Sceptic challenges Indian guru to kill him live on TV

Saturday, March 20, 2010


ဂုရုကြီးရေ...စိန်...စိန်...


အကယ်၍သာ ဂါထာမန္တာန်တွေရွတ်ဖတ်တဲ့ ဆာဒူးယောဂီဂုရုတစ်ပါးက သူ့ ရဲ့ လျှို့ ဝှက်ဆန်းကြယ်တဲ့ 
ဂမ္ဘီရအစွမ်းနဲ့  လူတစ်ယောက်ကို အသက်ဆုံးရှုံးသွားအောင်လုပ်နိုင်တယ်လို့ ရုပ်သံအစီအစဉ်တစ်ခုမှာ
ပြောဆိုကြွားဝါခဲ့ မယ်ဆိုလျှင် ကြည့် ရှုသူအများစုကတော့ အံ့ သြဘနန်းဖြစ်ပြီး ခြွင်းချက်မရှိ ခေါင်းငြိမ့် 
လက်ခံယုံကြည်ကြမှာ ဖြစ်ပါတယ်...
ဒါပေမယ့်  ဆနယ်အီဒါမာရူကူ ဆိုတဲ့ လူတစ်ယောက်ရဲ့ တုန့် ပြန်မှုကတော့ ခြားနားလွန်းလှပါတယ်...
" အဲဒီလိုသာ တစ်ကယ်စွမ်းနိုင်ယင် ကျွန်တော့် ကို အခုပဲသေအောင်လုပ်ပါတော့ ..." လို့ သူက စိန်ခေါ်
ပြောဆိုလိုက်ပါတယ်...
မစ္စတာ အီဒါမာရူကူ ဟာအဆိုပါ ရုပ်သံအစီအစဉ်ကို အိန္ဒိယနိုင်ငံ ယထာဘူတ၀ါဒီ ( ကြောင်းကျိုးဆင်ခြင်
သုံးသပ်ပြီးမှ ယုံကြည်တဲ့ ဝါဒ၊ အရာရာကိုမျက်စေ့ မှိတ်မယုံပဲ သံသယကြီးမားတဲ့ ဝါဒအယူ )အဖွဲ့ အစည်း
ရဲ့ အကြီးအကဲအဖြစ်တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံခဲ့ ရတာဖြစ်ပါတယ်...
ပထမတော့ ဆာဒူးပဏ္ဍိတကြီး သုရံဒါရှားမားဟာ သူ့ ရဲ့ အစွမ်းကိုပြဖို့ တွန့် ဆုတ်၊ ၀န်လေးနေခဲ့ ပါသေး
တယ်...ဒါပေမယ့် နောက်တော့ တိုက်ရိုက်ပဲ ရိုက်ကူးထုတ်လွှင့် နေတဲ့ ရုပ်သံအစီအစဉ်မှာပဲ သူဟာ မယုံ
ကြည်သူ အီဒါမာရူကူ ကိုအသက်သေဆုံးအောင် သူ့ ရဲ့ ဂမ္ဘီရအတတ်တွေနဲ့ ရွတ်ဖတ်ပြီး အဆုံးစီရင်ဖို့ 
သဘောတူလိုက်ပါတော့ တယ်...



 ဥုံ...သျှရီ..တြိ...မန်ဂလံ၊ မန်ဂလံ ...ဂါထာသရ္ဇာယ်...
ဘာမှလည်းမဖြစ်ပါကွယ်...

