Man finds Jesus in his frying pan

Thursday, March 11, 2010


ယေရှုခရစ်ပုံရိပ်များ...

 


ဒယ်အိုးထဲက ယေရှုခရစ်ပုံရိပ်...


ဘဏ်စာရေးတိုဘီအဲလိစ် ကတော့ သူဟာ မီးဖိုချောင်ထဲက သူ့ ရဲ့ အကြော်ကြော်တဲ့ ဒယ်အိုးထဲမှာ
ယေရှုခရစ်ရဲ့ ပုံရိပ်ကိုတွေ့ ခဲ့ ရတယ်လို့ ယုံကြည်နေပါတယ်...
အသက် ၂၂ နှစ်ရှိတိုဘီ ကသူ ပြုလုပ်နေတဲ့ မုန့် အိုးထဲမှာ တူးသွားပြီးနောက်မှာ အဲဒီပုံရိပ် အမှန်ပဲ
ဖြစ်ပေါ်လာတာပါလို့ အခိုင်အမာယုံကြည်ပြောဆိုနေပါတယ်...
သူဟာ အဲဒီနေ့ က Salford မှာ ရှိတဲ့ အိမ်ခန်းမှာ သူ့ ရဲ့ အခန်းဖော်နဲ့ အတူ ညစာ အတွက်ပြင်ဆင်
ချက်ပြုတ်နေခဲ့ တာဖြစ်ပြီး မုန့် အိုးကို မေ့ ပြီးမီးဖိုပေါ်မှာ ထားခဲ့ ကာအိပ်ပျော်သွားခဲ့ တာဖြစ်ပါတယ်...

ညလယ်လောက်မှာ မုန့် အိုးကနေ တူးနံ့ ရလို့ လန့် နိုးလာခဲ့ ရပြီး သူဟာ အဲဒီဒယ်အိုးကို ပန်ကန်ဆေး
တဲ့ ရေအင်တုံထဲကိုပစ်ထည့် လိုက်ခဲ့ ပါတယ်...

နောက်တစ်နေ့ မှာ အိုးဆေးဖို့ ပြန်လာခဲ့ တဲ့အခါမှာတော့ ယေရှုခရစ်တော်ရဲ့ မျက်နှာဟာ အိုးထဲမှာ
ဖြစ်ပေါ်လို့ နေပါတယ်လို့ သူကဆိုပါတယ်...

တိုဘီနှင့် ယေရှုခရစ်ပုံဖြစ်နေတဲ့ သူ့ ရဲ့ ဒယ်အိုး....
Vision: Toby discovered the image of Jesus when scraping the burnt bacon from the frying pan

Stockport  အရပ်က Halifax ဘဏ်မှာ အလုပ်လုပ်နေတဲ့  လူပျိုလူလွတ်တစ်ဦးဖြစ်သူ တိုဘီက အခု
လိုယေရှုခရစ်ရဲ့ ပုံ ဒယ်အိုးမျက်နှာပြင်မှာ ဖြစ်ပေါ်နေတာကို သူ့ ရဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးနီးပါး
ကသံသယရှိပေမယ့်  သူကတော့ ဒါဟာ အဖြစ်မှန်ပါပဲလို့ ပြောဆိုနေဆဲပဲဖြစ်ပါတယ်...

”ကျွန်တော်ပြောကြတာကို ဘယ်သူမှမယုံကြတာက တစ်ကယ့် ကို ရှက်စရာကြီးပါ...ကျွန်တော်အင်တာ
နက်မှာလည်းလျှောက်ပြီးရှာဖွေဖတ်ရှုကြည့် တော့ အခုလိုပဲ ယေရှုခရစ်ရဲ့ ပုံရိပ်တွေ တွေ့ နေကြတာပဲ...
ဒါပေမယ့် အဲဒီသူတို့ တွေ့ တာတွေက ၀ိုးတိုးဝါးတား ပုံရိပ်ယောင်တွေပါ...အခုကျွန်တော်တွေ့ တာကမှ
တစ်ကယ် ရုပ်ပုံပါ...မျက်လုံး၊ နှာခေါင်းက အစအားလုံးပီပီပြင်ပြင်ပါရှိနေပါတယ်...”  လို့ သူကပြောခဲ့ ပါ
တယ်....


