Till Shoes do Us Part....
Tuesday, October 13, 2009
Till Shoes do Us Part....
ဒဏ္ဍာရီမဆန်တဲ့ ဒဏ္ဍာရီရွာကလေးကချစ်သူနှစ်ဦးရဲ့ ဒဏ္ဍာရီပေါ့ ....
အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်ရှိကျေးရွာတစ်ရွာမှအုပ်ချူပ်သူအကြီးအကဲလူကြီးများဟာ
ပန်းခြံတစ်ခုမှာအတူထိုင်နေကြတာကိုဖမ်းဆီးမိတဲ့ သမီးရည်းစားစုံတွဲတစ်တွဲကိုအပြစ်ပေးတဲ့ အနေ
နဲ့ တစ်ဦးကိုတစ်ဦးသူတို့ စီးတဲ့ ဘိနပ်နဲ့ အပြန်အလှန်ရိုက်ဖို့ အတင်းအကြပ်စေခိုင်းခဲ့ ပါတယ်...
ရွာကလေးမှာနေထိုင်ကြတဲ့ အသက် ၂၆ နှစ်အရွယ် Amar Sing  နဲ့ အသက်၂၁ နှစ်အရွယ်   Omwati
တို့ နှစ်ဦးဟာလွန်ခဲ့ တဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာအများပြည်သူရွာသားတွေရှေ့ မှောက်မှာရွာလူကြီးတွေ
ရဲ့ အမိန့် အတိုင်းတစ်ဦးကိုတစ်ဦးအပြန်အလှန်ဖိနပ်နဲ့ ရိုက်ခဲ့ ကြရတာပါတဲ့ ....
” ပထမတော့ သူတို့ ချစ်သူနှစ်ဦးဟာအဲဒီလိုလုပ်ဖို့ ငြင်းဆန်ခဲ့ ကြပါတယ်... ဒါပေမယ့် နောက်ပိုင်းတော့ 
ရွာလူကြီးတွေကသူတို့ အမိန့် ပေးတဲ့ အတိုင်းမလိုက်နာလျှင်သူတို့ ရော၊သူတို့ မိဘတွေပါရွာကနေထွက်
ခွာသွားကြရမယ်ဆိုလို့ အခုလိုပြုလုပ်ကြဖို့ လိုက်လျောခဲ့ ကြရတာပါ...”  လို့ ရွာသားတစ်ဦးကသတင်း
ထောက်တွေကိုပြောပြပါတယ်....
”  ရွာလူကြီးတွေကသူတို့ အနေနဲ့ ချစ်သူနှစ်ဦးကိုနောက်တစ်ခါအခုလိုထပ်ပြီးတွေ့ ရှိရဦးမယ်ဆိုယင်မိ
သားစုနှစ်စုစလုံးကိုရွာကနေထွက်ခွာသွားရမယ့် အပြင်ဒါဏ်ငွေအိန္ဒိယရူပီး ငွေ ၂၀၀၀၀  ပါပေးဆောင်
ရမယ်ပြောခဲ့ ပါတယ်....”  လို့ အဲဒီရွာသားကထပ်ပြောပြပါတယ်...
တယ်....
” အဲဒီကိစ္စဟာပေါ့ သေးသေးကိစ္စမဟုတ်ပါဘူး....အခုလိုလူငယ်ချစ်သူနှစ်ဦးကိုတစ်ဦးနဲ့ တစ်ဦးဖိနပ်
နဲ့ ရိုက်စေဖို့ အတင်းအကြပ်ပြုလုပ်ခိုင်းသူတွေကိုကျွန်တော်တို့ ထိထိရောက်ရောက်ပြင်းပြင်းထန်ထန်
အရေးယူသွားမှာပါ...”  လို့  ရဲ မှူးကြီး K.K  Pushkar  ကပြောခဲ့ ပါတယ်...( ရုပ်ရှင်တွေထဲကအတိုင်း
ပေါ့ ဗျာ....အားလုံးပြီးမှရဲတွေရောက်လာတယ်....)
သြော်....သူတို့ ချစ်သူနှစ်ဦးချစ်ကြည်နူးတာကလဲ ...ဖိနပ်နဲ့ ပါးရိုက်ကြရတဲ့ အဖြစ်နဲ့ ဇတ်သိမ်းခဲ့ ရ
ပါလား....တော်တော်ကိုယ်ချင်းမစာတဲ့ ရွာလူကြီးတွေပဲနော်....
ဒဏ္ဍာရီဆိုတဲ့ ရွာကလေးကချစ်သူနှစ်ဦးရဲ့ ဒဏ္ဍာရီမဆန်တဲ့  ဒဏ္ဍာရီအဖြစ်အပျက်ကလေးပေါ့ .....
A village council in Uttar Pradesh forced a love-struck couple to slap each
other with shoes after they were caught sitting together in a park.
Amar Singh, 26, and Omwati, 21, both residents of the Dhanarr village in
Badaun district, about  250 km form Lucknow City , were on Wednesday
evening made to beat each other in full public view on the directions of the
village council.
" Initially , the couple refused to obey the panchayat's order. But they agreed
after members of the panchayat said they would have to leave the village
along with their parents if they defied the order," Khempal, a resident of the village, told reporters.
" The panchayat members also made it clear that the next time they were caught, they and their families would have to leave and also pay a fine of  Rs 20,000 , "  he added.
According to locals, Amar Singh and Omwati  had been going out for over a year. Omwati's  family spotted them sitting together in the park.
'The matter is serious. We will take stern action against those who forced the couple to beat each other,' said Superintendent of Police (rural) K.K. Pushkar.
1 comments:
kiki said...
အံမလေး .. ဂွပ်ဂွပ် ဖိနပ်နဲ့ ခုံဖိနပ် များ စီးထား မိလို့ ကတော့ လေ ....ဗြဲ ဟဲ ဟဲ