ကျောက်ရုပ်တုကအသက်ဝင်ပြီးငိုခဲ့ သည်ဟုမျက်မြင်သက်သေများကပြော....

Thursday, October 8, 2009

Grotto statue took on human form and wept, say witnesses




အိုင်ယာလန်နိုင်ငံကဝေးလံခေါင်းပါးပြီးအေးချမ်းတိတ်ဆိတ်တဲ့ ရွာကလေးတစ်ခုက မယ်တော်မာရီ
( ယေရှုခရစ်တော်ရဲ့ မိခင် ) ရုပ်တုရှိတဲ့ ဂူကလေးကိုသွားရောက်ခဲ့ သူများက အဆိုပါဂူလေးထဲက
ရုပ်တုဟာမျက်ရည်များကျခဲ့ ပြီး၊ညအခါကောင်းကင်မှာလည်း ခရစ်တော်ရဲ့ စွန့် လွှတ်ခြင်း၊အနစ်နာ
ခံကယ်တင်ခြင်းအထိမ်းအမှတ်လက်ဝါးကပ်တိုင်ပုံသဏ္ဍာန်တွေပေါ်ပေါက်ခဲ့တယ်လို့ ဆိုကြပါတယ်...
အိုင်ယာလန်နိုင်ငံ၊ Co Donegal နယ်၊ Dungloe  မြို့ အနီးကကျောက်တောင်၊ကျောက်ဆောင်ထူ
ထပ်တဲ့ နေရာကလေးက မယ်တော်မေရီကျောက်ဂူမှာသွားရောက်စုရုံးဝတ်ပြုခဲ့ ကြတဲ့ လူဆယ့် 
လေးယောက်ပါဝင်တဲ့ အုပ်စုတစ်စုဟာ တစ်နာရီကျော်ကြာဖြစ်ပွားခဲ့ တဲ့ အဆိုပါရုပ်တုကမျက်
ရည်ကျမှုအဖြစ်ဆန်းကိုတွေ့ လိုက်ရလို့ အံ့ သြပြီး မတုန်မလှုပ် ကျောက်ရုပ်ပမာဖြစ်သွားခဲ့ ကြ
ရပါတယ်...

” ဒါဟာတစ်ကယ့် ကိုအံ့ သြထူးဆန်းတာပါပဲဗျာ...လုံးဝ ကိုမယုံကြည်နိုင်လောက်စရာကောင်းလှပါ
တယ်....အံ့ သြလွန်းလို့ ကျွန်တော်ဖြင့် အခုအထိ စိတ်တွေလှုပ်ရှားနေတုန်းပါပဲ...မြင်တွေ့ ခဲ့ ရတာက
လေ...” လို့  Ardara  မြို့ က James Boyles ကဆိုပါတယ်...
သူဟာအဲဒီကျောက်ဂူလေးဆီကို ဇနီးဖြစ်သူ မာဂရက်၊ သားဖြစ်သူ မာတင် ( ၁၀နှစ် ) ၊ သမီးဖြစ်သူ
မေရီ ( ၁၁ နှစ် ) တို့ နဲ့ အတူသွားရောက်ခဲ့ တာပါ...


အဆိုပါ Kerrytown  မယ်တော်မေရီနတ်ကွန်းကိုနှစ်စဉ်လူပေါင်းထောင်နှင့် ချီပြီးသွားရောက်ဖူးမျှော်
ဝတ်ပြုဆုတောင်းခဲ့ ကြသည်မှာ လွန်ခဲ့ သော နှစ်ပေါင်း ၇၀ ခန့် ကထိုဆန်းကြယ်သောရုပ်ထုကိုစတင်
တည်ထားကတည်းကဖြစ်သည်ဟုဆိုသည်...
ထာဝရဘုရားရှင်း၏အကြွင်းမဲ့ တန်ခိုးတော်ကိုယုံကြည်သူများကိုထူးဆန်းစွာရောဂါများပျောက်ကင်း
အောင်ကုသလမ်းညွှန်ကူညီပေးနေသူ Ballyfermot မြို့ အခြေစိုက် Joe Coleman ဆိုသူက သူ့ ကို
မယ်တော်မေရီက လာမည့် စက်တင်ဘာလ ၂၉ ရက်နေ့  ည ၈ နာရီတွင် အဆိုပါကျောက်ဂူသို့ 
ကိုယ်ထင်ပြကာ ကြွရောက်လာမည်ဟု အာရုံပေး( အိပ်မက်ပေး ) ခဲ့ သည်ဟုပြောဆိုစည်းရုံးခဲ့ သ
ဖြင့် ၎င်းတို့ အုပ်စုအဆိုပါမယ်တော်မေရီ ရုပ်တုကျောက်ဂူသို့ ရောက်ရှိခဲ့ တာဖြစ်ကြောင်း James
ကရှင်းပြပါတယ်...
” ကျွန်တော်တို့ အားလုံး ကျောက်ဂူနဲ့ မျက်နှာချင်းဆိုင်နေရာကနားခိုစရာကလေးမှာနေကြပါတယ်...
ညရှစ်နာရီထိုးဖို့  မိနစ်အနည်းငယ်အလိုမှာတော့  ကျွန်တော်တို့ အထဲကတစ်ယောက်က အဓိဌာန်
ပုတီး စပြီးစိတ်ဖို့ အကြံပြုပါတယ်... ပုတီးစပြီးစိတ်တာနဲ့ ပဲ တစ်ယောက်က ဟိုမှာကြည့် စမ်းဟေ့ 
လို့ အော်လိုက်တာပါပဲ...

