North Korean man executed for calling a friend in South Korea on mobile phone
Friday, March 5, 2010
တောင်ကိုရီးယားကသူငယ်ချင်းဆီဖုံးနှင့် ဆက်သွယ်လို့ သေဒါဏ်ပေးစီရင်ခြင်းခံရ
သည့် မြောက်ကိုရီးယားနိုင်ငံသား...
မြောက်ကိုရီးယား ခေါင်းဆောင်ကြီး....
မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးဟာ တောင်ကိုရီးယားမှာရှိတဲ့ သူ့ ရဲ့ သူငယ်ချင်းတစ်ဦးကို မိုလ်ဘိုင်း
ဖုံးနဲ့ ဆက်သွယ်ပြောဆိုမိလို့ လက်မရွံ့ သေနတ်သမားတွေနဲ့ ပစ်သတ်ကာ အဆုံးစီရင်ခြင်းခံခဲ့ ရပါတယ်...
ယနေ့ အထိ လက်တွေ့ သဘောတရားအရ တောင်ကိုးရီးယားနိုင်ငံနဲ့ စစ်ဖြစ်နေဆဲလို့ ပြောလို့ ရတဲ့ ကွန်
မြူနစ်များအုပ်ချူပ်နေတဲ့ မြောက်ကိုရီးယား အာဏာရှင်များက ၂၄ သန်းသော မြောက်ကိုရီးယားနိုင်ငံသား
တွေအနေနဲ့ မည်သူမဆို တောင်ကိုရီးယားနိုင်ငံနဲ့ အဆက်အသွယ်ပြုလုပ်ခဲ့မယ်ဆိုလျှင် ထောင်ဒါဏ်တစ်
သက်တစ်ကျွန်း သို့ မဟုတ် သေဒါဏ်အပြစ်ပေးခံနိုင်ရတယဆိုတာကို သတိပေးလိုက်တာပဲဖြစ်ပါတယ်...
ယခုလိုတောင်ကိုရီးယားနဲ့ အဆက်အသွယ်ပြုမိလို့ ဖမ်းဆီးအပြစ်ပေးခံရတဲ့ သတင်းများဟာလည်း ပြင်
ပကိုထွက်ရှိခဲလှပါတယ်...ထိုသတင်းဖွင့် ဟပြောကြား၊ ပေါက်ကြားစေတဲ့ သူဟာလည်း ဖမ်းဆီးခံရပြီး
ထောင်ဒါဏ်ကျခံနိုင်လို့ ပဲဖြစ်ပါတယ်...
Jung ဟုသာ အမည်အတိုကောက် သိရသော မြောက်ကိုရီးယားနိုင်ငံသားတစ်ဦးဟာ သူ့ ရဲ့ အိမ်ကို လုံ
ခြုံရေးတပ်ဖွဲ့ ဝင်များဝင်ရောက်စီးနင်းရှာဖွေခဲ့ ပြီးနောက် တရုတ်နိုင်ငံလုပ် မိုလ်ဘိုင်းဖုံးတစ်လုံး( ထိုဖုံး
ကိုအသုံးပြုပြီးဆက်သွယ်ခဲ့ တာ ) ကိုတွေ့ ရှိခဲ့ ပြီးနောက် သေဒါဏ်ပေးအသတ်ခံခဲ့ ရကြောင်း တောင်
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ရှိ ရေဒီယိုအသံလွှင့် ဌာနတစ်ခုက ထုတ်လွှင့် ပြောကြားခဲ့ ပါတယ်...
 တောင်ကိုရီးယားကို ခွဲထွက်ခိုလှုံသွားသူသူ့ ရဲ့  မိတ်ဆွေတစ်ဦးကို သူတို့ ကွန်မြူနစ်တိုင်းပြည်
( မြောက်ကိုရီးယား ) ရဲ့ ဆင်းရဲကျပ်တည်းလှတဲ့ လူနေမှုအခြေအနေတွေ အကြောင်းဖုံးဆက်ပြီး
ပြောဆိုခဲ့ မိကြောင်း ၀န်ခံခဲ့ ပြီးနောက် သူ့ ကိုဖမ်းဆီခေါ်ဆောင်သွားပြီး အပြင်းအထန်နှိပ်စက်ခဲ့ ကြ
တာဖြစ်ပါတယ်...
သူဟာ သူ့ ရဲ့ သူငယ်ချင်း ( မိတ်ဆွေ ) ကို ဒီမှာ လူတွေဘယ်လိုရုန်းကန်လှုပ်ရှားလုပ်ကိုင်စားသောက်
နေရကြောင်း၊ ဆန်ဈေးနုံးတွေ ဘယ်လောက်ဖြစ်နေကြောင်းတွေကို အသေးစိတ်ပြောပြခဲ့ ကြောင်း ဖွင့် 
ဟ၀န်ခံခဲ့ ပါတယ်တဲ့ ...