ထိုအစီအစဉ်ကိုတိုက်ရိုက်ကြည့် ရှုသူတွေ သန်းပေါင်းများစွာရှိတာမို့ ထိုရုပ်သံလိုင်းဟာ မူလကထုတ်လွှင့် 
ဖို့ စီစဉ်ထားတဲ့ အစီအစဉ်တွေကို ဖျက်သိမ်းပြီး သူတို့ နှစ်ဦးရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို ဆက်လက်ထုတ်
လွှင့် ပြသခဲ့ ရပါတယ်...
ပထမတော့ ဂုရုကြီးက ဂါထာမန္တန်တွေရွတ်ဖတ်၊ မန်းမှုတ်ပါသေးတယ်....
နောက်တော့ သူ့ ရဲ့ သားကောင်ဖြစ်တဲ့  မာရူကူ ကိုအစီအရင်နဲ့ ပြုလုပ်ထားတဲ့ ရေနဲ့ ဖျန်းပါတယ်...
ပြီးတော့ သူဟာ ဓါးတစ်ချောင်းကိုဝှေ့ ယမ်းပြီး သံသယရှိသူရဲ့ ဆံပင်တွေကို ဓါးနဲ့ ထိုးဆွကာ နားထင်
ကိုထားနဲ့ ဖိကပ်ပါသေးတယ်...
ဒါပေမယ့် နာရီအတန်ကြာ အဲဒီလိုသူ့ ရဲ့ ဂါထာမန္တာန်ရွတ်၊ ဟိတ်ဟန်ထုတ်ပြီးထပ်ကာတလဲလဲ ဟိန်း
ဟောက်ခြိမ်းခြောက်နေခဲ့ ပေမယ့်  မစ္စတာ အီဒါမာရူကူ ကတော့ ကျန်းမာပကတိ၊ ချမ်းသာစွာရှိမြဲရှိနေ
ပြီး ရိုက်ကူးနေတဲ့ ကင်မရာတွေဆီကို ပြုံးလို့ တောင်ပြလိုက်ကာ ဒေါသအမျက်ထွက်နေတဲ့ ဂုရုကြီးကို
တော့ မထိတထိနဲ့ မခံချိမခံသာဖြစ်အောင်ပြုလုပ်နေပါတော့ တယ်...

ဂုရုကြီးရဲ့ ကြိုးစားအားထုတ်မှုများမအောင်မြင်တဲ့ အခါမှာတော့ သူဟာ မစ္စတာအီဒါမာရူကူ ကို အန္တ
ရယ်ကနေကာကွယ်ပေးအောင် နတ်ဘုရားတွေကိုတိုင်တည်ဆုတောင်းနေခဲ့ တယ်လို့ စွပ်စွဲပါတော့ 
တယ်... ကျွန်တော်က ဘယ်ဘာသာကိုမှ မယုံတဲ့ သူပါလို့ ပြန်ဖြေလိုက်တဲ့ အခါ ဂုရုကြီးက သူ့ အနေ
နောက် မန္တန်ရွတ်ပြီး ဇီဝိန်ခြွေတဲ့ပွဲကို ညဘက်အခါ မှာမှ ဟင်းလင်းပြင်ကျယ်မှာပြုလုပ်နိုင်လိမ့် မယ်လို့ 
ဆိုပြန်ပါတော့ တယ်...ပြီးတော့ သူ့ အနေနဲ့ မိန်းမတစ်ယောက်နဲ့ လည်း အယင်အိပ်ရဦးမယ်၊ အရက်
လည်းသောက်ရဦးမယ်၊ သူ့ ကိုယ်သူလည်းပြာတွေနဲ့ သုတ်လိမ်းရဦးမယ်လို့ ဆိုပါသေးတယ်...


သူတို့ အားလုံးဟာ ( ရုပ်သံအစီအစဉ်ကြေငြာသူနဲ့ ယထာဝါဒီခေါင်းဆောင်တို့ ဟာ ) ထိုဂုရုရဲ့ တောင်း
ဆိုချက်တွေကိုလည်းသဘောတူခဲ့ ကြပြီး ညဘက်မှာပဲအပြင်ဘက်မှာ ပြိုင်ပွဲကိုကျင်းပခဲ့ ကြပါတယ်...
ဒါပေမယ့် ဂုရုခမျာမှာတော့ သူ့ စကားအတိုင်းအသက်သေအောင်မလုပ်နိုင်ခဲ့ တော့ ပါဘူး...
ညသန်းခေါင်ယံမှာ တိုက်ရိုက်ထုတ်လွှင့် နေတဲ့ ရုပ်သံအစဉ်အစဉ်ကြေငြာသူက ပွဲပြီးဆုံးသွားပြီဖြစ်
ကြောင်းကြေငြာခဲ့ ပါတယ်...

