Chinese video gamer survives being stabbed through the head after cheating row

Wednesday, March 24, 2010
ဦးခေါင်းကို ဓါးဖြင့် ထုတ်ချင်းပေါက်ထိုးစိုက်ခံရသည့် တိုင် အသက်မသေသူ ဂိမ်းသမား....



ကြောက်စရာ့ ဓါးချက် ...ဓါတ်မှန်ပုံ...

ကွန်ပြူတာဂိမ်းကစားယင်း အငြင်းပွားပြီးနောက် ၁၀ လက်မအရှည်ရှိသော ဓါးဖြင့်ဦးခေါင်းကိုအထိုးခံခဲ့ 
ရသည့် ဆယ်ကျော်သက်လူငယ်လေးတစ်ဦး၏ ဓါတ်ပုံကိုမြင်ရသူတိုင်းအတွက်တော့ အလွန်ထူးဆန်းအံ့ 
သြထိတ်လန့် စရာပင်...
ထိုလူငယ်လေးဟာ အခင်းဖြစ်ပွားချိန်မှာ အင်တာနက်ဆိုင်တစ်ဆိုင်တွင် Counter-Strike ဂိမ်း ကစားနေ
ခဲ့ သည်ဟု တရုတ်နိုင်ငံမှ သတင်းများကဖော်ပြခဲ့ ပါတယ်...
တရုတ်နိုင်ငံအရှေ့ မြောက်ပိုင်း ကျီလင်ပြည်နယ်၊ မီရှားကျည် မြို့ ကလေးမှ အသက် ၁၆ နှစ်အရွယ်ရှိ
ရှောင်ဝေ အမည်ရှိတဲ့ လူငယ်ဟာ ဦးခေါင်းကိုဓါးနဲ့ အထိုးခံရပြီး၊ ဓါးစိုက်လျက်နှင့် ပင် သူ့ ရဲ့ သူငယ်ချင်း
များရဲ့ အကူအညီနဲ့ ကျီလင် တက္ကသိုလ် တွဲဖက်ဆေးရုံ ( အမှတ် ၂ ) သို့ ပင်လမ်းလျှောက်ပြီးရောက်လာ
နိုင်ခဲ့ ပါသေးတယ်...

စကေဘာ ( ဓါးချွန် ) ဟာ ရှောင်ဝေရဲ့ ဝဲဘက်နားထင်ကနေထိုးသွင်းလိုက်တာ လက်ကိုအရင်းအထိစိုက်
နေခဲ့ ပြီး သူ့ ရဲ့ လက်ယာဘက် ( ညာဘက် ) နားထင်ကနေအပြင်ကို ၁ စင်တီမီတာလောက်ပေါက်ထွက်
နေခဲ့ ပါတယ်...
" ကောင်လေးရဲ့ မျက်နှာတစ်ခုလုံးသွေးတွေဖုံးလွှမ်းနေတာတောင်မှ သူဟာ သတိရှိနေဆဲပါပဲ..." လို့ ဆေး
ရုံရဲ့ အာရုံကြောခွဲစိတ်မှုဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး ပါမောက္ခ ယန်ရှီကျွမ်း ကပြောပါတယ်...
ဝမ် နဲ့ သူ့ ရဲ့ သူငယ်ချင်း ဟွမ် တို့ ဟာ အဆိုပါ Counter- Strike ဂိမ်းကိုကစားနေခဲ့ ပြီး သူတို့ နှစ်ဦးအ
တွဲဟာ ကစားပွဲထဲက ရန်သူအားလုံးနီးပါးကို နှိမ်နင်းအောင်မြင်ခဲ့ တာဖြစ်ပါတယ်...
ကျွန်တော်တို့ ကစားနေတုံး ဆိုင်ထဲကပဲ အခြားလူတစ်စုရောက်လာပြီး ဒီကစားပွဲမှာ အနိုင်ရချင်ယင် ဆော့ ဖ်ဝဲ တစ်ခုထည့် သွင်းရမယ်လို့ ဆိုပါတယ်...အဲဒီမှာပဲ ကျွန်တော်တို့ နဲ့ စကားများကြတော့ တာပါ
ပဲ လို့ အသက် ၁၈ နှစ်ရှိ ဟွမ်က ဆိုပါတယ်...

