Pampered pooch hotel

Monday, October 19, 2009
အဆင့် မြင့် ခွေးဇိမ်ခံဟိုတယ်...

Pampered pooch hotel






အေးအေးဆေးဆေးအနားယူနေတယ်....
Laid back ... dog takes time-out at the hotel





လာကြလေမိတ်ဆွေများ....ပျော်ပျော်ပါးပါပေါ့ ...
အရိုးပုံနဲ့ ရေကူးကန်မှာ...အမျိုးစုံတဲ့ ၊ အခွင့် ထူးခံမယ်....
Wuffing it ... luxury doggy resort




ခွေးဘ၀....အေးမြ လှချေတကား...
A dog's life ... pup relaxes by the pool




အထက်ပါဇိမ်ခံဟိုတယ်ကား ဟောလိဝုဒ် မှ တစ်ကယ့် ခွေးဆိုမှခွေးများ၏ အပန်းဖြေစခန်း
ပါပေ....
လာရောက်တည်းခိုအနားယူသည့် ခွေးများကိုလည်းကြည့် ပါဦး....
ဆီလ်ဗက်စတာစတောလုံးရဲ့ ခွေး၊ ဂျနီဖာလိုပက်ရဲ့ ခွေး၊ ဒရူးဘယ်ရီမိုးရဲ့ ခွေး စတဲ့ နာမည်
ကျော် ဟောလိဝုဒ် စတားတွေရဲ့ ခွေးတွေပါတဲ့ ....
ဒါပေမယ့် သူတို့ ရဲ့ သခင်တွေ၊နာမည်ကျော်အနုပညာရှင်တွေကိုယ်တိုင်တောင် အဆိုပါဟို
တယ်ကို ၀င်ရောက်တည်းခိုခွင့် မရရှာပေ...
တည်းခိုခွင့် ရဖို့ အဓိကလိုအပ်သည့် အချက်အလက်များကား...
အမွေးစုတ်ဖွားဖြစ်ရမည်...အမြီးတစ်လှုပ်လှုပ်ဖြစ်နေရမည်...နောက်ဆုံးအချက်အနေဖြင့် 
ခြေထောက်လေးချောင်းရှိရမည် ဟူသတည်း...

ကြယ်ငါးပွင့် အဆင့်  Disneyland စတိုင် ဟိုတယ်ကား နာမည်ကျော်အနုပညာရှင်သရုပ်
ဆောင်များ ရပ်ဝေးမြေခြား၌ အနားယူအပန်းဖြေစဉ်သော်လည်းကောင်း၊ရိုက်ကွင်းအတွက်
ခရီးထွက်နေစဉ်သော်လည်းကောင်း၊ ထိုကာလအတွင်း ၄င်းတို့ ၏ အချစ်တော်ခွေးများအ
တွက် လိုလေသေးမရှိပြုစုစောင့် ရှောက်ပေးဖို့ ထားခဲ့ သည့် နေရာပါပေ...

ထိုဟိုတယ်တွင် နာမည်ကျော်များ၏ခွေးများက အုန်းပင်၊ထန်းပင်များအောက်ကအေးမြသည့် 
အရိပ်ထဲက ကြိုးပုခက်ထဲတွင်အနားယူနေသည့် အချိန်တွင် ဟိုတယ်ဝန်ထမ်းများက ထိုထိုခွေး
တိရိစ္ဆာန်များ၏ ၀တ်ကြီးဝတ်ငယ် အသွယ်သွယ်ကိုပြုစုလုပ်ကိုင်ဝန်ဆောင်မှုပေးနေသည်ဆို
ပါသတည်း...

ခွေးများအညောင်းပြေအညာပြေလမ်းလျှောက်နိုင်ဖို့  ငါးဧကမျှကျယ်ဝန်းသည့်  ညီညာလှပစွာ
ဖြတ်ရိတ်ထားသည့် မြက်ခင်းများ၊ ရေပန်းများ၊ ရေတံခွန်များနှင့်  အေးအေးချမ်းချမ်း ရေစိမ်ဆော့ 
ကစားနိုင်မည့် အရိုးပုံ ရေကူးကန်ပင်ဖန်တီးစီစဉ်ထားပေသည်...