" အဲဒီဂုရုတော့ တစ်ခါတည်း ပွဲသိမ်းသွားတာပါပဲဗျာ..."  လို့ မစ္စတာ အီဒါမာရူကူ ကရယ်မောယင်းနဲ့ 
နယူးဒေလီမြို့ ပြင်၊ နိုအိဒါမြို့ မှာရှိတဲ့ ယထာဘူတ၀ါဒီ ဌာနချူပ်အဆောက်အဦး၊ ဒုတိယထပ်က သူ့ ရဲ့ 
ရုံးခန်းမှာ အောင်ပွဲအကြောင်းကိုပြောပြခဲ့ ပါတယ်...
အိန္ဒိယနိုင်ငံမှာ အကြောင်းအကျိုးဆက်စပ်ပြီးယုံကြည်အောင်ပြုပြင်ပေးဖို့ ဆိုတာ နိုင်ငံရဲ့ များပြားလှတဲ့ 
လူဦးရေ၊ ဆင်းရဲမွဲတေမှု ( ထိုအကျိုးဆက်အဖြစ် အသိပညာ၊ဗဟုသုတခေါင်းပါးချို့ တဲ့ မှု ) ၊ လူမျိုးပေါင်း
စုံ၊ ဘာသာပေါင်းစုံတွေကြောင့် အများစုကတော့ မဖြစ်နိုင်ပါဘူးလို့ တောင်ဆိုခဲ့ တာပါ...

သို့ ပေမယ့် မစ္စတာ အီဒါမာရူကူကတော့ သူ့ ရဲ့ ဘ၀ကို ဈာန်ရနေပြီလို့ ဆိုတဲ့ ကျေးရွာများက ဖကီးဆရာ
ဘိုးတော်များ၊ တီဗီအစီအစဉ်တွေပေါ်အထိရောက်နေပြီဖြစ်တဲ့ ယောဂီဂုရုများ၊ စတဲ့ အိန္ဒိယနိုင်ငံကြီး(နိုင်
ငံသူ၊နိုင်ငံသားများ) အသိပညာ၊ဥာဏ်အလင်းရဖို့ အတွက် အနှောက်အယှက်ပြုနေတဲ့ လူလိမ်၊ လူညာ
ဆရာဘိုးတော်များကို ဖော်ထုတ်သွားဖို့ သူ့ ဘ၀ကိုမြုပ်နှံရည်ရွယ်ထားပါတယ်...
အခုတစ်လောမှာတော့ ဖြင့် သူဟာ ဘိုးတော်ဂုရုတစ်ပါးကို ပြည့် တန်ဆာမှုနှင့် ဖမ်းဆီးအရေးယူရခြင်း၊
( ကျွန်တော်ဘာသာပြန်ဖော်ပြပြီး ) နောက်တစ်ဦးကတော့ ခေါင်းဆောင်မင်းသားအဖြင့် ကာလသားများ
အကြိုက်ဇတ်လမ်းတိုမှာ ရိုက်ကူးခံရပြီးကျော်မကောင်းကြားမကောင်းဖြစ်မှု ( တည့် တည့် ပြောယင်
အမျိုးသမီးနဲ့ အိပ်ယာထဲမှာအတူနေပုံကို လက်ပူးလက်ကြပ်ဗီဒီယိုနဲ့ ရိုက်ထားတာ ) ၊ အမျိုးသမီးသာဝက
တစ်ဦးကို အလိုမတူပဲတားဆီးချူပ်နှောင်၊ ပြန်ပေးဆွဲထားမှု နဲ့ စတုတ္ထမြောက်အမှုကတော့ လူပေါင်း ၆၃
ယောက်သေဆုံးရတဲ့ လူအမြောက်အများ ၀ရုန်းသုန်းကားဖြစ်စေတဲ့ ဘာသာရေးအထိမ်းအမှတ်စုရုံးမှု
တို့ ကြောင့် ဖမ်းဆီးအရေးယူရတာတွေနဲ့ အလုပ်များနေပါတယ်...

