ဘရာစီယာဝတ်အမျိုးသမီးများကိုကြိမ်ဒါဏ်ပေးသည့် နိုင်ငံ

Saturday, October 17, 2009


Whipped for wearing a 'deceptive' bra: Hardline Islamists in Somalia publicly flog women in Sharia crackdown




 အဲဒီနိုင်ငံကိုတော့ ယောင်လို့ များတောင်မသွားမိစေနဲ့ နော်...



ဆိုမာလီနိုင်ငံမှ အစ္စလာမ်ဘာသာရေးဆိုင်ရာသဘောထား တင်းမာသောသူပုန်အုပ်စုတစ်စုသည်
ဘရာစီယာ ( အမျိုးသမီးရင်ဝတ်လွှာ ) ၀တ်ဆင်ထားသူအမျိုးသမီးများသည် အမြင်အာရုံများကို
လှည့် စား ( မြင်ရသူအမျိုးသားများအတွက်ပေါ့ လေ...) သည့် အတွက် အစ္စလာမ်ဘာသာတရား
အဆုံးအမများကို ချိုးဖောက်ဆန့် ကျင်သည်ဟုဆိုကာ အဆိုပါအမျိုးသမီးများအား လူမြင်ကွင်းတွင်
ကြိမ်ဒဏ်အပြစ်ပေးလျှက်ရှိကြောင်းသိရပါတယ်...

Al Shabaab  သူပုန်အုပ်စုဟာမြို့ တော် မိုဂါဒစ်ရှူး ရဲ့ လမ်းတွေမှာတွေ့ တွေ့ သမျှသော ရွှေရင်ဖြိုး
မောက်သည့် အမျိုးသမီမှန်သမျှကို သိမ်းကြုံးဖမ်းဆီးခေါ်ဆောင်ရန် လက်နက်ကိုင်သူပုန်များကိုစေ
လွှတ်ခဲ့ တယ်လို့ ဒေသခံမြို့ သားတွေက မနေ့ အခိုင်အမာပြောဆိုခဲ့ ကြပါတယ်...
ဖမ်းဆီးခေါ်ဆောင်လာတဲ့ အမျိုးသမီးများကို သူမတို့ ရဲ့ ရွှေရင်ဖြိုးဖြိုးများဟာ သဘာဝအတိုင်းဖြစ်
နေတာလား၊ ဒါမှမဟုတ် ဘရာစီယာရင်စည်းကြောင့် မို့ မောက်ဝင့် ကြွားနေတာလားဆိုတာကို
စစ်ဆေးကြပါတယ်တဲ့ .....( အလုပ်မရှိအကိုင်မရှိဘူးနဲ့ တူတယ်...လုပ်စရာရှားလို့ ဗျာ...)

အကယ်၍ ဘရာစီရာရင်စည်းဝတ်ထားတာတွေ့ ရှိခဲ့ ယင်ချွတ်ပစ်ဖယ်ရှားစေပြီး အဆိုပါအမျိုးသမီး
များရဲ့ ရင်သားများကို ဆွဲကိုင်လှုပ်ယမ်းကြတယ်လို့ မြို့ တော်သားများကဆိုပါတယ်...

ပြင်းထန်တင်းကျပ်သည့်  Sharia ခေါ် အစ္စလာမ်ဘာသာရေးဥပဒေကို ဆိုမာလီတစ်နိုင်ငံလုံး ကိုပြ
ဌာန်းလိုက်နာစေတဲ့  Al Shabaab သူပုန်အုပ်စုဟာ ယခုလဆန်းပိုင်းကလည်း ခိုးဆိုးလုယက်သည့် 
လူငယ်နှစ်ဦးကိုလည်း ခြေတစ်ဖက်နဲ့ လက်တစ်ဖက်စီ ဖြတ်ပစ်ပြီးအပြစ်ပေးခဲ့ ပါသေးတယ်...