ပျော်ပျော်ပါးပါး၊ဆော့ ကစားချင်သည့် ခွေးသူငယ်များအတွက်တော့  ကစားစရာအစုံပါသည့် 
Wonder Park တွင်သွားရောက်ဆော့ ကစားနိုင်သည်...အရိုးပုံသန္တာကျောက်တန်းရေစခန်း၊
ခွေးလျှောစီးသည့် ပိုက်များ၊ ခွေးများပြေးလွှားဆော့ ကစားနိုင်မည့် ဆင်ခြေလျှောများ၊ ခွေးများ
အတွက်သီးသန့် ဖန်တီးထားသည့် အချစ်လှိုဏ်ခေါင်း တို့ လည်းပါဝင်ပါသေးသည်...

အစားအသောက်ဆိုလျှင်လည်း ခွေးတစ်ဦးချင်း  ...အဲလေ...တစ်ကောင်ချင်းစီ၏ အစာအဟာ
ရလိုအပ်မှုအလိုက် LA စတိုင်ဖြင့် အထူးစီမံချက်ပြုတ် ပြင်ဆင်ပေးသည်...
ခွေးများအတွက်အပြတ်အလပ်မရှိ အစာပြေ၊အပျင်းပြေ၊အ၀စားနိုင်ရန် စားပွဲထိုးများကလည်း
၂၄ နာရီအပြည့် အရံသင့် ရှိနေကြပေသေးသည်...

ထိုသို့ စီစဉ်ထားသည်ကိုမှ အားမရသေး၊ ကိုယ်အလေးချိန်လျော့ ချ ချင်သေးသော ခွေးများအ
တွက်လည်း ခွေးလေ့ ကျင့် ခန်းအထူးကျွမ်းကျင်သူနည်းပြ များကလာရောက်လေ့ ကျင့် အဆီ
ချပေးရန် အဆင်သင့် ....
ဘာလိုသေးလဲ အချစ်ရယ်...အဲ...ခွေးရယ်....ပေါ့ နော်....

ညများမှာတော့ ခွေးတစ်ကောင်ချင်းစီအတွက် ကိုယ်ပိုင်အိပ်ရန်နေရာအိမ်ကလေးများတွင်အ
ဆင့် မြင့် မြင့် ဖြင့် ပင်အိပ်စက်အနားယူနိုင်ပေသည်...

အဆိုပါ ခွေးတို့ အတွက် နတ်ဘုံနတ်နန်း ကား Los Angeles မြို့ ၏အပြင်ဘက်ကလေးက
Topanga Canyon တွင် ခွေးများကိုထိန်းကျောင်းလေ့ ကျင့် ပေးသူ Joe Timko နှင့်  သူ၏
အဖော်အစုစပ် Randy Neece တို့  လွန်ခဲ့ သည့် ဆယ်နှစ်အကြာကပင် စတင်တည်ထောင်
ဖန်တီးခဲကြပြီး၊ ခွေးများအတွက်တည်းခိုခနှုံးထားများမှာ တစ်ညလျှင် ဒေါ်လာ ၃၀ မှစ၍ ဈေး
အမျိုးမျိုးရှိပေသည်...

” လူတွေဟာခွေးတွေကို ချစ်ကြပြီး သူတို့ တစ်တွေအဝေးကိုခရီးသွားကြရတဲ့ အခါ သူတို့ ရဲ့ ခွေး
တွေကို သူတို့ ပြုစုသလို ပြုစုယုယစေချင်ကြတာပါပဲ...ဒါကြောင့် ကျွန်တော်တို့ ဒီလိုခွေး ဟို
တယ်ကိုတည်ထောင်ဖြစ်ခဲ့ တာပါ...”  လို့  Radall  ကပြောပြခဲ့ ပါတယ်...

အခုတော့  ခွေးစတားလုံးနဲ့ ခွေး ဘယ်ရီမိုးတို့ အတွက် လုံးဝကိုပြည့် စုံကောင်းမွန်တဲ့ နေရာသစ်
ကလေးကိုရှာဖွေတွေ့ ရှိသွားကြပြီပေါ့ ....