ယခုသီတင်းပါတ်မှာပဲ အိန္ဒိယနိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး ယောဂဂုရုဖြစ်တဲ့ ဘာဘာရမ်ဒေ့ ဗ်က နိုင်
ငံရေးပါတီတစ်ခုတည်ထောင်ဖို့ စီစဉ်နေတယ်လို့ ကြေငြာခဲ့ ပါတယ်...
သူ့ ရဲ့ ပါတီက အကျင့် ပျက်လာဘ်စားမှုတွေများနေတဲ့ အိန္ဒိယကို ထိုစရိုက်ဆိုးတွေကနေဖယ်ရှားသန့် စင်
ပေးမှာဖြစ်ပြီး နွားတွေကိုသတ်သူတွေကိုလည်း သေဒါဏ်ပေးဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်...
ဒါပေမယ့် လွန်ခဲ့ တဲ့ ဗုဒ္ဓဟူးနေ့ ကပဲ မဟာရာရှတ္တရာပြည်နယ်မှာ မန္တာန်ဆရာတစ်ဦးက ကိုယ်ပိုင်ရင်သွေး
မရသေးတဲ့ ဇနီးမောင်နှံကို ကလေးရဖို့ တစ်ခြားကလေးငယ်ယောကျာင်္းလေး ငါးယောက်ကိုသတ်ဖြတ်ပြီး
ယဇ်ပူဇော်စေဖို့ အကြံပေးညွှန်ကြားခဲ့ လို့ လိုက်နာလုပ်ဆောင်ခဲ့ တဲ့ အဆိုပါလင်မယားကို ရဲများကဖမ်းဆီး
ခဲ့ ပါသေးတယ်...

" အဓိကလက်ငင်းရည်မှန်းချက်ကတော့ ကျွန်တော့် အနေနဲ့ ဘိုးတော်ယောင်၊ ဆရာယောင်တွေကို တား
ဆီးဖို့ ပဲဖြစ်ပါတယ်..." လို့ အသက် ၅၅ နှစ်ရှိ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကရာလာပြည်နယ်ကအချိန်ပိုင်းဂျာ
နယ်လစ်လည်းဖြစ်၊ ထုတ်ဝေသူလည်းဖြစ်တဲ့   မစ္စတာ အီဒါမာရူကူ ကပြောပါတယ်...
" ကျွန်တော်က လူတွေကို မိမိတို့ ကိုယ်တိုင်ပဲ စဉ်းစားဆင်ခြင်ဆုံးဖြတ်စေချင်ပါတယ်... မသိနိုးနား၊ နဝေ
တိမ်တောင်ဖြစ်မှုနဲ့ လမ်းမချော်စေချင်ပါဘူး...ကိုယ်ပိုင်အသိဥာဏ်ပညာ၊ ဗဟုသုတနဲ့ ပဲဆုံးဖြတ်စေချင်ပါ
တယ်...
တစ်နေ့ မှာတော့ အခြေအမြစ်မရှိတဲ့ ယောင်ဝါးဝါးဘာသာရေးကင်းစင်တဲ့ လူမှုအသိုင်းအ၀ိုင်းကြီးတစ်ခု
မြင်ချင်ပါတယ်...အဲဒါဟာကျွန်တော့် ရဲ့ အနာဂတ် စံပြမျှော်လင့် ချက်၊ အိပ်မက်ပါ...ဒါပေမယ့်အဲဒီလိုဖြစ်
လာဖို့ တော့ ဘယ်လောက်ကြာမယ်မသိပါဘူး..."  လို့ သူကဆိုခဲ့ ပါတယ်...သူ့ ရဲ့ အိန္ဒိယနိုင်ငံယထာဘူတ၀ါဒီအဖွဲ့ အစည်း ဟာ ၁၉၃၀ ခုလောက်ကတည်းက သန္ဓေတည်ခဲ့ တာ
ဖြစ်ပါတယ်...
ထိုစဉ်က ဗြိတိန်နိုင်ငံ ယထာဘူတ၀ါဒီများရဲ့ ပုံနှိပ်ထုတ်ဝေရေးအသင်း ကြီးကထုတ်ဝေတဲ့  တွေးခေါ်ရှင်
များ စာကြည့် တိုက် စာအုပ်တွဲများ အိန္ဒိယနိုင်ငံကိုပထမဦးဆုံးစတင်ရောက်ရှိလာခဲ့ ပါတယ်...
ထိုစာအုပ်များကိုရေးသားခဲ့ သူများကတော့ Aldous Huxley , Charles Darwin , H.G. Well တို့ ဖြစ်
ပြီး အစောဆုံးမှာကြားဝယ်ယူဖတ်ရှုသူတွေထဲမှာ အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးဝန်ကြီးချူပ်ဖြစ်တဲ့ ဂျဝါဟာ
လာ နေရူး လည်းပါဝင်ပါတယ်...

