ကမ္ဘာပျက်မည့် ကောလာဟလ
Wednesday, October 28, 2009
ကမ္ဘာကြီးပျက်ခဲ့ မယ်ဆိုယင်....တဲ့ 
ဘလော့ ဂ်တွေပေါ်မှာတော့ သူများတွေပြောနေ၊ရေးနေကြတာတွေ့ ဖူးပါတယ်...
၂၀၁၂ မှာ ကမ္ဘာပျက်မယ်၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ်နဲ့ .....
ဒါနဲ့ ကိုယ်ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားကဒီအကြောင်းနဲ့ ပါတ်သက်ပြီးဘယ်လို
များဟောထား၊ပြောထားတာတွေများရှိ သလဲလို့ လေ့ လာကြည့် လိုက်တော့ ဒီလို
ကမ္ဘာပျက်တာနဲ့ ပါတ်သက်တာလေးတွေတွေ့ ရလို့  ဒီတက်ဂ်ထားတာလေးမပြောခင်ဗဟုသုတ
အနေနဲ့ အရင်ပြန်ပြောချင်ပါသေးတယ်...
အခုလိုပဲ ကမ္ဘာကြီးပျက်တော့ မယ်တို့ ၊ ဘာတို့ ဆိုပြီးမဖြစ်သေးတာတွေဖြစ်တော့ မယ့် အ
ကြောင်းသတင်းစကားတွေကို တစ်ဦးစနှစ်ဦးစကနေ လူအများစုပေါင်းပြီးပြောဆိုကြတာကို
ကောလာဟလ လို့ ခေါ်ပါတယ်...
တစ်ကယ်အမှန်ဖြစ်ပေါ်လာမယ့် အရာတွေရှိသလို ဟုတ်မလိုလိုနဲ့ ဖြစ်မလာတာတွေလည်း
ရှိသပေါ့ ...ဒါကအရပ်ထဲကကောလာဟလ ပေါ့ ...( အရပ်စကားနဲ့ ပြောယင်ကောလဟာလ
လို့ အများစုက ဆိုကြပါတယ်...)
အဲဒီကောလာဟလ ကလည်းငါးမျိုးတောင်ရှိဆိုပဲ....
(၁) ကပ္ပကောလာဟလ
      ကမ္ဘာပျက်မည့် ကောလာဟလ
(၂) စက္ကဝတ္တိကောလာဟလ
      စကြ၀တေးမင်းပေါ်ပေါက်လာမည့် ကောလာဟလ
(၃)ဗုဒ္ဓကောလာဟလ
     မြတ်စွာဘုရားပွင့် ထွန်းပေါ်ပေါက်လာမည့်  ( ဘုရားဖြစ်အောင်ကျင့် ကြံအားထုတ်မည့် သူ
     ပေါ်ပေါက်လာမည့် ) ကောလာဟလ
(၄)မင်္ဂလကောလာဟလ
    (ပရိတ်ကြီး ၁၁ သုတ်ထဲက ) မင်္ဂလသုတ္တန်ပေါ်ပေါက်လာရန်အတွက် ကြိုတင်ပြီးဖြစ်ပေါ်သော
     ဘယ်အရာကမင်္ဂလာရှိတယ်...စသည်ဖြင့် ပြောဆိုကြသော ကောလာဟလ
(၅)မောနေယျကောလာဟလ
     ကျင့် နိုင်ခဲ သော ဘုရားသာသနာတွင်၊ကျင့် နိုင်ခဲသော မဂ်ဖိုလ်နိဗ္ဗာန်သို့ မျက်မှောက်ပြုစေ
     နိုင်သောအကျင့် တရား ကောလာဟလ
             တို့ ဖြစ်ပါတယ်....
ဒီနေရာမှာတော့  ကမ္ဘာပျက်မယ့် အကြောင်းမို့  ကမ္ဘာကြီးတစ်ကယ်ပဲပျက်တော့ မည်လော...
ကမ္ဘာတစ်ခုဟာ ဘယ်လောက်ကြာကြာတည်တံ့ သလဲဆိုတာလေးကိုပဲ ဗဟုသုတအဖြစ်ပြန်
လည်တင်ပြချင်ပါတယ်...
အခုလက်ရှိ ကမ္ဘာကို ဗုဒ္ဓတရားတော်များအရ ဘဒ္ဒ ကမ္ဘာလို့ ခေါ်ပါတယ်....
