Girl chops off tongue to get the right groom

Sunday, October 18, 2009


သျှီဝနတ်ဘုရားစောင့် ရှောက်ကယ်တင်ပါ.....




ညီမလေးက နတ်ကို ကိုးကွယ်ယုံကြည်သတဲ့ လား....





အိန္ဒိယနိုင်ငံ၊ ဘာရ်ဂါရ်ပြည်နယ် ရှိ ဂျားရ် ရွာကလေးမှ အသက် ၁၉ နှစ် အရွယ်ရှိမိန်းကလေး
တစ်ဦးဟာ သျှီဝနတ်ကျောင်းတော် အတွင်းမှာသူမရဲ့ လျှာကိုဖြတ်ပြီး နတ်ပူဇော်ခဲ့ ပါတယ်...
သူမဒီလိုပြုလုပ်ခဲ့ ရတာကလည်း မိဘတွေစီစဉ်ပေးစားတဲ့ အမျိုးသားကိုမယူချင်ပဲ သူမနှစ်
သက်စုံမက်တဲ့ သူနဲ့ နှစ်ကိုယ်တူရွှေလက်တွဲနိုင်ဖို့ နတ်ဘုရားရဲ့ ကောင်းချီးပေးစောင့် ရှောက်
ကယ်တင်ခြင်းခံရဖို့ အတွက်ပဲ ဖြစ်ပါတယ်တဲ့ ...

သွေးအိုင်ထဲမှာမှောက်လျှက်လဲနေတဲ့  သူမကိုနတ်ဘုရားကျောင်းက ဟိန္ဒူဘုန်းတော်ကြီးက
လွန်ခဲ့ တဲ့ အင်္ဂါနေ့ ကတွေ့ ရှိခဲ့ တာဖြစ်ပါတယ်....သူမကဘုန်းတော်ကြီးကိုသူမရဲ့  အဖြစ်အ
ပျက်အလုံးစုံကို ရှင်းပြခဲ့ ပါတယ်တဲ့ ....

” ကလေးမလေးကို မနက်စောစောစီးစီးဘုရားကျောင်းကြမ်းပြင်မှာ လဲကျနေတာတွေ့ လိုက်
ရလို့ အံ့ သြ ထိတ်လန့် တုန်လှုပ်သွားခဲ့ ရတယ်...သူမရဲ့ မျက်နှာတစ်ခုလုံးလည်းသွေးတွေကို
ရဲ နေတာပဲ...ကောင်မလေးဟာသူမရဲ့ လျှာကို ဘလိတ်ဒါး ( မုတ်ဆိတ်ရိတ်ဓါး ) နဲ့ လှီးဖြတ်
ပြီး နတ်ကိုပူဇော်ခဲ့ တာပဲ ...”  လို့ နတ်ဘုရားကျောင်းရဲ့ ဘုန်းတော်ကြီး Basudev Mohapatra
ကအမိန့် ရှိပြောပြခဲ့ ပါတယ်...

အဆိုပါတင်းပျံ့ နှံ့ သွားပြီးနောက်ရွာသားတွေဟာ နတ်ဘုရားကျောင်းကိုအပြေးအလွှားသွား
ရောက်ခဲ့ ကြပါတယ်...သူတို့ ဟာကလေးမလေးကို ဆေးရုံပို့ ဖို့ စီစဉ်ကြတော့ သူမကလိုက်
ဖို့ ငြင်းဆန်ခဲ့ ပါတယ်...
” ကျွန်တော်တို့ သူမကို အနီးဆုံး ဆေးရုံကိုပို့ ပေးဖို့ ကြိုးစားတော့ သူမကဒီနေရာကနေခွာ
ပြီးဘယ်ကိုမှမသွားဘူး လို့ ငြင်းဆန်ပါတယ်...” လို့  ရွာသားတစ်ဦးဖြစ်တဲ့  Narayan Meher
ကပြောပါတယ်...

မိန်းကလေးဟာသူမရဲ့  မိဘတွေစီစဉ်ပေးတဲ့ သူမနဲ့ လက်ထပ်ရမယ့် သူဟာ သူမထက်အသက်
အရွယ်အများကြီးပိုကြီးနေလို့  လက်မထပ်ချင်ပါဘူး....သူမနဲ့ သက်တူရွယ်တူ၊ လူငယ်လေးတစ်
ဦးနဲ့ သာလက်ထပ်ချင်ပါသတဲ့ ....

သြော်...
       သူ့ မှာလဲသူရည်မှန်းထားတဲ့ သူရှိမှာပေါ့ လေ...
             သူ့ မိဘတွေစီစဉ်ပေးတဲ့ သူကဘယ်လောက်တောင်အသက်ကြီးနေပြီလဲမှမသိတာ...

အခုတစ်လောအိန္ဒိယမှာလည်း လျှာဖြတ်တာခေတ်စားနေပုံရတယ်...
ဟိုတစ်လောကပဲ အိန္ဒိယက အလုပ်လက်မဲ့  အမျိုးသားတစ်ယောက် အလုပ်ရချင်လို့  သူ့ ရဲ့ လျှာ
ကိုဖြတ်ပြီး အခုကောင်မလေးလိုပဲ သျှီဝ နတ်ဘုရားကိုပူဇော်ခဲ့ တာ ကိုသားသားရဲ့ ဘလော့ ဂ်မှာ
ဖော်ပြထားခဲ့ပါသေးတယ်...

တစ်ခါတစ်ရံလူတွေကိုနားမလည်နိုင်လောက်အောင်ပါပဲ...
မိမိအလိုဆန္ဒရှိတာရတာမရတာအ ပ ထား ၊ လောလောဆယ်တော့ ကိုယ့် လျှာပြတ်သွားခဲ့ ရပြီလေ...


အင်း....
   ဟိုသီချင်းကိုပဲပြောင်းပြီး...( ဖုန်းဆက်လိုက်ရမလားကို ...)

           ဖြတ်ပစ်လိုက်ရမလား (လျှာ လေ...)  လို့ ဆိုရမလိုဖြစ်နေပြီ....


မူရင်းကတော့ ဒီလိုပါတဲ့ ....
A 19-year-old Indian girl chopped off her tongue inside a Shiva temple and offered it to the god at Jhar village in Bargarh. She did so to invoke the god's blessings to marry the person she desired instead of the match fixed by her parents. The temple priest found her lying in the temple with blood on her face on Tuesday morning. She told the priest about the incident.

"I was shocked to see her lying on the temple floor in the morning. She was bleeding from her face. She had chopped her tongue with a blade and offered it to the god," priest of the temple Basudev Mohapatra said.

Villagers rushed to the temple when the news spread. They tried to take her to the hospital but she refused. "We tried to take her to the nearby hospital but she refused to go anywhere," villager Narayan Meher said.

The girl was not willing to marry the match fixed by her parents because he was much older than her. She was interested to marry a younger boy.

3 comments:

ဒဏ္ဍာရီ said...

အဲ ကြောက်စရာကြီးနော် ဒီလို အယူအဆ အတွေးအခေါ်တွေ အခုလို ခေတ်ကြီးမှာ ရှိနေသေးတာပဲနော်။ ဗဟုသုတ အဖြစ် မှတ်ယူသွားပါတယ် အကို။
ကျေးဇူးတင်ပါတယ်။

ခင်မင်လေးစားလျှက်

သားကြီး said...

အတွေးအခေါ်တွေတော်တော်လွဲနေသေးတယ်ထင်တယ်
မဖြစ်သင့်ဘူးဗျာ
လျှာပြတ်သွားလို့လက်ရှိရွယ်တူချစ်သူကလည်း
ကြိုက်တော့ဦးမှာလား
နှမလေးလက်ချမီးရယ် မောင်ကြီးအပ္ပနားကိုချစ်လားကွယ်လို့မေးရင်
ဝူးဝူးဝါးဝါးချည်းဖြေနေရင်ဒုက္ခ

စိမ်း... said...

အေးလေ အေးလေ ဟုတ်ပါ့ ဟိုတလောကတင် အလုပ်မရလို့ ဖြတ်တယ် .. တစ်ယောက်.. အခု ယောကျာ်းမယူချင်လို့ဖြတ်တယ်.. ဖက်ရှင်လားမသိဘူး... ခေတ်မှီသူတိုင်း လျှာဖြတ်ကြသည်... ဟီး...