အိန္ဒိယနိုင်ငံရဲ့ ယထာဘူတ၀ါဒီအဖွဲ့ ကိုတော့ ၁၉၄၉ ခုနှစ်မှာ ထိုစဉ်က ဗြိတိသျှတွေးခေါ်ပညာရှင်ကြီး
ဖြစ်တဲ့ ဘာထရန်ရပ်ဆဲလ် ရဲ့ အားပေးတိုက်တွန်းမှုဖြင့် မဒရပ်စ်မြို့ မှာ တရားဝင်တည်ထောင်နိုင်ခဲ့ ပါ
တယ်...ဘာထရန်ရပ်ဆဲလ် ကချီးကျူးဂုဏ်ပြုတဲ့ စာအရှည်ကြီးတစ်စောင်ပေးပို့ ခဲပါတယ်..
ဒါပေမယ့် ထိုမှနောင် နှစ်ပေါင်း ၃၀ အတွင်း အဖွဲ့ ဝင်ဦးရေ သုံးရာလောက်သာရှိခဲ့ ပြီး စာစောင်များဖြန့် 
ချီခြင်းနှင့် နိုင်ငံရဲ့ အထက်တန်းလွှာ ပညာတတ်အသိုင်းအ၀ိုင်းမှာသာ ထိုအယူအဆကို ဝေဖန်ဆွေးနွေး
နေခဲ့ ကြပါတယ်...
ဒါပေမယ့်  မစ္စတာ အီဒါမာရူကူ စတင်တာဝန်ယူလိုက်တဲ့  ၁၉၈၅ ခုနှစ်ကတည်းစပြီး ထိုအဖွဲ့ ကြီးဟာ
အခြေခံလူတန်းစားများအဓိကပါဝင်လာပြီးအဖွဲ့ ဝင်ပေါင်း တစ်သိန်းကျော်ဖြစ်လာပါတယ်...အဓိကအား
ဖြင့် တော့ ငယ်ရွယ်သူပညာရှင်များ၊ ဆရာ၊ဆရာမများ၊ကျောင်းသားကျောင်းသူများဟာ အိန္ဒိယနိုင်ငံအနှံ့ 
အပြားမှဖြစ်ပါတယ်...

ယခုအခါ အဖွဲ့ ဝင်များဟာ သူတော်စဉ် ဘိုးတော်ဂုရုတွေပါလို့ သူတို့ ကိုယ်သူတို့ ကြေငြာပြီး အဲ့ သြထူး
ဆန်းဖွယ်တန်ခိုးတွေပြကာ နောက်လိုက်ပေါင်းသန်းနဲ့ ချီကာ လှူဒါန်းပေးကမ်းမှုကြောင့် စည်းစိမ်ဥစ္စာတွေ
အမြောက်အများကြွယ်ဝနေတဲ့ အယောင်ဆောင်တွေရဲ့ လိမ်ညာလှည့် ဖျားပြီးတန်ခိုးပြမှုတွေကို အချိန်များ
စွာ အကုန်ခံပြီး စုံစမ်းဖော်ထုတ်နေကြပါတယ်...