သူတို့ ဟာ ရုပ်ရှင်များပြသခြင်း၊ တေးဂီတသံစဉ် မိုးဘိုင်းဖုန်းအသံမြည်ခြင်း၊ လက်ထပ်မင်္ဂလာဧည့် 
ခံပွဲများတွင်သီဆိုတီမှုတ်ကခုန်ခြင်းနဲ့  ဘောလုံးကစားခြင်း၊ ဘောလုံးပွဲကြည့် ခြင်းများကိုလည်း
တားမြစ်ပိတ်ပင်ထားပါသေးတယ်...

” Al Shabaab တွေဟာသူတို့ သတ်မှတ်စံပြုထားတဲ့  မျက်နှာအပြည်ဖုံးထားတဲ့ ဝတ်ရုံတွေကိုအတင်း
အကြပ်ဝတ်စေပြီးအခုဆိုယင်သူတို့ ဟာ ကျွန်မတို့ အမျိုးသမီးတွေရဲ့ ရင်သားတွေကို လှုပ်ခါခိုင်းပါ
တယ် ...( အတုလား၊အစစ်လားသိရအောင်နဲ့ တူတယ်...) လို့ Halima အမည်ရှိ အမျိုးသမီးက ရိုက်
တာသတင်းဌာနကိုပြောပြပါတယ်...လွန်ခဲ့ တဲ့ ကြာသပတေးနေ့ ကပဲသူမရဲ့ သမီးတွေဟာ ( ဘရာ
စီယာ ၀တ်မှုနဲ့  ) ကြိမ်ဒါဏ်အပေးခံခဲ့ ရပါသေးတယ်လို့ သူမကဆက်ပြောခဲ့ ပါတယ်...

” အခုတော့ သူတို့ က အမျိုးသမီးတွေရဲ့ ရင်သားတွေဟာ သဘာဝအတိုင်းဖွံ့ ဖြိုးမို့ မောက်နေတာပဲ
ဖြစ်ရမယ်...ဒါမှမဟုတ်ရင်တော့ ပုံမှန်အတိုင်းရင်ပတ်နဲ့ တစ်ပြေးညီဖြစ်နေစေရမယ်လို့ ဆိုကြပါတယ်..”
လို့ သူမကဆိုပါတယ်...

ဝါရှင်တန် ( အမေရိကန်အစိုးရရဲ့ အဆိုအရ အစ္စလာမ်အစွန်းရောက်အကြမ်းဖက် အယ်လ်ခေးဒါးအဖွဲ့ 
ရဲ့ အဆွယ်အပွားဖြစ်တဲ့ အာဖရိကတိုက်ရဲ့ ဆင်းရဲမွဲတေချွတ်ခြုံကျနေတဲ့ နိုင်ငံရဲ့ သူပုန်အုပ်စုဖြစ်တဲ့ 
Al Shabaab အဖွဲ့ ရဲ့ တာဝန်ရှိသူတွေကတော့ အဆိုပါအကြောင်းအရာနဲ့ ပါတ်သက်ပြီး သဘောထား
မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ ပါတယ်...

အစဉ်အလာဓလေ့ ထုံးတမ်းများအရ အလယ်အလတ်မျှတတဲ့ အစ္စလာမ်အယူဝါဒရှိတဲ့ ဆိုမာလီလူ
မျိုးမူဆလင်များ အတွက်တော့ အဆိုပါသူပုန်အဖွဲ့ ရဲ့ ပြင်းထန်တဲ့ အစ္စလာမ်ဘာသာရေးဆိုင်ရာ
ဥပဒေယူဆချက်များဟာ ထိတ်လန့် တုန်လှုပ်ခြောက်ချားစရာဖြစ်စေခဲ့ ပါတယ်...
သို့ သော် အချို့ သောဒေသခံများကတော့  အခုလိုခပ်ကြမ်းကြမ်းကိုင်တွယ် အုပ်ချူပ်ခဲ့ လို့ အဆို
ပါသူပုန်များထိန်းချူပ်တဲ့ နယ်မြေဒေသတွေမှာ စည်းကမ်းဥပဒေတစ်ကျပြန်လည်ဖြစ်စေခဲ့ လို့ 
သူတို့ ကို ချီးကျူးခဲ့ ကြပါသေးတယ်...
” လူငယ်များ ” လို့  အာရပ်ဘာသာအားဖြင့် အဓိပ္ပါယ်ရတဲ့  Al Shabaab များဟာဆိုမာလီနိုင်ငံရဲ့ 
တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသအများစုကိုထိန်းချူပ်ထားပါတယ်...