ဗုဒ္ဓဘုရားငါးဆူပွင့် မယ့် ကမ္ဘာပေါ့ ....
အခုထက်ထိ ဘုရားပေါင်းလေးဆူပွင့် ခဲ့ ၊ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ ပြီးတာမို့ နောက်ထပ် ဗုဒ္ဓဘုရား
တစ်ဆူ ( အရိမေတ္တိယျ ဘုရား ) ပွင့် ထွန်းပေါ်ပေါက်ဖို့ ကျန်ပါသေးတယ်...
အဲဒီအတွက် ဒီကမ္ဘာကြီးဟာလုံးဝ ကိုပျက်စီးသွားဖို့ မရှိပါ....
လူအမြောက်အများ သေကြေပျက်စီးမယ့်  သဘာဝဘေးအန္တရယ်တွေ၊ စစ်ပွဲတွေ၊ ရောဂါဘေး
အန္တရာယ်တွေ၊ အငတ်ဘေးတွေတော့ ဖြစ်မှာပါ...သို့ သော် သက်ရှိလူသား၊တိရိစ္ဆာန်တွေ တစ်
ဦးတစ်ယောက်မျှမကျန်ရအောင် အလုံးစုံပျက်စီးခြင်းကတော့ မဖြစ်နိုင်သေးပါဘူး...
ကျွန်တော့် အထင်တော့ လူတွေရဲ့ ကိုယ်ကျင့် သီလတွေ အကြီးအကျယ်ချိုးဖောက်ကြတဲ့ အခါ၊
ကာမဂုဏ်အာရုံတွေကို အလွန်အမင်း၊အကြီးအကျယ် မှားမှားယွင်းယွင်းခံစားသုံးဆောင်ကြတဲ့
အခါ၊မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ စတဲ့  ဗြဟ္မစို တရားတွေအကြီးအကျယ်ခေါင်းပါးလာတဲ့ 
အခါတွေမှာ လူတွေသံဝေဂတရားတွေရစေဖို့ ဒီလိုကောလာဟလ တွေပေါ်ပေါက်လာရတယ်
လို့ ပဲထင်ပါတယ်...
ကဲ....
ကမ္ဘာပျက်မယ့် ကောလာဟလအကြောင်းလေး ပါဠိတော်ဘာသာပြန်ကတော့ ဒီလိုဆိုထားပါတယ်...
ကပ္ပကောလာဟလ
ကမ္ဘာကြီး ပျက်တော့မည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို ကပ္ပကောလာဟလဟူ၍ခေါ်ဆို၏။
ကမ္ဘာပျက်လုနီးလာသော အခါ မပျက်မီနှစ်ပေါင်းတသိန်းက ကြိုတင်၍ လောကဗျူဟာ အမည်ရှိ
သောကာမာဝစရနတ်တို့သည် နီမြန်းသောအဝတ်တို့ကို ဝတ်ဆင်ကြပြီးလျှင် ဆံပင်ကိုဖားယားချ
ကုန်၍ ငိုယိုသောမျက်နှာမှ မျက်ရည်တို့ကို သုတ်ကာသုတ်ကာအလွန်မသက်သာသော အသွင်အ
ပြင် အခြင်းအရာတို့ဖြင့် လူတို့သွားလာရာ ခရီးလမ်းတို့၌ လှည့်လည်ကြကုန်လျှက်---
အချင်းတို့….