သူတို့ တစ်တွေမကြာခဏဖော်ထုတ်နိုင်ခဲ့ တာကတော့ ဘိုးတော်၊ဆာဒူးဆိုသူတွေရဲ့ ဈာန်ပျံပြတာပဲဖြစ်
ပါတယ်... ထိုဖြစ်စဉ်မှာ ဘိုးတော်ရဲ့ ကြံရာပါတစ်ဦးဟာ မြေပြင်သို့ မဟုတ်ကြမ်းပြင်ရဲ့ စောင်၊အခင်းတစ်
ခုအောက်မှာ ၀င်ရောက်ပုန်းအောင်းလဲလျောင်းနေပြီး ( အချက်ပေးလိုက်တာနဲ့ သူ့ ရဲ့ ခန္ဓာကိုယ်အပေါ်
ပိုင်းကိုကြွလိုက်တာပါ...တစ်ချိန်တည်းမှာပဲ အသင့် ဆောင်ထားတဲ့ ဟော်ကီရိုက်တံလို့ တုတ်နှစ်ချောင်း
ကိုပါစောင်အောက်ကနေ မ တင်လိုက်တာမို့ ဂုရုရဲ့ ခြေထောက်တွေပါ ကြွတက်လာစေတယ်လို့ ထင်မြင်
စေတာဖြစ်ပါတယ်..
" တစ်ကယ်တော့ ဒီလို လံကြုပ်လုပ်ဖို့ ဆိုတာသိပ်လွယ်ပါတယ်..."  လို့ သူ့ ရဲ့ အဖွဲ့ ဝင်တွေကို ထိုပြ
ကွက်ကို သင်ပေးပြီး သတင်းစာရှင်းလင်းပွဲတွေနဲ့ ကျေးရွာတွေမှာသွားရောက်ပြသကာမည်ကဲ့ သို့ လုပ်
လျှင်ဤသို့ ဖြစ်တယ်ဆိုတာကိုရှင်းပြစေလေ့ ရှိတဲ့ မစ္စတာ အီဒါမာရူကူ ကပြောပြပါတယ်...
( သူ့ ကိုလည်း ရွှေပြည်ကြီးကိုဖိတ်ကြားပြီးပြသခိုင်းရမယ်...အခုတော့ သူပြောတာ သိပ်မရှင်းဘူး...)
တစ်ခြားသော လွယ်ကူသည့် လိမ်လည်လှည့် ဖျားနည်းများကတော့ မီးနင်းပြခြင်း ( အကယ်၍သင်ဟာ
မီးခဲတွေပေါ်မှာ ခပ်မြန်မြန်လေးလျှောက်မယ်ဆိုယင် အပူဒါဏ်ကိုမခံရဘူးလို့ ဆိုပါတယ်...) နှင့် သံဆူး
များထောင်ထားသော ပျဉ်ပြား(အိပ်ယာ) ပေါ်တွင် လဲလျောင်းအိပ်ပြခြင်း ( ခန္ဓာကိုယ်အလေးချိန်ဟာ ထို
သံချွန်များအားလုံးပေါ်မှာအညီအမျှပြန့် နေပါတယ်တဲ့ ...)

( နောက်တစ်ခုထင်ရှားတဲ့ လိမ်လည်နည်းတစ်ခုဖြစ်တဲ့ ) ရုပ်တုတွေကနေ မျက်ရည်ကျတယ်ဆိုတာက
နေမျက်ရည်ကျတယ်ဆိုတာကတော့ ရေအနည်းငယ်ကိုဖုံးထားတဲ့ ဖယောင်းအရည်ကြည်လွှာကလေး
ကိုအရည်ပျော်စေတာပဲဖြစ်ပါတယ်...

