” ၀ ” တို့ တိုင်းပြည်ရဲ့ ဘာသာပြန်....

Monday, October 12, 2009
” ၀ ” တို့ တိုင်းပြည်ရဲ့ ဘာသာပြန်....





ကမ္ဘာ့ အံ့ ဖွယ်ထဲမှာအပါအ၀င်ဖြစ်တဲ့ တရုတ်ပြည်က မဟာတံတိုင်းကြီး ( Great Wall Of China )
ကိုလာရောက်လည်ပတ်လေ့ လာကြည့် ရှုတဲ့ နိုင်ငံခြားသားဧည့် သည်များ လုံခြုံချောမွေ့ စွာလှည့် 
ပတ်သွားလာကြည့် ရှုနိုင်ရေး နဲ့  ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်ဖြစ်တဲ့ မဟာတံတိုင်းကြီးအရှည်
တည်တံ့ ခိုင်မြဲရေးအတွက် တရုတ်အာဏာပိုင်များကထုတ်ပြန်ခဲ့ တဲ့ ညွှန်ကြားချက်အင်္ဂလိပ်လိုဘာ
သာပြန်လေးပါ....

ကဲ...စည်းကမ်းလေးတွေကြည့် ရအောင်...

၁။ အုတ်တံတိုင်းနံရံမှာ ထင်ရာမြင်ရာ၊စိတ်ကူးပေါက်ရာတွေမရေးခြစ်ရ၊မထွင်းထုရပါ...
    အသိတရားဖြင့် အုတ်တစ်ချပ်၊ကျောက်တစ်တုံး၊ ၀ပ်တစ်အား (Watt ဆိုတော့ မီးအားဝပ်
    ကိုဆိုလိုတယ်လို့ ပဲထင်ပါတယ်...)  ထိန်းသိမ်းကာကွယ်ခြွေတာပါ...

၂။ သင်၏လုံခြုံရေးအတွက် သူရဲခိုရှိသော( ဘုံအဆင့် ရှိသော ) ကင်းမျှော်စင်များသို့ နံရံကို
     တွယ်ပြီးမတက်ပါနှင့် ...

၃။ မတ်စောက်သောဆင်ခြေလျောများနှင့် အန္တရယ်များသောနေရာများတွင်သတိထား၍
    လျှောက်ပါ....
    ပြေးလွှားတွန်းထိုး၍တစ်ဦးနှင့် တစ်ဦးကြမ်းတမ်းစွာဖြတ်ကျော်ခြင်းမပြုရ၊မရယ်မောရ၊
    တစ်ဦးနှင့် တစ်ဦးပြီတီတီမလုပ်ရ၊( တဟီဟီနှင့် ပြီတီတီမလုပ်ရပေါ့ နော်...) မြူးတူး
    ဆော့ ကစားခြင်းမပြုရ...

၎။ မိုးရာသီနှင့်  snow ရာသီ ( အဲလေ...ဆီးနှင်းရာသီ ) များတွင်ကျေးဇူးပြု၍ သင်သတိ
    ထားပါ...

၅။ မဟာတံတိုင်းကြီးသို့ လာရောက်ကြကုန်သော အရွယ်မရောက်သေးသူကလေးသူငယ်
     များနှင့် အရွယ်လွန်ပြီးသူလူကြီးလူအိုများ မိမိတို့ ၏မိဘ၊အုပ်ထိန်းသူများ၏ကြီးကြပ်ကွပ်
     ကဲ၊ထိန်းသိမ်းဦးဆောင်မှုဖြင့် သာလာရောက်ရမည်...( အဖေ၊အမေ မရှိတဲ့ ဘိုးဘိုး၊ဘွား
     ဘွားတွေ မလာရဘူးပေါ့ နော်...)

၆။ ဒုံးပျံ၊လောင်ချာများကိုလည်းတားမြစ်ထားပါသည်...မီးလှုံရန်ထင်းစ၊သစ်သားစများလည်း
    မယူဆောင်လာပါနှင့် ....

၇။ သင်အခက်အခဲနှင့် တွေ့ ပါက ဖုံးဆက်နိုင်ပါသည်...

မူရင်းအင်္ဂလိပ်လိုကပိုပြီးရယ်စရာကောင်းပါတယ်....

2 comments:

Beauty Studio USA Branded Store said...

တရုတ်ကတော့ သူရန်သူကြောက်သားပဲ။
ရွှေဗမာတွေထဲမတော့ ဒီလိုမျိုးလက်ဆော့ခြေဆော့မရှိပါဘူး။

ရွှေရတုမှတ်တမ်း said...

အမလေး..ရီလိုက်ရတာ...ဟား..ဟား..ဟား..
ရေးလဲရေးတတ်ပါပေ့..ပေါက်ဖေါ်တို့ရယ်...