ကောင်းကင်ကြိုးနဲ့လျောပြီးတောင်တန်းချောက်ကမ်းပါးနဲ့ 
မြစ်ကိုဖြတ်ကာနေ့ စဉ်ကျောင်းတက်ရတဲ့ ဒေသလေး...
ဒီလိုနက်စောင်တဲ့ လျိုမြောင်နဲ့ မြစ်ကို ကောင်းကင်ကြိုးနဲ့ စက်သီးသုံးပြီး...
ဖြတ်သန်းကြရတယ်...
အရှိန်အဟုတ်ပြင်းထန်စွာစီးဆင်းနေသည့်  ကိုလံဘီယာနိုင်ငံမှ ရီယို နီဂရိုမြစ်၏အထက်ပေပေါင်း ၁၃၀၀
ကျော် အမြင့် မှ အသူရာထက်နက်သောချောက်ပေါ်မှ ဖြတ်သန်းရန် အသက် ကိုးနှစ်အရွယ် ဒေစီမိုရာ ဟု
အမည်ရှိသည့် ကလေးမလေးပြင်ဆင်နေပါတယ်...
သူမကိုယ်သူမ သံချေးတက်နေပြီဖြစ်သည့် စက်သီးပေါ်တွင် ကြိုးဖြင့် ချိတ်ကာ လျောချလိုက်သည်နှင့် 
တစ်နာရီမိုင် ၄၀ နှုံးဖြင့် မိုင်ဝက်မျှဝေးသည့် တစ်ဖက်ကမ်းသို့ အမြင့် မှ အနိမ့် သို့ ကြိုးတန်းမှလျောဆင်း
သည့် ခရီးစဉ်ဖြင့် ကျောင်းသွားတက်နေရသည်က ဒေစီမိုရာ လေးအတွက်နိစ္စဒူဝ အလုပ်တစ်ခုပါပေ...
ကိုလံဘီယာနိုင်ငံ၏မြို့ တော် ဘိုဂိုတာ ရဲ့ အရှေ့ တောင်ဘက် မိုင် ၄၀ အကွာဒေသမှာ နေထိုင်တဲ့ လက်
တစ်ဆုပ်စာ အရေအတွက်မျှသာရှိတဲ့ မိသားစုအနည်းငယ်မျှသော ရွာကလေးအတွက်ကတော့ သူတို့ ဆီ
ကနေ တစ်ဖက်တောင်ကြားကိုဖြတ်သန်းသွယ်ဆိုင်းထားတဲ့ စတီးကြိုး ၁၂ ခုကပဲ ပြင်ပကမ္ဘာ နဲ့ တစ်မျိုး
တည်းသောအဆက်အသွယ်ဖြစ်နေပါတော့ တယ်...
ကျော် အမြင့် မှ အသူရာထက်နက်သောချောက်ပေါ်မှ ဖြတ်သန်းရန် အသက် ကိုးနှစ်အရွယ် ဒေစီမိုရာ ဟု
အမည်ရှိသည့် ကလေးမလေးပြင်ဆင်နေပါတယ်...
သူမကိုယ်သူမ သံချေးတက်နေပြီဖြစ်သည့် စက်သီးပေါ်တွင် ကြိုးဖြင့် ချိတ်ကာ လျောချလိုက်သည်နှင့် 
တစ်နာရီမိုင် ၄၀ နှုံးဖြင့် မိုင်ဝက်မျှဝေးသည့် တစ်ဖက်ကမ်းသို့ အမြင့် မှ အနိမ့် သို့ ကြိုးတန်းမှလျောဆင်း
သည့် ခရီးစဉ်ဖြင့် ကျောင်းသွားတက်နေရသည်က ဒေစီမိုရာ လေးအတွက်နိစ္စဒူဝ အလုပ်တစ်ခုပါပေ...
ကိုလံဘီယာနိုင်ငံ၏မြို့ တော် ဘိုဂိုတာ ရဲ့ အရှေ့ တောင်ဘက် မိုင် ၄၀ အကွာဒေသမှာ နေထိုင်တဲ့ လက်
တစ်ဆုပ်စာ အရေအတွက်မျှသာရှိတဲ့ မိသားစုအနည်းငယ်မျှသော ရွာကလေးအတွက်ကတော့ သူတို့ ဆီ
ကနေ တစ်ဖက်တောင်ကြားကိုဖြတ်သန်းသွယ်ဆိုင်းထားတဲ့ စတီးကြိုး ၁၂ ခုကပဲ ပြင်ပကမ္ဘာ နဲ့ တစ်မျိုး
တည်းသောအဆက်အသွယ်ဖြစ်နေပါတော့ တယ်...
ဒေစီလေးနဲ့ သူမရဲ့ မောင်လေး ဂျာမစ်တို့ မကြောက်မရွံ့ ဖြတ်သန်းရပုံ...
ဂျာမစ်လေးက ငယ်သေးလို့ ဂုံနီအိတ် ( မြွေရေခွံအိတ် )ထဲမှာထိုင်လိုက်ရတယ်...
ကောင်းကင်ကြိုးလျောစီးစနစ်နဲ့ ခရီးသားလာနေတဲ့ အကြောင်းကို ၁၈၀၄ ခုနှစ်မှာ စတင်သိရှိခဲ့ တဲ့ ပထ
မဦးဆုံးသော အနောက်နိုင်ငံသား ဖြစ်ပါတယ်...
ထိုကောင်းကင်ဆိုင်းကြိုးများကို အစပထမကတော့ ၇ိုးရာဓလေ့ အတိုင်းပိုက်ဆံလျှော်ချည်များနဲ့ ကျစ်ပြီး
ပြုလုပ်ခဲ့ ကြပြီး နောက်ပိုင်းထိုဒေသရဲ့ မုတ်သုံတောများမှာ သစ်ခုတ်ပြီး သစ်ထုတ်လုပ်ခြင်းတို့ ထွန်းကား
လာတာကြောင့် သံမဏိ၊ စတီးကြိုးတွေကိုအစားထိုးသုံးလာတာဖြစ်ပါတယ်...
သစ်ခုတ်လှဲခြင်းတွေကိုတားမြစ်လိုက်တော့ ထိုဒေသမှာ အခြေချနေထိုင်သူများအတွက် စိုက်ပျိုးမွေးမြူ
ရေးကိုသာအားထားလုပ်ကိုင်နေကြရပါတော့ တယ်...
ယနေ့ ထိတိုင်အောင်လည်း ကောင်းကင်မှာသွယ်တန်းထားတဲ့ ကြိုးတွေဟာ သူတို့ အတွက်တော့ တစ်ခု
တည်းသော လမ်းပန်းဆက်သွယ်ရေးနည်းလမ်းပဲဖြစ်နေပါသေးတယ်...
ဒေသခံလယ်သမားတွေဟာသူတို့ ရဲ့ ကုန်စည်ပစ္စည်းတွေကို အနီးဆုံးမြို့ ကလေးနဲ့ အပြန်အလှန်ရောင်း
ဝယ်ဖောက်ကားဖို့ အပြင် ဒေစီနှင့် သူမရဲ့ အသက် ငါးနှစ်အရွယ်ရှိ မောင်လေး ဂျာမစ် တို့ နေ့ စဉ်ကျောင်း
သွားနိုင်ဖို့ ကိုလည်း ထိုကောင်းကင်ကြိုးဖြင့် ချိတ်ပြီးသွားလာရတဲ့ သယ်ယူပို့ ဆောင်ရေးစနစ်ကိုသာ အ
သုံးပြုနေကြရပါတယ်...
ဂျာမစ် လေးဟာ သူ့ အသက်အရွယ်နဲ့ ဆိုလျှင် ထိုကြိုးနဲ့ စက်သီးကိုဆွဲပြီးသွားဖို့ ငယ်လွန်းသေးတာမို့ သူ့ 
ရဲ့ အစ်မ ဒေစီ ကသူ့ ကိုဂုံနီအိတ်ထဲထည့် ပြီး သူမနဲ့ အတူချိတ်ဆွဲကာ စတီးကြိုးကိုစက်သီးနဲ့ တွဲခိုလျော
စီးပြီးတစ်ဖက်အခြမ်းကမြို့ ကိုသွားရပါတယ်..အဲဒီလိုကြိုးကနေလျောချရာမှာ အရှိန်မလွန်အောင် ထိန်းဖို့ 
ကိုတော့ သစ်ကိုင်းခွထောက်တစ်ခုကို ဘရိတ်အဖြစ်သုံးရပါသေးတယ်...
အထက်မှာမြင်ရတဲ့ အလွန်ထူးဆန်းအံ့ သြ၊ ထိတ်လန့် ဖွယ်ရာရှုခင်းနဲ့ ပုံတွေကို ရဖို့ ဓါတ်ပုံဆရာလည်း
ဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ Christoph Otto ဟာ သူကိုယ်တိုင်တောင်ကြားရဲ့ အထက်မှာရှိတဲ့ ကြိုး
တမ်းပေါ်မှာ ချိတ်ဆွဲလိုက်ပါပြီး တစ်ခြားသူတွေဖြတ်သန်းသွားလာနေတဲ့ ပုံတွေကို ရိုက်ယူခဲ့ တာဖြစ်ပါ
တယ်....
သူတို့ တစ်တွေရဲ့ စိတ်ဓါတ်ကတော့ အံ့ မခန်းပါပဲ....
အင်္ဂလိပ်လိုသတင်းပါ...
More than 1,300ft above the roaring Rio Negro in Colombia, nine-year-old Daisy Mora prepares to throw herself over the abyss.
Attaching herself to an old and rusted pulley system she drops over the edge before plummeting at 40mph along a zip wire to the opposite bank half a mile away - a vertigo-inducing journey she has to take every day to get to school.
For the handful of families living in the area, 40 miles southeast of the capital Bogota, the 12 steel cables that connect one side of the valley to the other are their only access to the outside world.
German explorer Alexander von Humboldt was the first Westerner to observe the unusual rope system in 1804.
They were traditionally made of hemp, but steels cables were installed with the advent of logging in the surrounding rainforest. When this was made illegal settlers turned their hand to farming and cattle raising.
Today, the cables are still the only transport available to those living in the area.
Farmers use them to transport goods to and from the closest town and, for children like Daisy and her five-year-old brother Jamid, it is how they get to school.
Jamid is too young to safely ride the wire on his own, so she has to carry him with her in a jute bag, controlling their speed with a wooden fork.
Photographer and author Christoph Otto, who took these amazing pictures, suspended himself above the valley on one of the cables to capture people making the remarkable journey.
3 comments:
အတော့်ကိုခက်ခဲတဲ့ လမ်းပမ်းဆက်သွယ်ရေးပဲနော် ကိုပီတာရေ.. ကြောက်စရာလည်း အလွန်ကောင်းပါဘိ ။ ပညာရေးဆိုတော့လည်း သူတို့တွေ အသက်စွန့် တက်ရတာပဲနော်..။ တစ်ချို့ဆို ပညာကို အလွယ်လေး သင်ခွင့်ရနေတာတောင် အရိုးများသလေး ချေးခါးသလေးနဲ့ ဒီပို့စ်လေးကို ပြလိုက်ချင်ပါတယ်။
ခေတ်သစ် တာဇံ များပေါ့ ...
ခက်ခက်ခဲခဲ သွားလာနေရတာ ..
တို့ဆီက ဘဘကြီးတွေ့ လိုက်လို့ကတော့
ဆီကုန်သက်သာတယ်ဆိုပြီး သူ့ ရွှေပြည်သားများကို အဲ့သလို စီးခိုင်း သွားခိုင်း နေအုံးမလား မသိ..
အဆင်းကတော့ ဟုတ်ပါပြီ။ အတက်ကိုကျတော့ ဘယ်လို သွားကြသလဲ။ အဲဒါလေးကို စိတ်ဝင်စားမိတယ်။
ကိုယ်တွေများတော့ အဲဒီလို ကြိုးတန်းကိုင်ပြီး ဆင်းနေရရင် သေးထွက်ကျမလားပဲ။ =)
Post a Comment