အပြင်မှာရှိနေတဲ့  လက်ဝါးကပ်တိုင်ရဲ့ ဘေးမှာနောက်ထပ်လက်ဝါးကပ်တိုင်ပုံသဏ္ဍာန်တစ်ခုဟာကောင်း
ကင်မှာပေါ်နေပြီး အဲဒီတစ်ခုပျောက်သွားတာနဲ့ နောက်တစ်ခုထပ်ပေါ်လာတာပါပဲ...ဒီလိုဖြစ်နေတာဆယ်
မိနစ်လောက်အထိ ကြာခဲ့ ပါတယ်....”  လို့ သူကရှင်းပြပါတယ်...
၎င်းနောက် လူတွေဟာ အနီရောင်နှလုံးသားရုပ်ပုံခြယ်ထားတဲ့ ကျောက်ရုပ်တုဖြူ ဟာစတင်ပြီးပုံ
သဏ္ဍာန်ပြောင်းလဲလာတာကို သတိထားမိကြပါတော့ တယ်...
”မယ်တော်မေရီရဲ့ မျက်နှာဟာ သက်ရှိလူသားတစ်ယောက်လို အသက်ဝင်လာသလိုမျိုးဖြစိလာပြီး
ဦးခေါင်းကလည်းလူတွေရှိတဲ့ ဖက်ကိုလှည့် လာပါတယ်...ရှေ့ ဆုံးတန်းမှာရှိနေတဲ့ ကလေးတွေကို
ငုံ့ ကြည့် နေတယ်လို့ ကိုထင်ရပါတယ်....” လို့ သူကပြောပြပါတယ်...

အမျိုးသမီးတစ်ဦးကတော့  ရုပ်တုဟာမျက်ရည်တွေတသွင်သွင်စီးကျလာတာမို့ သူမဟာရုပ်တုဆီကို
သွားပြီးအဲဒီ မျက်ရည်တွေကိုသုတ်ပေးခဲ့ ပါတယ် လို့ ရှင်းပြခဲ့ ပါတယ်...
မျက်ရည်တွေဟာ မျက်လုံးတွေဆီကနေ ဒလဟော ကိုစီးကျလာခဲ့ တာပါပဲရှင် ...လို့ သူမကရေဒီယို
အသံလွှင့် ဌာနကိုဆက်ပြီးရှင်းပြခဲ့ ပါတယ်...

သူ့ အာရုံထဲမှာနှစ်ပေါင်းများစွာပေါ်နေခဲ့ တဲ့ မယ်တော်မေရီဟာ Kerrytown လို့ လူသိများတဲ့ နေရာ
ကို စက်တင်ဘာလ ၂၉ ရက်နေ့ မှာကိုယ်တိုင်ကြွရောက်လာမယ်လို့  သူ့ ကိုအာရုံနဲ့ အသိပေးခဲ့ 
ကြောင်း Dublin မြို့ မှာနေတဲ့ ခရစ်ယာန်ပျောက်စေဆရာ Mr Coleman က Irish Independent
သတင်းစာကိုပြောပြခဲ့ ပါတယ်...
သူကထို မွန်မြတ်သောသတင်းတော်ကို လွန်ခဲ့ တဲ့ ဇွန်လ မှာတုံးက Dungloe  မှာပြုလုပ်ခဲ့ တဲ့ သူ့ 
ရဲ့ ပျောက်စေရောဂါကုပွဲကို လာရောက်ခဲ့ တဲ့ လူအုပ်စုကိုပြောပြခဲ့ ပါတယ်တဲ့ ...


