Centenarian puts age down to cigs and booze
Saturday, March 6, 2010
အသက်ရှည်တဲ့ ဘွားဆိုး...
အသက်ကလေးရယ်တဲ့ ရှည်စေလို...
စီးကရက်သောက်လို့ အရက်ကိုမျို...
အင်္ဂလန်နိုင်ငံ၊ ဂလောက်ဆက်စတာရှိုင်းယားနယ်မှ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ ဘွားဘွားက သူအသက်
ရှည်ရခြင်းရဲ့ အကြောင်းကတော့ စီးကရက်နဲ့ အရက် ပုံမှန်သောက်လို့ ဖြစ်ပါတယ်တဲ့ ...
Cheltenham အရပ်က ဘွားဘွား Lorna Gobey ဟာ တစ်နေ့ ကို စီးကရက် အလိပ် ၂၀ နဲ့ Guiness
နှင့် ဝီစကီရောလို့ တစ်ဖန်ခွက် တော့ အမြဲမှီဝဲသုံးဆောင်ပါတယ်တဲ့ ...
သူမဟာ ၁၉၄၀ ခုနှစ်ကတည်းက စီးကရက်ကိုစတင်သောက်သုံးခဲ့ တာဖြစ်ပြီး အကြမ်းအားဖြင့် တွက်
လျှင်သူမအနေဖြင့် စီးကရက်အလိပ်ပေါင်း ၅ သိန်းကျော်ဖွာရှိုက်သောက်သုံးခဲ့ တာဖြစ်ပါတယ်လို့ အင်္ဂ
လန်နိုင်ငံထုတ် Daily Telegraph သတင်းစာကဖော်ပြခဲ့ ပါတယ်...
” အဖွား အသက် ၃၀ အရွယ်ကတည်းက စီးကရက်စတင်သောက်ခဲ့ တာဖြစ်ပြီး အခုအထိတော့ ဘာ
ကြပေမယ့်  အဘွားရဲ့ မိသားစုကတော့ ဆေးလိပ်ဖြတ်ဖို့ ကိုတောင်မှ မပြောဝံ့ ကြပါဘူး...သူတို့ အဘွား
ကိုလာပြောမယ်ဆိုယင်လည်း အဘွားက သူတို့ ကိုပေါင်ပေါ်တင်ပြီး တင်ပါးကိုခပ်စပ်စပ်ကလေးရိုက်ပစ်
လိုက်မှာ...”  လို့ အဘွားကပြောပါတယ်...
” အဘွားကတော့ ဘ၀ကိုပျော်ပျော်ပဲနေတယ်...ကိုယ်လုပ်ချင်တာလုပ်နေရဖို့ နဲ့ စိတ်ဓါတ်မကျဖို့ တွေ
ကပိုအရေးကြီးပါတယ်...
ဆေးလိပ်သောက်ရတာကြိုက်တယ်...Guiness ဘီယာနဲ့  ၀ီစကီလေးရောပြီး ချရတာကိုနှစ်သက်တယ်...
ဘိုးလင်းပစ်သလိုမျိုးကစားရတဲ့ skittles ကစားနည်းကိုလည်းအခုထက်ထိကိုကစားရတာကြိုက်နှစ်
သက်နေဆဲပါပဲ..."
ဒီလိုမျိုးမွေးနေ့ ပွဲကိုကျင်းပ ပါလိမ့် မယ်...
( သတင်းထဲကဖွားဖွားက ဤဖွားဖွားမဟုတ်ဘူးလို့ ထင်ပါတယ်...)
"အဲဒီလိုကစားနေတာကြောင့် လည်း အခုထက်ထိအသက်ရှည်ရှည်နေနိုင်တာဖြစ်မှာပါပဲ...အဘွားက
တော့ ကိုယ့်ကိုယ်ကို အသက် ၁၀၀ ပြည့် အောင်နေရလိမ့် မယ်လို့ တစ်ခါမှမတွေးထင်မိပါဘူးကွယ်..
အခုတော့ လည်း အသက် ၁၀၀ ပြည့် ပြီပေါ့ ...အံ့ သြစရာပါပဲ...” လို့ အဘွားက ပြောခဲ့ ပါတယ်...
မြေး ၂၇ ယောက်၊ မြစ် ၅၅ ယောက်၊ တီ ၁၂ ယောက် ရှိတဲ့ အဘွား Mrs Gobey ဟာ သူ့ ရဲ့ မွေးနေ့ ပွဲ
ကို ရပ်ကွက် အလုပ်သမားကလပ် မှာ သူအကြိုက်ဆုံးဖြစ်တဲ့ အရက်နဲ့ ဂုဏ်ပြုဆုတောင်းကျင်းပခဲ့ တာ
ဖြစ်ပါတယ်...
အဘွားရဲ့ သားဖြစ်သူ အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ Bob Fisher ကတော့ ” ကျွန်တော်တို့ အားလုံးထက်ကို
အဘွားက ဆေးလိပ်သောက်တာ ပိုမြန်ပြီး အရက်ကိုလည်းကြိုက်နေဆဲပါပဲ...ချဲထီလိုမျိုးဂဏာန်းတွေနဲ့ 
လောင်းကစားရတဲ့ ကစားနည်း ဘင်ဂို ကိုလည်းကစားရတာကိုနှစ်ခြိုက်ပြီး လေမှုတ်တူရိယာတစ်မျိုးဖြစ်
တဲ့ အော်ဂင်ကိုလည်း တီးမှုတ်နေတတ်ပြီး မြို့ ထဲကိုကားစီးပြီးလျှောက်သွားနေရတာကိုလည်းသဘော
ကျကြေနပ်နေတတ်ပါတယ်...”  လို့ ပြောကြားခဲ့ ပါတယ်...
အာဂအဖွားပါပေပဲ...
အဖွားလိုဆေးလိပ်သောက်။ အရက်သောက်ပြီးအသက်ရှည်တဲ့ သူကတော့ ရှားရှားပါးပါးပဲ တစ်ဦး
တစ်လေသာရှိတာမို့  သူ့ ကိုတုပြီးတော့ ဆေးလိပ်အရက်တော့ မသောက်ပါလေနဲ့ ....
ကိုယ့် အလှည့် ကျမှသူ့ လိုအသက်မရှည်ပဲ စောစီးစွာပဲ ကမ္ဘာမြေကိုနှုတ်ဆက်အနမ်းခြွေနေရပါဦးမယ်...
အမှန်တော့ လူတစ်ယောက်ရဲ့ အသက်ရှင်နေထိုင်မှုဟာ  ကံ၊ စိတ်၊ ဥတု၊ အဟာရ ဆိုတဲ့ အကြောင်း
တရားလေးပါးနဲ့ တည်မှီနေတာပါ...
ဥတု၊ အဟာရက ဘယ်လိုပင် သမမျှတမှုမရှိစေကာမူ ကံ၊အကြောင်းတရားနှင့် စိတ်၊ စေတသိတ် အ
ကြောင်းတရားများ အားကောင်းနေသေးလျှင်လည်း ထိုသူ ဆက်လက်ပြီး အသက်ရှင်ရပ်တည်နေနိုင်ပါ
သေးတယ်ဆိုတာ မကြာမှီကဖြစ်ပွားခဲ့ တဲ့ ဟေတီငလျှင်လှုပ်မှုမှာ အစားအစာ မစားပဲ ရက်အတန်ကြာ
တိုင်အောင် မြေအောက်ထဲမှာ ပိတ်မိနေပေမယ့် အသက်ရှင်နေဆဲ လူရဲ့ အဖြစ်က သက်သေပြနေပါ
တော့ တယ်....
ဒီကံ၊ စိတ်၊ စေတသိတ်လို့ ဆိုတဲ့ သိပ္ပံနည်းနဲ့ စမ်းသပ်လို့ မရတဲ့ အကြောင်းတရားတွေကြောင့် သုတေ
သနပြုနေတဲ့ ပညာရှင်အတွက် ယခင်ကတွေ့ ရှိချက်တွေနဲ့ နောက်ပိုင်းတွေ့ ရှိချက်တွေ ရှေ့ နောက်မ
ညီတာတွေ၊ အမှားပြင်ဆင်ချက်တွေဆိုတာကတော့ ရှိနေဦးမှာပါပဲ...
မူရင်းသတင်းပါ...
A 100-year-old Gloucestershire woman believes her longevity may be down to cigarettes and alcohol.
Lorna Gobey, of Cheltenham, smokes 20 cigarettes a day and regularly enjoys a glass of Guinness with a whisky chaser.
She smoked her first cigarette in 1940 - and reckons she's gone through over half-a-million since then, reports the Daily Telegraph.
Mrs Gobey said: "I've been smoking since I was 30 and have had no problems at all.
"People try and tell you it's bad for you but my family wouldn't dare ask me to stop. If they did, I'd put them across my lap and give them a slapped bum.
"I've always tried to enjoy life. I think it's important to do the things you want to do and not to let things get you down.
"I like my smokes, a drop of whiskey and Guinness and I still love to play skittles. Perhaps it's part of the reason I have lived for so long. I never thought I'd make it to 100, but I have. I'm quite amazed really."
Mrs Gobey, who has 27 grandchildren, 55 great grandchildren and 12 great-great grandchildren, toasted her birthday at her local Labour Club with her favourite tipple.
Her son Bob Fisher, 66, said: "She smokes faster than the rest of us and still loves a drink. She loves bingo, playing a tune on the mouth organ and riding around town in cars."
1 comments:
Anonymous said...
အင်းဒီနေ့ကစပြှီးဆေးလိပ်.အရက်လှောင်ထားရတော့မယ်..ဟဲဟဲတလွဲမထင်နဲ့ အုံးစီးပွားရေးလုပ်စားမလုပ် :D