တစ်ချို့ သောလိမ်လည်လှည့် ဖျားသည့် လှည့် ကွက်များကား အသေအချာအနီးကပ် စူးစိုက်ဖော်ထုတ်
တတ်ဖို့ တော့ လိုပေသည်...အန်ဒရာပရာဒေ့ ရှ် ပြည်နယ်မှ ဂုရုဆာဒူးတစ်ဦးကမူ သူ၏ခေါင်းပေါ်တွင်
မီးပုံကလေးပြုလုပ်ကာ လက်ဘက်ရည်အိုးကိုပင်ဆူအောင်တည်ပြလိုက်သေးသည်...
အမှန်တော့ မီးမလောင်၊နိုင်သော ဓါတ်သားပြားကို ဂျူံဖြင့် ရောနယ်ကပြုလုပ်ထားပြီးသူ၏ခေါင်းနှင့် မီး
ပုံကြားတွင်လူမသိအောင် ထားခဲ့ ခြင်းဖြစ်သည်...
" အဲဒီဆာဒူးဂုရုကို ဖော်ထုတ်တုံးကဆိုကျွန်တော့် အနေနဲ့ တော်တော်စိတ်လှုပ်ရှားခဲ့ ရပါတယ်...
ပိုပြီးကြောင်းကျိုးဆက်စပ်ကာ သုံးသပ်ပြုမူသင့် ခဲ့ ပါတယ်...တစ်ခါတစ်လေတော့ လည်းစိတ်ဆိုးဒေါသ
ထွက်ရပါတယ်...
အဲဒီတုံးက ကျွန်တော်ဟာ ဆာဒူးဂုရု မဟုတ်ပေမယ့် လည်း ဒီလိုလုပ်နိုင်တာပါပဲ...ကျွန်တော်ဟာကြောင်း
ကျိုးဆက်စပ်ပြီးတွေးခေါ်ယုံကြည်တဲ့ သူတစ်ဦးသာဖြစ်ပါတယ်လို့  ပြောပြီးဖော်ထုတ်စည်းရုံးခဲ့ ရတာပါ..."
လို့ သူက ရှင်းပြပါတယ်...

နောက်ထပ်လိမ်လည်လှည့် ဖြားတဲ့ ဆွာမိဂရုကတော့  ၁၉၈၄ ခုနှစ်မှာ လုပ်ကြံခံရပြီးကွယ်လွန်သွားခဲ့ တဲ့ 
ဝန်ကြီးချူပ်အင်ဒီယာဂန္ဒီရဲ့ ဈာပနကို ကျင်းပခဲ့ တဲ့ သူပါပဲ...
သူဟာ ထောပတ်ဆီအကြည် တစ်မျိုးနဲ့ ပြာပုံထဲကိုလောင်းထည့် ပြီးစိုက်ကြည့် နေလိုက်တာ သူ့ အလို
လိုမီးထတောက်လာအောင် အစွမ်းပြလေ့ ရှိတာပါ...
တစ်ကယ်တော့ အဲဒီမှာသုံးတဲ့ ကျွဲနို့ ထောပတ်က အလှဆီတစ်မျိုးဖြစ်တဲ့ ဂလစ်ဆရင်းဖြစ်ကာ ပြာက
တော့ ပိုတက်ဆီယမ်ပါမဂ္ဂနိတ်ဖြစ်တဲ့ ( ပိုးစုန်း ) ဓါတ်ပါ....အဲဒီဓါတ်ပစ္စည်းနှစ်မျိုးကိုအတူရောစပ်ပေါင်း
ထားလိုက်ယင် နှစ်မိနစ်လောက်အကြာမှာ သူ့ အလိုလို မီးထတောက်ပါတယ်...
( နိုင်ငံတစ်ကာခေါင်းဆောင်တွေပါတက်ရောက်တဲ့ ပွဲကြီးမှာပါ တက်လိမ်တာပါပဲ...အချဉ်တော့ မဟုတ်
ပေဘူးဆရာတို့ ...)