သူ့ ရဲ့ ထာဝရဘုရားရှင်ကို ယုံကြည်မြတ်နိုးတဲ့ စိတ်နဲ့ ရောဂါတွေကိုပျောက်အောင်ကုပေးနေတဲ့ လုပ်
ရပ်တွေကို Co Donegal ကခရစ်ယာန်ဘုန်းတော်ကြီးတွေကမယုံကြည်ကြပါဘူးလို့ လည်းသူကထပ်
ပြောပြပါတယ်....
Dungloe  ကခရစ်ယာန်ဘုန်းတော်ကြီး Seamus Meehan ကတော့  ဒီ Kerrytown ကျောက်ဂူနဲ့ 
ပါတ်သက်ပြီးလူတွေပြောနေခဲ့ ကြတာကတော့ အခုမှမဟုတ်ပါဘူး...နှစ်ပေါင်းများစွာကိုရှိနေခဲ့ ပါပြီ...
ဒါပေမယ့် ဘုန်းတော်ကြီးအနေနဲ့ ကတော့ အဲဒီိလိုမျိုးအထူးအဆန်းဖြစ်တယ်ဆိုတဲ့ ကိစ္စကို တော်တော်
လေးသံသယ ရှိပါတယ် လို့ ဆိုခဲ့ ပါတယ်...


သြော်...
        သူတို့ ဆီမှာလည်း ဒီိလို ဂမ္ဘီရဆန်တဲ့ ဘာသာရေးဖြစ်ရပ်ဆန်းတွေလည်းရှိတာပါပဲနော်....

                ယုံတာမယုံတာကတော့  ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ပင်ကိုယ်စိတ်ဓါတ်နဲ့ ပဲဆိုင်လိမ့် မယ်

                        ထင်ပါတယ်...


ကျွန်တော်လည်း ဟိုတစ်လောက ဘလော့ ဂ်ဂါမမလေးတစ်ယောက်ရဲ့ ဘလော့ ဂ်မှာ
သူမအိမ်ကိုပင့် ခဲ့ တဲ့ ဘုရားဆင်းတုက ပြုံးတယ်ဆိုလား ဖတ်မိသေးရဲ့ ....
(ဘလော့ ဂ်နာမည်တော့ မမှတ်မိတော့ ပါ....)
အင်း....
       good မယ်ထင်ရင် do သာ do ဆိုတဲ့  ကလေးတွေပြောတဲ့ စကားလိုပါပဲ....


အောက်တိုဘာလ ၂ ရက်နေ့ ကသတင်းလေးရဲ့ မူရင်းကဒီိလိုပါ...

VISITORS to a remote grotto have claimed a statue wept and crosses appeared and disappeared in the night sky this week.
A group of 14 people, who had gathered at the statue of the Virgin Mary, in a rocky outcrop near the town of Dungloe, Co Donegal, on Tuesday night, were transfixed as they watched the phenomenon, which they said lasted almost an hour.
"It was a crazy evening. It was absolutely amazing. I am still on an emotional high. All but one person seemed to see the same thing," recalled James Boyle, from Ardara, who was at the site with his wife Margaret and children, Martin (10) and Mary (11).
The Kerrytown shrine is visited by thousands of pilgrims annually, after first becoming the subject of a religious apparition 70 years ago.
James explained how the group had been drawn there last Tuesday night because of a claim by Ballyfermot-based faith healer Joe Coleman that the Virgin Mary had told him in a channelled message that she would appear at the shrine on September 29 at 8pm.
"We went into the shelter facing the rock and at a few minutes to eight someone suggested we should start the rosary. We had no sooner started than someone shouted 'look up'.

"To the left of the cross, another cross appeared in the sky and as soon as it disappeared, another one appeared. It lasted about 10 minutes," he explained.
Then people began noticing that the white statue with its red heart had begun changing colour and form.
"She appeared to have a human face and her head turned and she looked at people. She looked down at the children who were at the front," he said.

One woman explained how the statue began crying and she went up to dry the tears.
"The tears were running down from her eyes," she told Highland Radio.


Healing

Speaking to the Irish Independent from his Dublin home, Mr Coleman said that the Virgin Mary, who has been appearing to him for many years, had communicated to him that she would make herself known at Kerrytown on September 29.
He had passed on the details of that message to a small group of people who attended a healing service organised by him in Dungloe last June.

He added that a lot of priests in Co Donegal did not believe he was doing his healing work for the love of God.
Dungloe parish priest, Father Seamus Meehan, said last night that there had been talk about the Kerrytown grotto for years.
"But I would be kind of sceptical about it myself," he added.

Anita Guidera
Irish Independent

2 comments:

စိမ်း... said...

ဟဲ ဟဲ ဒါမျိုးက မဝေဖန်ကောင်းဘူးလေ လျှော့ရှိတယ်... ခေါင်းကလည်း အဲ့လောက်မမာတဲ့အခါကျတော့ ပြောတော့ဘူး... :P

kiki said...

ထူးထူးဆန်းဆန်းလေးတွေက ဖြစ်တတ် ရှိတတ်ပါတယ်...

တချို့ ကျတော့ "ကိုယ်တွေ့ ကြုံမှ ယုံတယ် " တဲ့  ..

အဲဒါကို" ပြောမယုံ ကြုံဖူးမှ သိ" ဆိုတဲ့  စကားနဲ့  ပြန် ဆိုထားကြ တာလဲ ရှိတော့ " ယုံချင်ယုံ မယုံချင် နေ" ပေါ့ နော်