 အင်္ဂလိပ်လိုသတင်းအကျဉ်းလေးပါ...
Bank cashier Toby Elles believes he has found Jesus in his frying pan.
Toby, 22, is adamant this image genuinely appeared after he burnt a pancake. He was making dinner on Shrove Tuesday with his flatmate at their Salford apartment, and accidentally left the pan on the hob at bedtime.
Toby woke in the middle of the night to find the leftovers smoking, and threw the pan into a sink full of cold water.

When it came to doing the washing up a day later, he said the face of Jesus had been burned on.
Bachelor Toby, who works for Halifax bank in Stockport, admits most of his friends are doubting Thomases at the story but insists it is true.

He said: "It’s a crying shame that no-one believes me! I went onto the internet and found other things that had Jesus on them, like pizza, but they were just outlines. Mine has eyes and a nose and everything."


ဒါဏ်ရာထဲက ယေရှုခရစ်တော်ပုံရိပ်....


အမေရိကန်နိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ လက်ဖျံ၊လက်မောင်းမှာ ပွန်းပဲ့ ဒါဏ်ရာဖြစ်ရာက
နေသွေးစစ်ဆေးခဲ့ ပြီးနောက် ယေရှု ခရစ်တော်ရဲ့ ပုံရိပ်သဏ္ဍာန် တစ်ခုဖြစ်ပေါ်နေခဲ့ တယ်ဆိုတာ
တွေ့ ရှိခဲ့ရပါတယ်...

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာနေထိုင်တဲ့  ဆီးချိုရောဂါဖြစ်ပွားနေသူ Mary Massa ဟာ
သူမရဲ့ ဆရာဝန်ဆီကို ပုံမှန်ဆေးစစ်ဖို့ အတွက် သွေးနမူနာပေးပြီးနောက် ဆေးပတ်တီးကိုပြန် ဖြေ
လိုက်ရာမှာတော့ အံ့ သြမှင်တက်သွားခဲ့ ရပါတယ်...





သွေးစစ်ဖို့ အပ်နဲ့ ဖောက်ပြီးသွေးထုတ်လိုက်တဲ့ ဒါဏ်ရာကနေ
အခုလိုပုံရိပ်ပေါ်လာတာပါပဲ....



Mary ကတော့ သူမဟာ သွေးစစ်ဖို့ အတွက် အပ်နဲ့ သွေးဖောက်လိုက်လို့ ဖြစ်သွားတဲ့ ဒါဏ်ရာ
နှစ်ချက် နေရာမှာတော့  ယေရှုခရစ်ရဲ့ ပုံရိပ်ကိုတွေ့ ရှိနိုင်ပါတယ်လို့ အခိုင်အမာဆိုခဲ့ ပါတယ်...


အင်္ဂလိပ်လိုသတင်းပါ....
A woman from the US claims she can see the face of Jesus in a bruise that was left on her arm after blood tests.Diabetic Mary Massa, who regular readers will be unsurprised to learn hails from Florida, visited her doctor to give two routine blood samples - but was left stunned when she took off her bandage.
Mary claims she can see the face of Christ in the bruise left behind by the two needle punctures.

ဗီဒီယိုကလစ်လည်းကြည့် လို့ ရပါသေးတယ်...

http://news.yahoo.com/video/odd-15749658/woman-sees-jesus-in-her-bruise-17396875



 

 

မီးပုံပေါ်မှာပေါ်တဲ့ ယေရှုခရစ်တော်ပုံရိပ်...




မီးပုံထဲက ယေရှုခရစ်တော်ပုံရိပ်...


ဗြိတိန်နိုင်ငံ Old Hatfield အရပ်မှာနေတဲ့  Rob Millist  တစ်ယောက် မိတ်ဆွေများနဲ့ ပါတီပွဲပေးဖို့ 