ဤနှစ်မှစ၍နောက် အနှစ်တသိန်းလွန်သော အခါ၌ ဤကမ္ဘာလောကကြီးသည်ပျက်စီးတော့ပေမည်၊
မဟာသမုဒ္ဒရာ သည် ခန်းခြောက်တော့မည်၊မဟာသမုဒ္ဒရာသည်လည်းခြောက်ခန်းတော့မည်၊
ပထ၀ီမြေကြီးသည်၎င်း၊မြင်းမိုရ်တောင်မင်းသည် ၎င်း၊ဤအလုံးစုံတို့သည်(မီးဖျက်မည့်ကမ္ဘာဖြစ်လျှင်)
မီးလောင်၍ပျက်စီးကုန်လိမ့်မည်၊(ရေဖျက်မည့်ကမ္ဘာဖြစ်လျှင်)ရေလွှမ်းမိုး၍ ပျက်စီးကုန်လိမ့်မည်၊
(လေဖျက်မည့်ကမ္ဘာဖြစ်လျှင်)လေပြင်းလေကြမ်းတိုက်ခတ်၍ ပျက်စီးကုန်လိမ့်မည်၊မြင်းမိုရ် သမုဒ္ဒရာ
တို့၏ တည်ရာ ဤမဟာပထဝီမြေကြီးမှသည် ဗြဟ္မာ့ပြည်တိုင်အောင် ဤကမ္ဘာလောကကြီး ပျက်စီးလိမ့်မည်၊
အိုအချင်းတို့…
သင်တို့ သည် မေတ္တာတရားကိုပွားများကြကုန်လော့၊ကရုဏာတရားကိုပွားများကြကုန်လော့၊မုဒိတာ
တရားကိုပွားများကြကုန်လော့၊ ဥပေက္ခာဗြဟ္မစိုရ် တရားကိုပွားများကြကုန်လော့။အမိ အဖတို့ကို
ရိုသေစွာ ပြုစုလုပ်ကြွေးကြကုန်လော့၊သက်ကြီးသူအို ရိုသေထိုက်သူတို့ကို ရိုသေကြကုန်လော့၊
ကုသိုလ်ကောင်းမှုတို့၌ အစဉ်နှိုးကြားကြကုန်လော့၊မမေ့မလျော့ကြကုန်လင့်…. ဟူ၍ အနှံ့အပြား
လူအပေါင်းတို့ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ဤသို့ကြွေးကြော်သည်ကို အကြောင်း
အစပြူ၍ ကမ္ဘာကြီးပျက်တော့မည်တဲ့…ကမ္ဘာကြီးပျက်တော့မည်တဲ့ ဟူ၍ လူအများစုရုံးကာ
နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းကို ကပ္ပကောလာဟလ
ဟူ၍ခေါ်ဆိုကြပါသည်။
ကမ္ဘာပျက်မယ့် ကောလာဟလတော့ သိရပြီ....
ကျွန်တော်တို့ နေထိုင်ရာဒီကမ္ဘာကြီးဘယ်လောက်သက်တမ်းရှည်သလဲ၊ရှည်မလဲဆိုတာကိုရော
ထိုထိုပါဠိတော်များမှာဘယ်လိုပြောထားသလဲဆိုတော့ ....
ပဗ္ဗတသုတ် -
သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏၊
ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာ ဘုရားကို ရှိခိုးလျက်
တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား...
''အရှင်ဘုရား ကမ္ဘာသည် အဘယ်မျှလောက် ရှည်ပါသနည်း'' ဟု လျှောက်၏။
ရဟန်း ကမ္ဘာသည် ရှည်လျားလှ၏၊ ထိုကမ္ဘာကို ''ဤမျှသော နှစ်တို့'' ဟူ၍ လည်းကောင်း၊
''ဤမျှသော နှစ်အရာတို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော နှစ်အထောင်တို့'' ဟူ၍
လည်းကောင်း၊ ''ဤမျှသော နှစ်အသိန်းတို့'' ဟူ၍ လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ဟု
မိန့်တော်မူ၏။
အရှင်ဘုရား ဥပမာကို ပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်ပြန်၏။ ''ရဟန်း
တတ်ကောင်း၏'' ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း ဥပမာသော်ကား
မကွဲမပြတ်သော အခေါင်းမရှိသော တစ်ခဲနက်ဖြစ်သော ကျောက်တောင်ကြီးသည်
အလျားအားဖြင့် တစ်ယူဇနာ အနံအားဖြင့် တစ်ယူဇနာ အစောက်အားဖြင့်
တစ်ယူဇနာ ရှိ၏၊ ထို ကျောက်တောင်ကြီးကို ယောက်ျားသည် အနှစ်တစ်ရာ အနှစ်
