလျှက်
စိမ်း... said...
အွန်.. ဒုက္ခပါပဲ... ပတ်ဝန်းကျင်က လူတွေကိုတောင် ဘာမေဂျာတက်နေပါတယ် မပြောရဲတဲ့ဟာမျိုးကြီး ကြံကြံဖန်ဖန် ... ခွဲခြမ်းစိတ်ဖြာပြီး ဘာလုပ်မှာမို့လို့တုန်း ရောင်းစားလို့လည်းမရ...
လိုက်ကိုမမီဘူး ခုခေတ်အတွေးအခေါ်တွေများ...
အရှေတိုင်း နိုင်ငံတစ်ခုအနေနဲ့ ဒါမျိုးဘာသာရပ်ကို အသိအမှတ်ပြု သင်ကြားတာသိရတော့ နည်းနည်းလည်း အံ့သြမိတယ်... :)
Sein Lyan Tun said...
စိတ်ကိုဝေဖန်ပိုင်းခြားနိုင်ဖို့
စိတ်အာရုံကိုခံစားနိုင်လည်နိုင်ဖို့
စိတ်ဝေဒနာတစ်ခုခုကိုကုစားနိုင်ဖို့
နည်းပေးလမ်းပြလုပ်ပေးနိုင်မယ့် အိုင်ဒီယာတွေကိုမွေးထုတ်ပေးတာနေမှာပါ
တက်ရောက်သင်ကြားသူများကလည်း စူးစမ်းလေ့လာလိုစိတ်တော်တော်ပြင်းပြပုံရမယ်..
အကျိုးတစ်ခုတော့ရှိမှာသေချာတယ်ဗျာ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
kiki said...
ဟိုက် ရှားလဘတ်စ်...
နာမယ် အလွဲသုံးစားမှု နဲ့ မောင်ပါတီ ကြီးကို တရာ စွဲ ပါတယ် ...
သွပ်ပြား က ရှက်တတ်တာ နော် ..ဟွန်းးး
Unknown said...
ဘယ်ပျောက်နေပါလိမ့်...အော် သင်တန်းတက်နေကြတာကိုး