ဝေ နဲ့  ဟွမ် ကို အင်တာနက်ဆိုင်ထဲကနေ ဆွဲထုတ်ပြီး အပြင်မှာပဲ မြေပေါ်မှာလဲကျတဲ့ အထိဝိုင်းဝန်းထိုး
ကြိတ်ရိုက်နှက်ခဲ့ ကြပါတယ်...
" ကျွန်တော့် ရဲ့ ဘယ်ဖက် လက်မောင်းဟာလည်း သူတို့ တစ်တွေဓါးနဲ့ ထိုးတာခံခဲ့ ရပါတယ်...အဲဒီနောက်
သူတို့ အားလုံးထွက်ပြေးသွားခဲ့ ကြပါတယ်... ဝေ ကိုလည်း သူ့ ရဲ့ ခေါင်းမှာဓါးစိုက်နေပြီးမြေပေါ်မှာ လဲနေ
တာတွေ့ လိုက်ရပါတော့တယ်..." လို့ ဟွမ်ကပြောပြခဲ့ ပါတယ်...

ဝေ ဟာ ကစားပွဲမှာအောင်နိုင်ဖို့ အတွက် ကုဒ်နံပါတ်တစ်ခုကို လိမ်လည်လှည့် ဖျားပြီးသုံးခဲ့ လို့ ကစား
နည်းမှာ နံရံတွေကိုထွင်းဖောက်မြင်နိုင်ပြီးရန်သူတွေကိုအလွယ်တစ်ကူတွေ့ မြင် သုတ်သင်နိုင်ခဲ့ တယ်
လို့ သူ့ ရဲ့ ကစားပြိုင်ဖက်တွေက စွပ်စွဲခဲ့ ပါတယ်...
ခွဲစိတ်ဆရာဝန်ကတော့သူ့ ရဲ့ ဆေးကုသ တဲ့ သက်တမ်း ၂၃ နှစ် အတွင်း ခေါင်းကိုဓါးနဲ့ အကြီးအကျယ်
အထိုးခံခဲ့ ရတဲ့ လူနာတစ်ဦး သတိရှိနေသေးတာကိုတွေ့ ရတာဟာ ပထမဦးဆုံးအကြိမ်ပါပဲလို့ ဆိုပါတယ်..

ဓါတ်မှန်နဲ့ CAT စကန် ရိုက်ပြီး ဖတ်ကြည့် တဲ့ မှတ်တမ်းများအရ ဦးခေါင်းထဲကိုထိုးစိုက်နေတဲ့ စကေဘာ
ဟာ ကံကောင်းထောက်မစွာပွဲ အဓိကသွေးကြောကြီးတွေနဲ့ အာရုံကြောတွေကို တစ်ခုမှထိခိုက်ခဲ့ ခြင်းမ
ရှိပါဘူး...
ဒါပေမယ့် လူနာအနေနဲ့ ကတော့ ခွဲစိတ်ပြီးနောက်ဆက်တွဲအဖြစ် ပိုးဝင်ခြင်း၊ ဦးနှောက်ထိခိုက်နိုင်ခြင်း၊
မကြာခဏ သတိလစ် ( တက် ) ခြင်း နဲ့ မေးခိုင်ပိုး ၀င်နိုင်ခြင်းတို့ ကို ခံစားရနိုင်ပါသေးတယ်...

အသွား ၁၄ စင်တီမီတာရှိတဲ့ အဆိုပါ စကေဘာ ဓါးကို ခွဲစိတ်ဖယ်ရှားဖို့ အတွက် ဆရာဝန်တွေဟာ နှစ်
နာရီကျော်မျှ ကြိုးစားခွဲစိတ်ခဲ့ ကြရပါတယ်...

ဝေ ရဲ့ ဖခင်ကတော့ သူ့ သားဟာ မနှစ်ကပင် ၈ တန်းအရောက်မှာ ကျောင်းထွက်ခဲ့ တယ်လို့ ဆိုပါတယ်..
သူဟာ အဲဒီကတည်းက အလုပ်ကို လုပ်တစ်ချက်မလုပ်တစ်ချက်နဲ့  အချိန်ရှိသရွေ့ အင်တာနက်ဆိုင်မှာပဲ
အချိန်ကုန်နေခဲ့ တာဖြစ်ပါတယ်...ဒါပေမယ့် အဲဒီဆိုင်ကနေပြီးတော့ ဒီလို ထိခိုက်ဒါဏ်ရာ ရလိမ့် မယ်လို့ 
တော့ တစ်ခါမှ ထင်မထားခဲ့ ပါဘူးလို့ ဆိုလိုက်ပါတယ်...