ကဲ....
       ခွေးဘ၀ကိုတော့ အားမကျနဲ့ နော်...

            သူတို့ က အိပ်၊စား၊ကာမ ကလွဲယင် ဘာမှ သိတာမဟုတ်ဘူး....

                လူတွေထဲက လူတစ်ချို့ လည်း အဲဒီသုံးမျိုး နဲ့ အရေမရ အဖတ်မရ ၊ မိမိ သူတစ်ပါး

                     အကျိုးမရှိတဲ့ အပြုအမူ၊ စကားတွေပဲပြောနေ၊ လုပ်နေမယ်ဆိုယင်တော့ 

                          အတူတူနီးပါလောက်ပဲဖြစ်နေပေလိမ့် မယ်...



ဘိုလိုကိုမှဖတ်ချင်သေးတယ်ဆိုယင်ဖြင့် 

IT is the Hollywood retreat for guests of true pedigree.
A-list fans include Sylvester Stallone, Jennifer Lopez and Drew Barrymore - but they aren't allowed to check in.

To stay at the Canyon View Ranch resort in California, you must meet a strict criteria: a furry coat, wagging tail and four legs.

The five-star Disneyland-style haunt is where the stars leave their precious pet dogs while they are filming or on holiday.
Here, it's the serving staff who go fetch while celebrity pooches chill out in hammocks under palm trees.
For walkies, there are five acres of manicured lawns with fountains, waterfalls and bone-shaped paddling pools to cool down in.
Young pups in search of a bit of fun can hit the Wonderland Park, with a Blue Bone Lagoon, Pooch Tubes, Romping Ramps and Tunnel of Love.

In true LA style, meals are specially produced to cater for each dog's dietary requirements.
Waiters are on call 24 hours a day to whip up tasty snacks if the munchies bite.
And if that sounds barking mad, expert trainers are on call to help sweat off any unwanted puppy fat.
At night, guests retreat to the yap of luxury in private sleeping dens in a posh guest house.

The canine paradise, in Topanga Canyon, just outside Los Angeles, was set up ten years ago by trainer Joe Timko and partner Randy Neece and prices start at about £30 a night.

Randall said: "Everyone loves their dogs and when they go away they want their pets to have as good a time as they do."

Sounds like Sly, J-Lo and Drew have found the pawfect place.

6 comments:

ဒဏ္ဍာရီ said...

ဟဟ အကိုရေ ......... ထူးထူးဆန်းဆန်း သတင်းလေးတွေ ဖတ်ပြီး သဘောကျသွားတယ်။ ခွေးချင်း တူပေမယ့် ကံဇာတာချင်း မတူတာပေါ့ အကိုရယ်။

ပျော်ရွှင်စရာတွေ မျှဝေပေးလို့ ကျေးဇူးပါ။

ခင်မင်လေးစားလျှက်

သားကြီး said...

ခွေးဘ၀....အေးမြ လှချေတကား
သားကြီးဘဝ...ပူလောင်လှချေတကား :P

သားကြီး said...

အတော်ပဲ ဘဘကြီးတို့အတွက်ဇိမ်ခံဖို့နေရာအသစ်တစ်ခုတိုးလာတာပေါ့ ခွိ..ခွိ :P

kiki said...

ဪ .. ရွှေပြည်ကြီးက အောင်နက် ၊ ဂုတ်ကျား တို့  ခွေးဝဲစား လေးတွေ ၊ ခွေးလေ ခွေးလွင့် တွေ ကိုယ်စား မချင့်မရဲ ဖြစ်မိရပါတကား ... ခွေးမပြော နဲ့  လူတွေ အတွက်ပါ စာနာ မိသွားတယ် ....
ဗြဲ .. ဗြဲ .. ဗြဲ .. ငိုချင်း ချ သွားပါတယ် .. ကိုပါတီ ရေ ...

စိမ်း... said...

ဘာပြောရမှန်းတောင် မသိတော့ဘူး... :)

Mogok Thar said...

ခွေး ဘ၀ အေးမြ လှပေ မဲ့

အင်း.... အင်းးး
ဖြစ်သေးပါဘူး
ကိုပီတာ ဆုံးမထားတာလေး သတိချပ်မှ

:-)