Hen produces figure eight-shaped egg

Thursday, March 18, 2010


အင်္ဂလိပ်ဂဏာန်း နံပါတ် 8 ပုံကြက်ဥဆန်း... 

အထူးအဆန်း... 8 ဂဏာန်းပုံ ကြက်ဥဆန်း....

တရုတ်နိုင်ငံမှ ကြက်မတစ်ကောင်ဟာ ပျော့ ပြောင်းတဲ့ ဥခွံအကာနဲ့ အတူ အင်္ဂလိပ်ဂဏာန်း နံပါတ် 8
ပုံသဏ္ဍာန်ရှိသောကြက်ဥတစ်လုံးကို ဥ ခဲ့ ပါတယ်တဲ့ .....
တရုတ်နိုင်ငံ၊ ဟီဘေပြည်နယ်၊ ရှီကျားကျွမ်ဒေသမှာနေထိုင်တဲ့  Mrs Dong တစ်ယောက် သူမရဲ့ ကြက်
ခြံထဲက ကြက်မတစ်ကောင် တစ်ညမှာ ထူးထူးခြားခြားအော်မြည်လို့ တစ်ခုခုတော့ ထူနေပြီဆိုတာကို
သတိပြုမိခဲ့ ပါတယ်...
" ဒီကြက်မ ဒီလိုအော်တာကိုအယင်တုံးက တစ်ခါမှမကြားခဲ့ ဖူးပါဘူး...ကျွန်မကြက်ခြံထဲကိုရောက်သွား
ယင်အော်တာရပ်ပြီး၊ ပြန်ထွက်လိုက်ယင်တော့ ပြန်အော်နေခဲ့ တာပါပဲ...
နောက်တစ်နေ့ မနက်မှာတော့ ကြက်ခြံထဲမှာ အခုလို ထူးဆန်းတဲ့ ပုံသဏ္ဍာန်ရှိတဲ့ ကြက်ဥကိုတွေ့ လိုက်
ရလို့ ကျွန်မဖြင့် တော်တော်ကိုအံ့ အားသင့် သွားမိခဲ့ ရပါတယ်..."  လို့ သူမကပြောပြခဲ့ ပါတယ်...

သူမရဲ့ အိမ်နီးချင်းတွေအားလုံးဟာ သူတို့ ကိုယ်တိုင်ဒီလိုထူးဆန်းတဲ့ ကြက်ဥကိုမြင်တွေ့ ရဖို့ လာပြီးကြည့် 
နေကြပါတော့ တယ်...
အခုတော့ ဒီကြက်ဥဟာထူးဆန်းလွန်းလို့  သူမဟာမရောင်းတော့ ဘူးလို့ ဆုံးဖြတ်ကာ သေတ္တာတစ်လုံးထဲ
မှာကြာရှည်ခံအောင်သိမ်းထားပါတော့ တယ်...
ဟီဘေတက္ကသိုလ်ရဲ့ ဇီဝသိပ္ပံဌာနမှ ပါမောက္ခ ၀ူယွယ်ဖန်း ကတော့  အခုလို ထူးဆန်းတဲ့ ပုံသဏ္ဍာန်ရှိတဲ့ 
ကြက်ဥမျိုးကို တွေ့ ရဖို့ အလွန်ပဲခဲယဉ်းပါတယ် လို့ ပြောကြားခဲ့ ပါတယ်...

" ဒါဟာ ထိုကြက်မ ရဲ့ အစားအစာထဲမှာ ကယ်လ်စီယမ်ဓါတ် မပါလို့ အခွံမာမာနဲ့ မဖြစ်နိုင်ပဲ အပြင်အကာ
ခွံပျော့ ကာ ထူးဆန်းတဲ့ ပုံသဏ္ဍာန်ဖြစ်နေရတာပါ..." လို့ သူကရှင်းပြခဲ့ ပါတယ်....

ရွှေပြည်ကြီးမှာဆိုယင်တော့ ဂမ္ဘီရကြက်ဥဆိုပြီး လူတွေအုံးအုံးကျွက်ကျွက်ထ မှာမြင်ယောင်မိပါသေး
တယ်...

အင်္ဂလိပ်လိုသတင်းလေးပါ...
A hen in China has produced a soft-shelled egg in the shape of a figure eight.
Mrs Dong, of Shijiazhuang, northern China's Hebei province, first suspected something unusual when she heard the hen making unusual noises one night.
"I had never heard anything like it before. When I approached she stopped making the noise but as soon as I left she started again," she said.
"The next morning, I was so surprised to find the weird-shaped egg in the hen's cage."
Mrs Dong said her neighbours had all been coming around to her home to see the egg for themselves.
She has decided not to sell or eat the egg but is keeping it, preserved in a box, because it is so unusual.
Professor Wu Yuefeng of Hebei University's Life Science department, said: "It's very rare to see such a weird-shaped egg.
"This will be the result of a lack of calcium in the hen's diet which has prevented it from creating a hard shell."

1 comments:

သက်တန့်ချို said...

ထူးဆန်းပါပေတယ် ကိုပီတာရယ်းD