ဝေ ဟာ လွန်ခဲ့ တဲ့ ဗုဒ္ဓဟူးနေ့ ကပဲ ခွဲစိတ်ကုသခံအပြီးမှာ သတိပြည်လည်ရရှိလာပြီး သူ့ ရဲ့ အခြေအနေက
လည်းတည်တည်ငြိမ်ငြိမ်ပဲရှိနေပါတယ် လို့ ဒေါက်တာ ယန် ကပြောကြားခဲ့ ပါတယ်...
ရဲတပ်ဖွဲ့ ကတော့ အင်တာနက်ဆိုင်က လျှို့ ဝှက်ရုပ်သံရိုက်ကူးထားတဲ့ မှတ်တမ်းတွေကိုရယူသွားခဲ့ ပြီးအ
မှုကို ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်...

အကျိုးမရှိတဲ့ ဂိမ်းဆော့ နေမယ့် အစား အကျိုးရှိရာရှိကြောင်း ဘာသာရပ်၊ ဗဟုသုတ တစ်ခုခုလေ့ လာ
နေတာကမှ ပိုကောင်းပါဦးမယ်...

အင်္ဂလိပ်လိုသတင်းပါ...
An astonishing picture has emerged that shows a teenage boy with what appears to be a 10-inch knife embedded in his skull after a row over a computer game.
Chinese media have reported that the boy was playing the online game Counter-Strike with his friends at an internet cafe when the attack occurred.
Xiao Wei, 16, of Mishazi town, in north-east China's Jilin province, even walked to the 2nd Affiliated Hospital of Jilin University with the help of his friends.
The cleaver was stabbed into Wei's left temple, leaving only the handle protruding, and exited 1cm from his right temple.
'His face was covered in blood, but he was still conscious,' said Professor Yan Shijun, deputy director of neurosurgery department of the hospital.
Wei and his friend Huang were playing Counter-Strike and defeated most of the 'enemies' in the virtual world.
'When we were playing games, a group of people from the same cafe came to us, saying we must install some software to win the game. Then we had an argument with them,' said 18-year-old Huang.
Wei and Huang were allegedly pulled out of the cafe and beaten to the ground outside.
Huang said: 'My left arm was stabbed through by them, and when they had gone, I found Xiao Wei was lying on the ground with a knife in his head.'
Gaming website Gamer Crave reported that the attackers had accused Wei of using a cheat code that allowed his character in the game to see through walls - making it easier to locate opponents.
Dr Yan said it was the first time during 23 years of medical practice that he'd seen a patient remain conscious after being stabbed through the head.
X-rays and CAT scans confirmed that the cleaver luckily didn't hit any main arteries or nerves. However, the patient may have post-surgery complications like infections, brain damage, epilepsy fits, and tetanus.
Doctors operated for more than two hours to take out the knife, which has a blade measuring 14cm.
Wei's father said his son quit school last year as an 8th grader: 'He then worked from time to time, and spent most of the time at the internet cafe. We would never expect he would have such injuries at a cafe.'
Doctor Yan said last Wednesday that Xiao Wei had woken up from the surgery, and his condition was stable.
Police have obtained CCTV footage from the cafe and are continuing their investigation.

3 comments:

kiki said...

ကံမကောင်းလို့  ဒါးထိုးခံရတယ် ။
ကံကြီးပေလို့  ... မသေဘူး ..

ဆောင်းနှင်းရွက် said...

ဘုရားးးဘုရားးး
ကြောက်စရာကြီးးး ...
ကံကောင်းလို့ မသေတယ် ...

ကိုရင်စည်သူ said...

အနော်လည်းကံကောင်းလို့ .. အရင်က ကောင်တာစတရိုက် အရမ်းဆော့တာ.. စကားများရုံ ဆဲရုံလောက်ပါပဲ သူ့လိုတော့ ဓါးထိုးမခံခဲ့ရတာ ကံကောင်းတယ်ဆိုရမှာပဲ ... အဟီး
ခင်တဲ့
ကိုရင်စည်