George W. Flush

Thursday, March 11, 2010

အားပေးကြပါခင်ဗျာ...

 

 
အားပေးကြပါခင်ဗျာ...

 

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ ၊ Mission District အရပ်မှ ပန်းပုဆရာ Clark Sorensen ဟာ သူ့ 
ရဲ့ ကိုယ်ပိုင်အလုပ်ရုံမှာ လက်ဖြစ်ပစ္စည်းများနဲ့ အနုလက်ရာများကိုကိုယ်တိုင်ဖန်တီးပြုလုပ်လေ့ ရှိပါတယ်..
” အပျော်သဘောပေါ့ ဗျာ...ကျွန်တော်က တရုတ်ကြွေထည်ပစ္စည်းတွေနဲ့ လည်း ဖန်တီးတာဆိုတော့ အခု
လို အမျိုးသားတွေ အပေါ့ စွန့် တဲ့ အိမ်သာကြွေအိုးကိုဘယ်လို ပုံစံများလုပ်နိုင်မလည်းဆိုပြီးတွေးမိယင်း
အခုဒီလိုပုံ ဖြစ်လာတာပါပဲ...” လို့  Sorensen  ကဆိုပါတယ်..

 သူဟာ အဲဒီအမျိုးသားအပေါ့ စွန့် အိမ်သာကြွေအိုးတွေကို သစ်ခွပန်းပုံစံ၊ ကြာပန်းပုံစံနဲ့ ထရမ်းပက်ပုံစံ
( အော်လံလိုပုံစံ ) ပန်းပွင့် ဒီဇိုင်းတွေအဖြစ် ထုတ်လုပ်နေခဲ့ ပါတယ်...
ဒါပေမယ့် အခုလူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတာကတော့  Goerge W. Flush  လို့ ခေါ်တဲ့ ယခင်
အမေရိကန်သမတ ဂျော့ ဘုရှ် ရဲ့ မျက်နှာပုံစံနဲ့  ကြီးမားတဲ့ ဦးခေါင်းနဲ့ အ၀ကျယ်တဲ့ ပါးစပ်ပေါက်တို့ နဲ့ 
ဖန်တီးထားတဲ့ အပေါ့ စွန့် အိမ်သာကြွေခွက် ပဲဖြစ်ပါတယ်...
ရှားရှားပါးပါး တစ်မျိုးတည်းသာဖန်တီးထားတဲ့ အဆိုပါ အိမ်သာကြွေအိုးကိုတော့ ဘယ်အမျိုးသားအိမ်
သာမှာမှ မတပ်ဆင်ရသေးပါဘူး...
လောလောဆယ်တော့ ဆန်ဖရန်စစ္စကိုမြို့ က အနုပညာပြပွဲတစ်ခုမှာသာ ပြသ ထားတာဖြစ်ပါတယ်...

မိတ်ဆွေ...
သင်လည်းချမ်းသာချင်ပါသလား...
ရွှေပြည်ကြီးက လူမုန်းအများဆုံး celeberity တစ်ယောက်ရဲ့ ပုံစံသာ ဒီလိုဒီဇိုင်းမျိုးထွင်ပြီးရောင်းပါလေ...
လက်မလည်အောင်ရောင်းရပါလိမ့် မယ်...
ဘယ်သူ့ ပုံကိုအရင်ဆုံးစဉ်းစားမယ်ဆိုတာ သိနေတယ်လေ...ဟဲဟဲ...

အင်္ဂလိပ်လို သတင်းအကျဉ်းပါ...
Sculptor Clark Sorensen produces handmade, homemade pieces in his studio/garage in the Mission District section of San Francisco.
"It started kind of as a joke," said Sorensen. "I was working in porcelain, and I thought, 'what can I do with a urinal?'"
He has produced urinals in the shape of orchids, lilies and morning glories. But the design that has people talking is "George W. Flush," a likeness of former President Bush with an oversized head and a wide open mouth.

The one-of-a-kind urinal is not installed in any men's room. It is on display at a gallery art show in San Francisco.

3 comments:

Anonymous said...

ုko peter ရေ! သန်းရွှေတို့ တမိသားစုလုံး ပုံသာ လုပ်ရောင်း ရင် တော်တော်ရောင်းကောင်း မယှ်ဗျို့....

SHWE ZIN U said...

အင်း ကျနော် မချစ်တဲ့ သူပုံဆိုရင်တော့ စည်းစိမ် ကုန်ရင် ကုန်ပါစေ ဝယ်မှာဘဲ

ခင်တဲ့
ရွှေစင်

Unknown said...

အဲ့ဒါမျိုးကတော့ အားမပေးပါဘူးခင်ဗျာ..
အဆင့်အတန်းမရှိတဲ့ တစ်ကိုယ်ရည် မကျေနပ်မှုကို အရည်ဖျော်ချင်သူတွေအတွက် စီးပွားရေး ရောင်းကုန်တစ်ခုပါပဲ.. သူတို့ဆီက ပုဂ္ဂိုလ်ရေး အသရေဖျက်မှုသက်သက်ကို ဘယ်လိုသဘောထားနဲ့ လက်ခံတယ်ဆိုတာတော့ မစဉ်းစားတတ်တော့ပါဘူး.. အဲ့ဒီနေရာမှာ မိတ်ဆွေတိုရဲ့ ပုံတူဦးခေါင်းကြီးသာဆို ဒီလိုကျေနပ်နေနိုင်ကြမလားဗျာ.. ။