သူ့ အိမ်ကမီးလင်းဖို ကြီးကိုမီးမွေးခဲ့ စဉ်တုံးကတော့ ဒီမီးဖို၊ မီးတောက်တွေထဲကနေဘာမှမြင်ရလိမ့် 
မယ်လို့ မျှော်လင့် မထားခဲ့ ပါဘူး...
ဒါပေမယ့် မီးမွှေးပြီးမိနစ်အနည်းငယ်အကြာမှာပဲ တောက်လောင်နေတဲ့ မီးတောက်ထဲကနေ ယေရှု
ခရစ်တော်ရဲ့ မျက်နှာပုံရိပ်တစ်ခုက သူ့ ကိုစိုက်ကြည့် နေတာကိုတွေ့ လိုက်ရလို့ အလွန်ပင် အံ့ အား
သင့် သွားခဲ့ ရပါတော့ တယ်...
လွန်ခဲ့ တဲ့ သောကြာနေ့ ကဖြစ်ပျက်ခဲ့ တဲ့ အဆိုပါ ဖြစ်ရပ်ဆန်းကိုမှတ်တမ်းတင်ရိုက်ကူးခဲ့ တဲ့ ဓါတ်ပုံ
အရ ကျူံလှီပြီးငြိုးငယ်နေပုံရသည့် မျက်နှာတစ်ခုကို ထင်ရှားစွာ တွေ့ မြင်နိုင်ပါတယ်...

 သူ့ အိမ်က မိုးလင်းဖိုမှာတွေ့ တာပါ....
Rob Millist at the fireplace where he saw the image of Jesus

အိမ်ရှင်ဖြစ်သူ Rob ကတော့ ဒီပုံရိပ်ဟာ ထာဝရဘုရားသခင်ရဲ့ သားတော်ယေရှုခရစ်ရဲ့ ပုံတူပဲ ဖြစ်
ပါတယ်လို့ ယုံကြည်ယူဆခဲ့ ပါတယ်...
” ကျွန်တော်တို့ ဟာ ဒီပုံရိပ်ကိုမြင်လိုက်ရလို့ အံ့ အားသင့် သွားခဲ့ ကြရပါတယ်...ထင်းတုံးတစ်ခုရဲ့ အ
စွန်နားက နေရာမှာ ပြာတွေကနေဒီပုံရိပ်ဖြစ်နေခဲ့ တာပါ... မျက်လုံးတစ်စုံ၊ နှာခေါင်းနဲ့ မုတ်ဆိတ်ကျင်
စွယ်ပုံတွေကို ထင်ထင်ရှားရှားတွေ့ မြင်နိုင်ပါတယ်...ပုံရိပ်ဟာလျှို့ ဝှက်နက်နဲ ပြီးကြောက်စရာတောင်
ကောင်းနေပါတယ်...” လို့ လည်း Church လမ်းမှာနေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ်ရှိ အမျိုးသား
ကပြောပြခဲ့ ပါတယ်....

အင်္ဂလိပ်လိုသတင်းအကျဉ်းပါ...
When Rob Millist lit a fire in the lounge of his Old Hatfield home as he set up for a party, nothing seemed out of the ordinary.
But after a few minutes he was stunned to see the face of Jesus Christ staring back at him from the flames.

The defining features of a gaunt face are clearly visible in this snap he took on Friday night.
And Rob reckons it bears the resemblance of the son of God.

The 29-year-old, of Church Street, said: “We were taken by surprise.

“On the corner of one of the logs, the ash part was the face. You can see two eyes, a nose and moustache. It’s very spooky, and very profound.”

1 comments:

သက်တန့်ချို said...

အင်း ဒီအဖြစ်တွေကတော့ စဉ်းတော့စဉ်းစားစရာပဲဗျ ။ တကယ်ဟုတ်တယ်မဟုတ်ဘူးဆိုတာကတော့ ကျွန်တော်တို့ရဲ့ ဥာဏ်တစ်ထွာ တစ်မိုက်လောက်နဲ့တော့ လိုက်မမှီဘူးထင်တာပါပဲ ။ အကြောင်းကြောင်း တိုက်ဆိုင်လို့ ပုံရိပ်တွေထင်ပေါ်လာတာကတော့ (၈၀ %) လောက် အမှန်တကယ်ကတော့ ၂၀ % လောက်ပဲ ထင်ပါတယ် ။ ဒယ်အိုးထဲကတော့ မဟုတ်ဘောက်ဘူး ။ ဒါဏ်ရာကလည်း မဟုတ်လောက်ဘူး ။ မီးထဲကတော့ အတော့ကို ဆင်တူပါပေတယ် ။