မိုဂါဒစ်ရှူးမြို့ တော်မြောက်ပိုင်းက Abdullahi Hussein အမည်ရှိကျောင်းသားတစ်ဦးကတော့  သူရဲ့ 
အစ်ကိုဖြစ်သူဟာ သူတို့ ရဲ့ ညီမဖြစ်သူရဲ့ ဘရာစီယာအတွင်းခံ ကိုချွတ်ခိုင်းပြီးအရှက်ရအောင်ပြုလုပ်
ခဲ့ တဲ့ သူတစ်ဦးကို ပြန်လည်တိုက်ခိုက်ခဲ့ လို့ အခုအခါထောင်သွင်း အကျဉ်းကျခံနေရတယ်လို့ ဆို
ပါတယ်...
” ကျွန်တော့် အစ်ကိုဟာ ကျွန်တော့ ညီမကိုထိုးကြိတ်ရိုက်နှက်ပြီးသူမရဲ့ ဘရာစီယာ ကိုအတင်းချွတ်ပြ
ခိုင်းတဲ့ ကောင်ကိုဝင်ရောက်နပမ်းလုံး ခဲ့ လို့ အခုတော့ ထောင်ချခံခဲ့ ရပါတယ်... သူကအခုလိုညီမ
ဖြစ်သူကိုအတင်းအဓမ္မအရှက်ရ အောင်လုပ်တာကိုဘယ်သည်းခံနိုင်မှာလည်းဗျာ...” လို့  Hussein
ကပြောပြခဲ့ ပါတယ်...
အမျိုးသားများလည်း အဆိုပါသူပုန်များရဲ့  စာရိတ္တသန့် စင်ရေး စက်ကွင်းကမလွတ်ကြရပါဘူး....မုတ်
ဆိတ်မွေးမရှိတဲ့  ( မထားတဲ့  ) အမျိုးသားများဟာလူမြင်ကွင်းမှာကြိမ်ဒါဏ်အပြစ်ပေးခံကြရပါတယ်...

”ကျွန်တော်လမ်းလယ်ကောင်မှာထိုးကြိတ်ရိုက်နှက်တာခံခဲ့ ရပြီးကျွန်တော့် ဆံပင်တွေကိုကပ်ကြေးနဲ့ 
ဖြတ်ဖြစ်ခဲ့ ကြပါတယ်...”  လို့  Hussein ကဆိုပါတယ်...

” ကျွန်တော့် ရဲ့ ဘောင်းဘီကိုလည်း ဒူးဆစ်အထိရောက်အောင်ဖြတ်ပြစ်ကြတယ်...သူတို့ က ( သူပုန်
တွေက ) ကျွန်တော့် ကို မုတ်ဆိတ်မွှေးတွေကိုရိတ်ပစ်တယ်လို့  စွပ်စွဲကြပါတယ်...ဒါပေမယ့် ကျွန်
တော်ကအသက် ဆယ့် ရှစ်နှစ်ပဲ ရှိပါသေးတယ်...”
” သူတို့ ဟာ လူတွေအများအပြားကိုဖမ်းဆီးခဲ့ ကြပါတယ်... ခင်ဗျားဟာကိုယ့် ဘာသာကိုယ်အိမ်ကနေ
ထွက်လာတာနဲ့ ဘာမဆိုင်ညာမဆိုင် မျက်နှာဖုံးစွပ်တားတဲ့ လူတွေရဲ့ ကြိမ်နဲ့ ရိုက်တာကိုခံရတာပါပဲ...”
လို့ သူကပြောပြခဲ့ ပါတယ်....

