'Mystical' stone puts plumber on new path

Friday, March 5, 2010
ဂမ္ဘီရကျောက်တုံးကြောင့် ပျောက်စေဆရာဖြစ်သွားသည့် ပိုက်ပြင်သမား...



ပျောက်စေဆရာနှင့် ဂမ္ဘီရကျောက်တုံး...



ပိုလန်နိုင်ငံမှ ပိုက်ပြင်သမားတစ်ဦးဟာ သူ့ ရဲ့ အိမ်အောက်မှာရေပိုက်လိုင်းအတွက် မြောင်းတူးနေစဉ်
လျှို့ ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်များရှိတဲ့ ဂမ္ဘီရကျောက်တုံးတစ်ခု တွေ့ ရှိခဲ့ လို့ ပျောက်စေဆရာအဖြစ်
ထင်ရှားလာခဲ့ ရပါတယ်...
နှစ်ပေါင်းရာနဲ့ ချီပြီးမြေအောက်မှာ တိမ်မြုပ်နေခဲ့ တဲ့ အဆိုပါဂမ္ဘီရကျောက်တုံးကို တူးဖော်ရရှိခဲ့ ပြီးနောက်
Jack Slominski ဆီကို ရောဂါဝေဒနာများပျောက်ကင်းသက်သာပါစေကြောင်း ကုသပေးဖို့ လူနာများရာ
နဲ့ ချီပြီးရောက်ရှိလာခဲ့ ပါတော့ တယ်...

” အဲဒီကျောက်တုံးဟာ ဇက်ပုံသဏ္ဍာန်ကြီးနဲ့ ကို ထွင်းထုထားသလိုဖြစ်နေပြီး ကျွန်တော်အဲဒါကိုထိ
လိုက်တာနဲ့  အလွန်ကြီးမားတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ခံစားသိရှိလိုက်ရပါတော့ တယ်...”
လို့ သူကပြောပြခဲ့ ပါတယ်...
” ကျွန်တော်ကိုယ်တိုင် နှစ်ပေါင်းများစွာကြာအောင်ဖြစ်နေတဲ့ ခါးနာရောဂါရှိနေခဲ့ တာပါ...အဲဒီရောဂါလည်း
ရုတ်တရက်ဆိုသလို၊ ယူပစ်လိုက်သလိုပျောက်သွားပြီးနောက်ဘယ်တော့ မှပြန်မဖြစ်တော့ ပါဘူး...လို့ 
Bialystok မြို့ မှာရှိတဲ့ သူ့ ရဲ့ နေအိမ်ကနေ သူကထပ်ပြောပြခဲ့ ပါတယ်...

အခုတော့  Mr Slominski ဟာ အချိန်ပြည့် ပျောက်စေဆရာ တစ်ဦးဖြစ်နေပြီး သူ့ ဆီကို မိုင်ပေါင်းရာနဲ့ 
ချီပြီးဝေးကွာတဲ့ အရပ်ဒေသက လူနာတွေဟာ အဆိုပါ ဂမ္ဘီရကျောက်တုံးနဲ့ ထိတွေ့ ပြီးကုသခံ ဖို့ လာ
ရောက်နေကြတယ်လို့ ဆိုပါတယ်...
” ကျွန်တော်က အဲဒီအကြောင်း ( ဂမ္ဘီရဆေးပညာနဲ့ လျှို့ ဝှက်နက်နဲမှု ) ကိုနားမလည်ပါဘူး၊ ဒါပေ
မယ့် ( အဲဒီကျောက်တုံးနဲ့ ထိပြီးကုပေးတာ ) အဲဒါကလူတွေကိုပျောက်စေပါတယ်...ဒီလို (ပျောက်စေ
ဆရာလုပ်ရတာဟာ ) အိမ်သာအပျက်တွေပြင်ရတာထက်စာရင် ပိုကောင်းပါတယ်...

မြန်မာပြည်မှာလည်း မိုးကြိုးသွားတို့ ၊ သိဒ္ဓိဝင်ဆေးတောင့် တို့ ၊ ဆေးတောင်ဝှေး စသည်ဖြင့် ရောဂါမျိုး
စုံပျောက်ကင်းစေနိုင်သည့် ဟုဆိုသော ဂမ္ဘီရပစ္စည်းအသုံးအဆောင်များပေါ်ထွက်ခဲ့ ဖူး၊ ပေါ်ထွက်ဆဲရှိ
နေပါတယ်...


အင်္ဂလိပ်လိုသတင်းပါ...
A Polish plumber has become a faith healer after finding a 'mystical' stone while digging up drains under his house.

Jacek Slominski has been swamped by demands from hundreds of patients since he pulled the stone from the earth where it had lain undisturbed for hundreds of years.
"It has a huge Z carved into it and as soon as I touched it I felt this tremendous energy coming from it," he said.
"I've had a bad back for years but all of a sudden all the pain left me and never returned," he added at his home in Bialystok.

Now Mr Slominski has become a full time healer and claims that patients travel hundreds of miles just to touch his healing stone. "I don't understand it but it works and it's better than fixing broken toilets," he said.

2 comments:

Anonymous said...

AIDSရောပျောက်လားဟင်....ဆရာကြီး၊H1N1 ရောပျောက်မှာလား၊ပျောက်တယ်ဆိုတာကအသက်ကိုပြောတာလား

ညီငယ် said...

အုံဖွ..ပျောက်ရော့လဟယ်....
ပျောက်ချင်ရာပျောက်...