တစ်ရာ လွန်သောအခါ၌ ကာသိတိုင်းဖြစ် အဝတ်ဖြင့် တစ်ကြိမ်တစ်ကြိမ်သာ
ပွတ်တိုက်ရာ၏၊ ရဟန်း ထိုကျောက်တောင်ကြီးသည် ဤလုံ့လဖြင့် လျင်စွာသာလျှင်
ကုန်ခြင်းဆုံးခြင်းသို့ ရောက်ရာ၏၊ ကမ္ဘာသည် ကုန်ခြင်းဆုံးခြင်းသို့ မရောက်ရာ။
ရဟန်း ကမ္ဘာသည် ဤသို့ ရှည်လှစွာ၏၊ ရဟန်း ဤသို့ ရှည်လျားလှသော ကမ္ဘာတို့၏
''တစ်ခုသောကမ္ဘာ'' ဟူ၍ မပြောဆိုအပ်၊ ''ကမ္ဘာတစ်ရာ'' ဟူ၍ မပြောဆိုအပ်၊ ''ကမ္ဘာ
တစ်ထောင်'' ဟူ၍ မပြောဆိုအပ်၊ ''ကမ္ဘာတစ်သိန်း'' ဟူ၍ မပြောဆိုအပ်။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း-
ရဟန်း ဤသံသရာ၏အစကို မသိနိုင်၊ ရှေ့အစွန်းသည်။ပ။ ရဟန်းတို့ ဤသို့လျှင် အလုံးစုံသော
သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှသည် သာလျှင်တည်း၊ တပ်ခြင်း ကင်းခြင်းငှါ သင့်လှသည်
သာလျှင်တည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှသည် သာလျှင်တည်းဟု ဟောတော်မူ၏။ 128
၅ - ပဗ္ဗတသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။
ဒါကတော့ လက်ရှိကမ္ဘာကြီးရဲ့ အကြောင်းပေါ့ ....
ဒီလက်ရှိကမ္ဘာကြီးမတိုင်မီကလည်း တစ်ခြားကမ္ဘာတွေလည်းရှိခဲ့ သေးသလို၊ ဒီကမ္ဘာကြီးပျက်စီး
ပြီးသွားယင်လည်းနောက်ကမ္ဘာအသစ်တွေပေါ်လာဦးမှာပါပဲ...ဤသို့ ဖြစ်လာလိုက်၊ပျက်သွားလိုက်
သည်ကိုပင်လျှင်၊ ဘ၀တွေအကြိမ်ကြိမ်ဖြစ်နေရသည်ကိုပင်လျှင် သံသရာဟုခေါ်ရသည် မဟုတ်ပါ
လား....
ကဲ...
ကြုံကြိုက်လို့ တစ်ဆက်တည်းပဲ ကုန်လွန်ပျက်သုန်းခဲ့ ပြီးသောကမ္ဘာများအကြောင်းလဲ လောက
ဗဟုသုတ၊ ဓမ္မဗဟုသုတအဖြစ်ဖတ်လိုက်ပါဦး...
သာဝကသုတ်
သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏၊
ထိုအခါ၌ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးလျှင်။ပ။ မြတ်စွာဘုရားအား ''အသျှင်ဘုရား ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် အဘယ်မျှလောက် များပါကုန်သနည်း''ဟု လျှောက်၏။ ရဟန်းတို့ ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် များလှကုန်၏၊ ထိုလွန်ကုန်ပြီးသော ကမ္ဘာတို့ကို ''ဤမျှသော ကမ္ဘာတို့'' ဟူ၍ လည်း
ကောင်း၊ ''ဤမျှသော ကမ္ဘာအရာတို့''ဟူ၍လည်းကောင်း၊ ''ဤမျှ သော ကမ္ဘာအထောင်တို့'' ဟူ၍လည်းကောင်း၊ ''ဤမျှသော ကမ္ဘာအသိန်း'' တို့ ဟူ၍ လည်းကောင်း ရေတွက် ခြင်းငှါ မလွယ် ဟု မိန့်တော်မူ၏။
အသျှင်ဘုရား ဥပမာကို ပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်ပြန်၏။ ''ရဟန်းတို့
တတ်ကောင်း၏'' ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်းတို့ ဤသာသနာတော်၌
အနှစ် တစ်ရာ အသက်တမ်းရှိသည် ဖြစ်၍ အနှစ်တစ်ရာ အသက်ရှည်ကုန်သော တပည့်
'သာဝက' လေးယောက်တို့သည် နေ့တိုင်း နေ့တိုင်း ကမ္ဘာကပ်ပေါင်းတစ်သိန်း ကမ္ဘာကပ်ပေါင်း
တစ်သိန်းကို အောက်မေ့ကုန်ရာ၏၊ ထိုသို့ အောက်မေ့စဉ် အနှစ်တစ်ရာ အသက်တမ်း ရှိသည်
ဖြစ်၍ အနှစ်တစ်ရာ အသက်ရှည်ကုန်သော ဤတပည့် 'သာဝက' လေးယောက်တို့သည်
အနှစ်တစ်ရာ ကို လွန်သောအခါ၌ သေခြင်းကို ပြုကုန်ရာ၏၊ ရဟန်းတို့ ထိုတပည့် 'သာဝက' လေးယောက်တို့သည် ကမ္ဘာတို့ကို ကုန်အောင် မအောင့်မေ့နိုင်သည်သာတည်း။
ရဟန်းတို့ ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် ဤသို့ များလှကုန်၏၊ ထိုကမ္ဘာတို့ကို
''ဤမျှသော ကမ္ဘာတို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော ကမ္ဘာ အရာတို့''ဟူ၍ လည်းကောင်း၊
''ဤမျှသော ကမ္ဘာအထောင်တို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော ကမ္ဘာအသိန်းတို့'' ဟူ၍
လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ကုန်။
ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း-
ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။
လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်း ဟု ဟောတော်မူ၏။ 130
၇ - သာဝကသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။
ကဲ...ဒါတွေကတော့ ကမ္ဘာကြီးပျက်မှာနဲ့ ဆိုင်တဲ့ ဗဟုသုတတွေပဲပေါ့ ...
အထက်ပါဗဟုသုတများကို ဆရာလေးတစ်ပါးရဲ့ သုခကာမိဘလော့   နဲ့  ဆရာတော်
ဦးလောကနာထရဲ့ ဓမ္မစာမျက်နှာများ မှရယူပြီးပြန်လည်တင်ပြပါတယ်...
လောကသုတ၊ ဓမ္မသုတ များတိုးတက်ပွားများနိုင်ပါစေ...
13 comments:
မြတ်နိုး said...
good post.
An Asian Tour Operator said...
I like they way you approach. Bravo! If I have chance, I would like to make conversation for general. By the way, I am your audience.
မိုးမောင် said...
အလွန်တရာမှ ကောင်းမွန်ပြည့်စုံတဲ့ ဆောင်းပါးတစ်ပုဒ်ပါပဲ။ ဒီလို အချက်ကျကျနဲ့ အခြေအမြစ်ရှိတဲ့ ဆောင်းပါးမျိုးဖတ်ရလို့ ကျေနပ်မိပါတယ်။ ဒါမျိုးတွေက ဘလောဂ့်ပိုစ့်တွေထဲ ရှားတယ်။
ဒဏ္ဍာရီ said...
အကို့ရဲ့ ပိုစ့်လေး အတွက် အပေါ်က အကိုမိုးမောင် ပြောသွားသလိုပါပဲ။ တန်ဖိုးရှိတဲ့ စာပေတွေကို ရေးသားပေးလို့ ကျေးဇူးတင်ပါတယ်။ မှတ်သား ကူးယူသွားပါတယ် အကို။
ခင်မင်လေးစားလျှက်
စိမ်း... said...
ဟုတ်ကဲ့ပါ ကိုပီတာရေ... ကမ္ဘာပျက်မယ်ဆိုတာကတော့ အယုံအကြည်မရှိပါဘူး ဘာလို့ဆို မြတ်စွာဘုရားဟောထားတာကို ကိုယ်က အကြွင်းမဲ့ ယုံကြည်ထားတာကိုး... ဒါပေမယ့်လည်း မျက်စိစုံမှိတ်ခြေစုံကန် ငြင်းနေလို့မှ မရတာ... ခုလို အထောက်အထားလေးနဲ့ဆိုတော့ ပြောအားပိုရှိတာပေါ့... အလဟဿ အကျိုးမရှိတဲ့ အကြောင်းအရာပေါ်မူတည်ပြီး အငြင်းအခုန်မလုပ်လိုဘူး... အချိန်တန်တော့သိကြမှာပေါ့ ဘယ်သူမှန်တယ်ဆိုတာ... ဟုတ်ဘူးလား
Mogok Thar said...
အင်မတန် ကောင်းမွန် ပြည့်စုံတဲ့ ပို့စ်လေးပါပဲ ခင်ဗျာ။
ဗဟုသုတ များစွာ ရလိုက်ပါတယ်။
ကိုမိုးမှောင် ရဲ့ ကော်မန့်ကို ထောက်ခံသွားပါတယ်။
မငုံ said...
ကမ္ဘာပျက်မယ်လို့ ကြားဖူးပေမဲ့ မယုံပါဘူး။ ကိုပီတာကြီး ဝေမျှထားတာ ကောင်းတယ်။
မဟာဆန် said...
A very reasonable approch. Great.
:P said...
စိတ်ကျေနပ်စရာ ဆောင်းပါးတစ်ပုဒ်ပါ။
သူငယ်ချင်းတွေကိုလည်း လင့်ခ်ပေးပြီး ဖတ်ခိုင်းလိုက်ဦးမယ်။
သားကြီး said...
ခုမှပဲအနေချောင်သွားတော့တယ် ဟူးးးးးး :)
pandora said...
တကယ်ကို ဗဟုသုတ ရပါတယ်။ ဒါမျိုးဖတ်ချင်နေတာ ကျေးဇူးပဲ။
Anonymous said...
ကမ္ဘာ ပျက်မယ်ဆိုတာ စိတ်ကူးယဉ် သမားတွေရဲ့ ယုံတမ်းစကားပါ။ အဓိက ပြောကြတာ မာယန် လူမျိုးတွေရဲ့ ပြက္ခဒိန် အရ ၂၀၁၂ မှာ ကပ်သက်တမ်းတစ်ခု ကုန်သွားတယ်ဆိုတာပါပဲ။ အမှန်က ကပ်သက်တမ်းဆိုတာ လ၊ နှစ် ပြီး ရင် ပေါ် လာမယ့် သက်တမ်းကြီး တစ်ခု ပဲ ဖြစ်ပါတယ်။ နေမိသားစု က galatic equator ကို ဖြတ်တဲ့ အချိန်ပါ။ သည်အချိန်မှာ ပြက္ခဒိန် ကို ၀ နာရီက နေ ပြန်စ ပါတယ်။ ဇန်န၀ါရီ လ ၁ ရက်နေ့၊ သို့ လတစ်လရဲ့ ၁ ရက်နေ့လိုပါပဲ.. ။ စီးပွားရေးသမားတွေက တော့ စိတ်ကူးယဉ် ပြပြီး ငွေသဲ့ ယူသွားကြတာပါပဲ။ တစ်ခုတော့ ရှိတာပေါ့ ၊ ဂလက်စီရဲ့ အီကွေတာကို ဖြတ်တဲ့ အချိန် မှာ အခြားကြယ်စုတွေ ရဲ့ ဆွဲငင်အား သက်ရောက်မှု ကြောင့် ကမ္ဘာပေါ် မှာ ရာသီဥတု အပြောင်းအလဲ အနည်းငယ် ဖြစ်နိုင်တာပေါ့ ။
ကမ္ဘာ တစ်ကယ်ပျက်ဖို့ နှစ် ပေါင်း သန်း ၆၀ လောက်လိုသေးတယ်။ အဲ့ဒိ အချိန် နေရဲ့ ဟိုက်ဒြိုဟ်ဂျင်ဂက်စ် တွေ ကုန်သွားမှာမို့လို့ပဲ..၊ စူပါနိုဗာ လို့ ခေါ် တဲ့ ကြယ်ပေါက်ကွဲမှု ဖြစ်ပြီး နေနဲ့ အရံဂြိုဟ် တွေ ကိစ္စတုံးကုန်မှာပါ.. ။
ဒါပေမယ့် သိပ်တော့ မပူပါနဲ့ အဲ့လို ဟိုက်ဒြိုဂျင်တွေ ကုန်သွားရင် တရုတ်ပြည်ကြီးက supply ထပ်လုပ်ပါလိမ့်မယ်..
Nge Naing said...
စာလာဖတ်သွားပါတယ်။ ဘာသာရေး ရှုဒေါင့်ကနေ အသေးစိတ် ရှင်းပြထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မဘလော့ဂ်မှာလည်း ဘာသာရေးနဲ့ ပတ်သက်ပြီး အဲဒီလောက် အသေးစိတ်မကျပေမယ့် သိပ္ပံ ရှုဒေါင့်ရော ဘာသာရေး ရှုဒေါင့်ကပါ နှစ်ခုစလုံး ပေါင်းပြီးစုစည်း တင်ပြပေးထားပါတယ်။