ကဲ...
     မမတို့ ရေ ...အဲဒီနိုင်ငံများတော့ ယောင်လို့ တောင်မသွားမိစေနဲ့ နော်...

 မူရင်းကတော့ ဒီလိုပါ....
A hardline Islamist group in Somalia has begun publicly whipping women for wearing bras that they claim violate Islam as they are 'deceptive'.

The insurgent group Al Shabaab has sent gunmen into the streets of Mogadishu to round up any women who appear to have a firm bust, residents claimed yesterday.

The women are then inspected to see if the firmness is natural, or if it is the result of wearing a bra.

If they are found wearing a bra, they are ordered to remove it and shake their breasts, residents said.

Al Shabaab, which seeks to impose a strict interpretation of Sharia law over all Somalia, also amputated a foot and a hand each from two young men accused of robbery earlier this month.

They have also banned movies, musical ringtones, dancing at wedding ceremonies and playing or watching soccer.

'Al Shabaab forced us to wear their type of full veil and now they order us to shake our breasts,' a resident, Halima, told Reuters, adding that her daughters had been whipped on Thursday.

'They are now saying that breasts should be firm naturally, or just flat.'
Officials of Al Shabaab, which Washington says is Al Qaeda's proxy in the failed Horn of Africa state, declined to comment.

The group's hardline interpretation of Islamic law has shocked many Somalis, who are traditionally moderate Muslims. Some residents, however, give the insurgents credit for restoring order to the regions under their control.

Al Shabaab, which means 'youth' in Arabic, control large swathes of south and central Somalia.

Abdullahi Hussein, a student in north Mogadishu, said his elder brother was thrown behind bars when he fought back a man who humiliated their sister by asking her to remove her bra.

'My brother was jailed after he wrestled with a man that had beaten my sister and forced her to remove her bra. He could not stand it,' Hussein said.

Men were not spared the' moral cleansing'. Any man caught without a beard was been publicly whipped.

'I was beaten and my hair was cut off with a pair of scissors in the street,' Hussein said.
'My trouser was also cut up to the knee. They accused me of shaving my beard but I am only 18.
'They have arrested dozens of men and women. You just find yourself being whipped by a masked man as soon as leave your house.'

5 comments:

ဒူကဘာ said...

ကိုပီတာ အဲဒီတပ်ဖွဲ့မှာ စစ်ဆေးတဲ့ဖက် အလုပ်အကိုင်လေးများ ဗကင်စီ ရှိယင် အကြောင်းကြား ပေးပါလားဗျာ အမှုတော် ကျေပွန်စွာ ထမ်းဆောင် ချင်လို့ပါ။ ဟဲ..ဟဲ စိုင်းစိုင်း သီချင်းပါ အဆစ် ဆိုပြပါ့မယ် ... "မင်းတို့ လက်တွေ လေထဲ မြောက်ထားလိုက် ...မင်းတို့ လက်တွေ လေထဲ မြောက်ထားလိုက်" ...

သားကြီး said...

အဟီး
အဲဒါမဝတ်ရရင်ဘယ်ကောင်းပါ့မလဲဗျာ
ဒီတိုင်းကြီးဆိုရင် ... ဒီတိုင်းကြီးပဲဖြစ်နေမှာပေါ့လို့...ပေါ့လို့....ပေါ့လို့...

သားကြီး said...

သတိရတယ်ကိုပီတာရေ
ခုမှမန့်ဖြစ်တော့တယ်
မမန့်ဘဲဖတ်ခဲ့တဲ့နေ့တွေအတွက်sorryပါဗျာ

စိမ်း... said...

:O

amk said...

ဒီ စနေနှစ်ခိုင် စစ်ဆေးေ၇းအသင်း ဗကင်စီ ရှိလို့  ကိုကြီးဒူကဘာ ပြီး၇င်ကျွန်တော့ ကိုခေါ်နော် တာဝန်ကျေပွန်စွာ ထမ်းဆောင်ပါမယ် လခလဲ ယူဘူးဗျာ ဖရီးလုပ်ပေးပါမယ်