သူ့ ရဲ့ မိတ်ဆွေက တောင်ကိုရီးယားကို ၂၀၀၁ ခုနှစ်မှာ ထွက်ပြေးခိုလှုံခဲ့ တာဖြစ်ကြောင်း ဆိုးလ်မြို့ 
ဌာနကိုအသုံးပြုပြီး တစ်ဦးချင်းသော်၎င်း၊ အစုအဖွဲ့ လိုက်သော်၎င်း မြောက်ကိုရီးယားကို လှိုင်းတိုအသံ
လွှင့် ပြောကြားခွင့် ပြုစေခဲ့ တာဖြစ်ပါတယ်...
အဆုံးစီရင်ခံရသူ Jung ဟာ လက်နက်ခဲယမ်းမီးကျောက်အလုပ်သမားတစ်ဦးဖြစ်ပြီး နိုင်ငံရဲ့ အရှေ့ 
မြောက်ဒေသရှိ Hamhung ဆိပ်ကမ်းမှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်လို့  အသံလွှင့် ဌာနက ဆိုပါတယ်..
လွန်ခဲ့ တဲ့ လကစပြီး မြို့ တော်ပြုံယမ်းမှာ တရားမ၀င်မိုလ်ဘိုင်းဖုံးများ ကိုင်တွယ်သုံးစွဲခြင်းကိုနှိမ်နင်းဖြိုခွဲ
ခဲ့ ပြီးနောက် သူဟာ ပထမဦးဆုံး ( ထိုအမှုနှင့် ပတ်သက်ပြီး ) ပစ်သတ်ခံရသူဖြစ်ပါတယ်...
မြောက်ကိုရီးယားနိုင်ငံမှာ မိုလ်ဘိုင်းဖုံးများကိုအသုံးပြုခွင့် ပေးထားပေမယ့် သုံးစွဲသူများဟာ သတင်းပို့ 
မှတ်ပုံတင်ထားကြရပြီး သုံးစွဲနိုင်မှုဟာလည်း မြို့ တော်ပြုံယမ်းမှာသာ ကန့် သတ်ထားပါတယ်...
သို့ သော်လည်းကြိုတင်ထည့် သွင်းထားတဲ့  pre-paid ကဒ်များပါတဲ့  တရုတ်လုပ်မိုလ်ဘိုင်းဖုံးများဟာ
မြောက်ကိုရီးယားနိုင်ငံကို တရားမ၀င်လမ်းကြောင်းများကနေ၀င်ပြီး မှောင်ခိုဈေးကွက်မှာ ရောင်းချဖြန့် 
ချီနေကြပါတယ်...
ယခုအခါမှာ တော့ ထိုဖုံးပိုင်ရှင်များကိုလျှို့ ဝှက်ထောက်လှမ်းရေးရဲတပ်ဖွဲ့ က အဓိကပစ်မှတ်ထားနေ
တာဖြစ်ပါတယ်...
Jung ကိုယခုကဲ့သို့ အပြစ်ပေးအဆုံးစီရင်လိုက်တာဟာ မြောက်ကိုရီးယားအာဏာရှင်အစိုးရအနေနဲ့ 
ဤကဲ့သို့ တရားမ၀င်ဖုံးကိုင်ဆောင်သူများကို သတိပေးတဲ့ အနေနဲ့ ဖြစ်ပြီး ထိုသတင်းကိုလည်း တမင်
သက်သက် ပေါက်ကြားစေခဲ့ တယ်လို့ ဆိုပါတယ်...
အင်္ဂလိပ်လိုသတင်းလေးပါ...
A North Korean man has been executed by firing squad for calling a friend in South Korea on his mobile phone.
The brutal communist regime, which is technically at war with South Korea, has warned its 24 million population that any contact with the nation south of its borders is a crime punishable by life in prison or death.
News of those who have been caught and punished for making contact with the south rarely leaks out - because anyone disclosing information about punishment also risks imprisonment.
But a radio station in Seoul, South Korea, said it had learned that a man identified only as Jung has been executed after security officials raided his home and found a Chinese-manufactured mobile phone.
He was taken away and subjected to extreme torture, when he confessed that he had told a defector friend in South Korea about the harsh living conditions in the communist state.
He revealed that he had given his friend details of how people were struggling to live and had also passed on information about the price of rice.
The friend had defected to South Korea in 2001, according to the Seoul-based Open Radio for North Korea, which has found a way of allowing individuals and private groups to broadcast to North Koreans through shortwave radio.
The station said Jung was a munitions worker living in the north east port of Hamhung.
He is believed to be the first person to be shot since the capital, Pyongyang, tightened a crackdown on illegal mobile phones last month.
North Korea does allow mobile phones to be used, but they have to be registered and their range is limited to Pyongyang.
However Chinese mobile phones with pre-paid cards that make international calls possible have been distributed through the black market.
It is the owners of these phones who have been targeted by the country's secret police.
The execution of Jung is expected to be deliberately leaked by the regime as a warning to others who own similar phones.
0 comments: