Feard Mosquito Can be Flying Vaccinator...

Friday, March 26, 2010
ငှက်ဖျားရောဂါကာကွယ်ဆေးထိုးပေးမည့် ခြင်မျိုးစိတ်သစ် ....



ခြင်မျိုးဆက်သစ်ကြောင့် ငှက်ဖျားရောဂါကြောက်ဖို့ မလိုတော့ ပြီ...
( သို့ သော် လာမည် ...ကြာမည်....)



မိတ်ဆွေ...
တစ်နေ့  သင့် ကိုလာကိုက်သောခြင်က ငှက်ဖျားရောဂါကာကွယ်နိုင်တဲ့ ပဋိဇီဝ ဓါတ်တွေကိုသင့် ခန္ဓာ
ကိုယ်ထဲသို့ ထိုးသွင်းပေးလိမ့် မည်ဟုဆိုလျှင် သင်ယုံနိုင်မည်လား....

ဂျပန်နိုင်ငံမှ သုတေသီပညာရှင်များက လူသားများကို အသက်အန္တရယ်ဖြစ်စေနိုင်လောက်သော ငှက်ဖျား
ရောဂါပိုးများသယ်ဆောင်သည့်  ၊ လူ့ ခန္ဓာကိုယ်မှ သွေးများစုတ်ယူတတ်သည့် ခြင်များသည် တစ်နေ့ နေ့ 
တစ်ချိန်ချိန်တွင် ထိုရောဂါပိုးများကိုကာကွယ်ပေးသည့် ဓါတ်ပြန် ပဋိဇီဝဆေးများ ဖြန့် ဖြူးနိုင်ပြီး လူသားသန်း
ပေါင်းများစွာကို ကာကွယ်ဆေးထိုးပေးကာ အဆိုပါငှက်ဖျားရောဂါဆိုးမှကာကွယ်ပေးနိုင်စေလိမ့် မည်ဟု မျှော်
လင့် နေကြပါတယ်...

လူအများရွံရှာမုန်းတီး၊ကျိန်ဆဲနေကြသည့် အဆိုပါခြင်များကို မျိုးရိုးဗီဇဆိုင်ရာမျိုးစိတ်သစ်အဖြစ် ကူးပြောင်းမျိုး
စပ်ပြီး ပျံသန်းဖြန့် ဖြူးပေးနေသည့် ကာကွယ်ဆေးထိုးသည့် တိရိစ္ဆာန်များအဖြစ်ပြောင်းလဲစေနိုင်လိမ့် မည်ဟု
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြောက်ပိုင်းတွင်တည်ရှိသည့်  Jichi ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ သိပံ္ပပညာရှင်များ၏
လေ့ လာစမ်းသပ်၊ သုတေသနပြုလုပ်ချက်များအရ သိရပါတယ်...

Leishamaniasis လို့ ခေါ်တဲ့ သဲဖြုတ် ( ခြင်ကဲ့သို့ တိရိစ္ဆာန်တစ်မျိုး ) တစ်မျိုးကြောင့် ဖြစ်ပွားတဲ့ လူကိုအသက်
အန္တရာယ်ဖြစ်စေလောက်တဲ့ ပြင်းထန်သည့် အရေပြားရောဂါတစ်မျိုးကို ကာကွယ်ပေးနိုင်သော ပရိုတိန်းဓါတ်
တစ်မျိုးပါဝင်တဲ့  တံတွေးဂလင်းများထုတ်လုပ်နိုင်သည့် ခြင်မျိုးစိတ်သစ်တစ်ခုကို အဆိုပါဂျပန်သုတေသီပညာ
ရှင်များက စမ်းသပ်မျိုးပွားနိုင်ခဲ့ ကြပါတယ်...

ထိုမျိုးစပ်ပေါက်ဖွားထားတဲ့ ခြင်အကိုက်ခံရတဲ့ ကြွက်မှာ အဆိုပါ အရေပြားရောဂါကို ခုခံ၊ ကာကွယ်နိုင်စေတဲ့ 
ပဋိဇီဝဓါတ်များဖြစ်ပေါ်လာခဲ့ တဲ့ အတွက်ကြောင့် ထိုရောဂါမဖြစ်စေနိုင်လောက်အောင် ရောဂါပြီးစေပါတယ်
လို့  ထိုသုတေသနပြုလေ့ လာစမ်းသပ်မှုကိုဦးဆောင်တဲ့ တွဲဖက်ပါမောက္ခ Shigeto Yoshida ကဆိုပါတယ်...

( ဒီလိုစမ်းသပ်အောင်မြင်မှုကြောင့် ) ခြင်များကို အလားတူစွာ ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်နိုင်ရန်အ
သုံးချသွားနိုင်တော့ မှာဖြစ်ပါတယ်....အဲဒီလိုဖြစ်လာဖို့ အချိန်ကာလအနေနဲ့ ဆယ်စုနှစ်တစ်ခုလောက်တော့ 
ကြာကောင်းကြာနိုင်ပါလိမ့် မယ် လို့ အဆိုပါ ငှက်ဖျားရောဂါဆိုင်ရာကျွမ်းကျင်သူ ပညာရှင်က ဆိုပါတယ်...

" ဒီလေ့ လာချက်ရဲ့ အားသာချက်က ရောဂါကာကွယ်ဆေးအတွက် ငွေကုန်ကြေးကျ ဖြစ်ဖို့ မလိုပါဘူး...သင့် အ
နေနဲ့ ဘာမှသတိမထားမိပဲနဲ့ ကို ကာကွယ်ဆေးထိုးပြီးသားဖြစ်သွားနိုင်ပါတယ်...ဘာဆေးမှလည်း လိုအပ်မှာ
မဟုတ်သလို၊ သင့် အနေနဲ့ သတ်မှတ်ထားတဲ့ နေရာမှာ လူစုလူဝေး၊ လူအုပ်ကြီးနဲ့ အတူ သွားပြီးဆေးထိုးခံနေ
ဖို့ လည်းမလိုပါဘူး...
ခြင်အကြိမ်ကြိမ် အကိုက်ခံရလေ သင့် ရဲ့ ရောဂါကာကွယ်နိုင်စွမ်းတိုးလေပဲဖြစ်ပါတယ်..." လို့ မစ္စတာယိုရှီဒါ
က အေဖက်ပီ သတင်းဌာနကို ဗုဒ္ဓဟူးနေ့ က တယ်လီဖုန်းဖြင့် ပြောဆိုခဲ့ ပါတယ်...

ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲကတော့ ငှက်ဖျားရောဂါကိုတိုက်ဖျက်တဲ့ (ဆေး) ဓါတ်ပစ္စည်းဟာ ရော
ဂါခံနိုင်စွမ်းကို အကြိမ်ကြိမ်၊ လျှင်မြန်စွာပြောင်းလဲစေတတ်တဲ့ အတွက် ထိရောက်တဲ့ ကာကွယ်၊ကုသဆေးမ
ထုတ်လုပ်နိုင်သေးခြင်းပဲဖြစ်ပါတယ်...

ဒါပေမယ့် အရှိန်အဟုတ်နဲ့ တိုးတက်နေတဲ့ သိပံ္ပနည်းပညာကြောင့် ထိုပြဿနာအတွက်ဖြေရှင်းချက်တစ်ခု
ထုတ်ပေးနိုင်ပြီး ထိုမျိုးစိတ်သစ်ခြင်ဟာ ဖွံ့ ဖြိုးဆဲနိုင်ငံများကို အဓိက ဒုက္ခပေးနေတဲ့ ရောဂါဆိုး ( ငှက်ဖျားရော
ဂါ ) ကို လုံးဝပပျောက်အောင်ကူညီစွမ်းဆောင်နိုင်လိမ့် မယ်လို့ မစ္စတာ ယိုရှီဒါက မျှော်မှန်းထားပါတယ်....

အဓိကအားဖြင့် အာဖရိကနဲ့ အာရှဒသမှာ နှစ်စဉ်လူပေါင်းတစ်သန်းခန့် ငှက်ဖျားရောဂါကြောင့် သေဆုံးနေရ
ပြီး အများစုကတော့ ကလေးသူငယ်တွေပဲဖြစ်ပါတယ် လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီးရဲ့ အဆိုအရသိရပါတယ်...
ငှက်ဖျားရောဂါကာကွယ်၊ ကုသဆေးတွေအမျိုးမျိုးရှိနေပေမယ့် လည်း တစ်ကမ္ဘာလုံးအနေနဲ့ တော့ မည်သည့် 
ဆေးကိုမျှ ထိထိရောက်ရောက်အသုံးချနိုင်ခြင်းမရှိသေးပါဘူး...

ဒီစမ်းသပ်ချက်အောင်မြင်အောင်အကောင်အထည်ဖော်နိုင်ပြီး ငှက်ဖျားရောဂါပြီးစေတဲ့ ဓါတ်ပြန်ပစ္စည်းထုတ်
ပေးနိုင်တဲ့ ခြင်မျိုးစိတ်သစ်ကိုမျိုးပွားနိုင်ယင်တော့ အဆိုပါဂျပန်သုတေတီပညာရှင်ကို ဆေးပညာနိုဘယ်ဆု
ပေးသင့် ပါတယ်...




အင်္ဂလိပ်လိုသတင်းပါ...

Japanese researchers hope one day to turn blood-sucking mosquitoes -carriers of deadly malaria -into deliverers of a vaccine that could instead inoculate millions for free.
A new study shows real promise for turning the reviled insects into heroes by genetically modifying them to make them “flying vaccinators“, according to scientists at Jichi Medical University north of Tokyo.
The researchers have already genetically modified a mosquito species so that its saliva contains a protein that acts as a vaccine against leishmaniasis, a sandfly-borne disease that triggers terrible skin sores and can be fatal.
The team confirmed that mice bitten by the transgenic mosquito developed an antibody to the disease, meaning they had built up immunity, said Shigeto Yoshida, the associate professor who has led the research.
Similarly the mosquitoes could be used to help combat malaria, perhaps a decade from now, said the malaria expert. “What's good is that they don't charge you for vaccinations,“ Yoshida told AFP by telephone on Wednesday.
“You would be vaccinated without even noticing. You wouldn't need any drug and you wouldn't need to show up at a designated place for mass vaccinations.“
Repeat bites would only strengthen the immunity, he said.
For now a problem is that no effective vaccine exists, because malaria's antigen, which triggers immune reactions, changes frequently.
However, Yoshida expects science will come up with a solution, and that the transgenic mosquito will ultimately help rid the developing world of a deadly scourge.
Nearly one million people die each year from malaria -most of them children -predominantly in Africa and Asia, according to the World Health Organisation.
There are several anti-malarial drugs, none of them universally effective, and a treatment, called artemisinin.

0 comments: