ဝါးစားလို့ ရတဲ့ ပန်းကန်ပြားဆိုပဲ....

Thursday, October 22, 2009
Italian invents edible plates



ဂျူံနဲ့ လုပ်ထားတဲ့ ပန်းကန်ပြားမို့ နောက်ဆုံးပိတ်အစာပိတ်
အဖြစ်ဝါးစားလို့ ရတယ်ပေါ့ ....ဆေးစရာမလို
အမှိုက်ပစ်စရာမလိုတော့ ဘူးနော်....

 

အီတလီနိုင်ငံမှ အစားအသောက်ဆိုင်ရာ ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းရှင်တစ်ဦးဟာ ကျောင်းများ
အသုံးပြုနိုင်မယ့်  ဆေးကြောစရာမလို၊ စွန့် ပစ်စရာမလိုတဲ့  အစားအသောက်နဲ့ အတူတစ်ပါတည်း
ဝါးစားနိုင်မယ့် ပန်းကန်ပြားတစ်မျိုး တီထွင်ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်...

Tiziano Vicentini  ကသူ့ ရဲ့ စားလို့ ရတဲ့ ပန်းကန်ပြားကို ဂျူံတစ်မျိုးနဲ့ ပြုလုပ်ထားပြီးအဆိုပါ ပန်း
ကန်ပြားအစားအစာဟာ သူ့ အထဲကိုထည့် ပြီးစားတဲ့ အစားအသောက်စားပြီးချိန်အထိ ခံနိုင်တဲ့ အ
ထိမာကြောမှာဖြစ်ပြီး နောက်ဆုံးဝါးစါးလိုက်ဖို့ လည်း အရသာရှိစေမှာဖြစ်ပါတယ်တဲ့ .....

မီလန်မြို့ မှာနေထိုင်တဲ့  အသက် ၅၀ အရွယ်ရှိ Tiziano  က သူဟာကျောင်းတွေမှာနှစ်ပေါင်း
များစွာ ပလတ်စတစ်ပန်းကန်ပြားတွေနဲ့  အဲဒါတွေကိုဆေးဖို့ ငွေကုန်ကြေးကျများတဲ့ ပန်းကန်
ဆေးစက် တွေသုံးပြီးငွေတွေ ဖြုန်းတီးနေခဲ့ တာကိုနှစ်ပေါင်းများစွာ မြင်တွေ့ ခဲ့ ရပြီးနောက် အ
ခုလို စိတ်ကူးစိတ်သန်းရရှိခဲ့ တာလို့ ဆိုပါတယ်...

”ကျွန်တော်ဟာကျောင်းရဲ့ စားသောက်ဆိုင်လုပ်ငန်းမှာလုပ်ကိုင်ခဲ့ ပြီး အဲဒီလိုပိုက်ဆံတွေဖြုန်း
တီးပစ်နေတာကို ပြစ်မှုတစ်ခုကျူးလွန်နေတာတစ်မျိုးလို့  စိတ်မသက်မသာနဲ့ ကြည့် နေခဲ့ ရ
တာပါ....” လို့ သူကဆိုခဲ့ ပါတယ်...

” အခုကျွန်တော်တီထွင်ထုတ်လုပ်တဲ့ အစားအစာပန်းကန်ကတော့ ကုန်ကျစားရိတ်လည်းအလွန်
နည်းတဲ့ အပြင် ကလေးတွေမစားချင်တာတောင်မှ တိရိစ္ဆာန်တွေကိုကျွေးဖို့  အသုံးပြုနိုင်ပါတယ်..”
လို့ သူကဆက်ပြောပြခဲ့ ပါတယ်...

ပတ်ဝန်းကျင်ထိမ်းသိန်းရေးနဲ့ သာမာန်သုံးပန်းကန်နဲ့ အဲဒီပန်းကန်တွေကိုဆေးဖို့ လုပ်သားနဲ့ စက်
ပစ္စည်းအတွက် ကုန်ကျစားရိတ်တွေလျော့ ချနိုင်ရုံသာမက....
အိမ်ထောင်မှုထိန်းသိမ်းတာစိတ်မ၀င်စားတဲ့ ၊ မကျွမ်းကျင်တဲ့ အိမ်ရှင်မ များအတွက်လည်း သ
တင်းကောင်းတစ်ခုပေါ့ နော်....
ဘလော့ ဂ်ဂင်းလုပ်တဲ့ ကိုကို၊မမ များအတွက်လည်းသတင်းကောင်းပေပဲပေါ့ ....
အားလုံးဝါးစားလိုက်ရုံပဲ...

မူရင်းကတော့ ဒီိလိုပါ....
An Italian catering boss is planning to clean up with an amazing range of edible plates for schools - that never need washing.
Tiziano Vicentini made the plates out of a kind of bread dough - tough enough to last a lunchtime but tasty enough to eat afterwards.
Tiziano, 50, of Milan, says he had the brainwave after years of watching schools waste money on plastic plates and dishes and expensive dishwashers.
"I used to work in school catering and watching all that money being thrown away was criminal," he said.
"These dishes cost a few pennies each and are either eaten by the kids or go into recycling bins for animal food."

3 comments:

ဒဏ္ဍာရီ said...

မိုက်တယ်နော်။ ဒီလိုမျိုးလေး ညီမတို့ တိုင်းပြည်လေးမှာဆို ကောင်းမှာပဲနော်။ စည်းကမ်းတကျ အမှိုက်မပြစ်ချင်သူတွေ အတွက် အဆင်ပြေတာပေါ့။း)
အခုလို သတင်းထူးလေးတွေ ဖတ်ရလို့ ကျေးဇူးပါ။

ခင်မင်လေးစားလျှက်

စိမ်း... said...

တယ်ဟုတ်ပါလား... :)

သားကြီး said...

ဝါးကြမယ်ဟေ့ကောင်းကောင်း :P