အခုလိုအလိမ်တွေကိုဖော်ထုတ်ရတာလည်း အန္တရယ်တော့ အလွန်များပါတယ်...
တစ်ခါမှာတော့ ဘာလ်တီဘာဘာ လို့ ခေါ်တဲ့ ဂုရုတစ်ယောက်ဟာ သူလျှို့ ဝှက်စွာသုံးနေတဲ့ မီးဒါဏ်ခံ
ဓါတ်ပြားအကြောင်းကိုဖော်ထုတ်ပြောပြခဲ့ လို့ မစ္စတာအီဒါမာရူကူ ရဲ့ မျက်နှာကို မီးတောက်နေတဲ့ ရွံ့ အိုး
နဲ့ ပစ်ပေါက်ခဲ့ ပါသေးတယ်...

ထိုယထာဘူတ၀ါဒီခေါင်းဆောင်ခမျာ တစ်ကြိမ်တွင်တော့ ကရာလာ အစိုးရရဲ့ ဖမ်းဆီးထိမ်းသိမ်းမှုပင်ခံရ
လုနီးပါးဖြစ်ခဲ့ ပါသေးတယ်...အဘယ်ကြောင့် ဆိုသော်သူဟာ အစိုးရအရာရှိများရဲ့ တောင်ကုန်းတစ်ခုနား
ကနေမီးပုံပွဲကနေ ညဘက်မှာ ကောင်းကင်ကိုမီးတောက်အလင်းတွေပြန့် တက်နေသလိုပြုလုပ်တဲ့ နှစ်စဉ်
ပူဇော်ပွဲအကြောင်းရင်းကိုဖော်ထုတ်ခဲ့ လို့ ပဲဖြစ်ပါတယ်...
ထိုပွဲကို လူပေါင်းသန်းနဲ့ ချီပြီးလာရောက်ကြည့် ရှု ပူဇော်ကြပါတယ်...သူရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ဖော်
ထုတ်ခဲ့ ပေမယ့် လည်း လူတွေကတော့ ထိုပွဲတော်ကိုသွားရောက်စမြဲ...သူတော်စဉ်ယောင်ဆောင်သူများ
ကိုပူဇော်နေစမြဲပင်...

ဟောရင်းပြောယင်းသာပျံလွန်တော်မူရတယ်....
ပရိတ်သတ်ကတော့မိုက်စမြဲ...မိုက်ဆဲ...ဆိုသလိုပါပဲ...
ဒါပေမယ့်လည်း ဖတ်မိသူတွေအနေနဲ့ ဒီလိုလူလိမ်တွေဘယ်လိုလိမ် လေ့ ရှိတယ်ဆိုတာ အတွေးတစ်စ
ရတယ်ဆိုယင်ဖြင့် ဘာသာပြန်တင်ပြရကျိုးနပ်ပါပြီ...



ဗီဒီယိုကလစ်လေးလည်း အားပေးလိုက်ပါဦး...









မူရင်းသတင်းလေးပါ....
When a famous tantric guru boasted on television that he could kill another man using only his mystical powers, most viewers either gasped in awe or merely nodded unquestioningly. Sanal Edamaruku’s response was different. “Go on then — kill me,” he said.
Mr Edamaruku had been invited to the same talk show as head of the Indian Rationalists’ Association — the country’s self-appointed sceptic-in-chief. At first the holy man, Pandit Surender Sharma, was reluctant, but eventually he agreed to perform a series of rituals designed to kill Mr Edamaruku live on television.
Millions tuned in as the channel cancelled scheduled programming to continue broadcasting the showdown.
First, the master chanted mantras, then he sprinkled water on his intended victim. He brandished a knife, ruffled the sceptic’s hair and pressed his temples. But after several hours of similar antics, Mr Edamaruku was still very much alive — smiling for the cameras and taunting the furious holy man.

When the guru’s initial efforts failed, he accused Mr Edamaruku of praying to gods to protect him. “No, I’m an atheist,” came the response. The holy man then said he needed to conduct a ritual that could only be done at night, outdoors, and after he had slept with a woman, drunk alcohol and rubbed himself in ash.  
The men agreed to go to an outdoor studio that night — all to no avail. At midnight, the anchor declared the contest over. Reason had prevailed. 

“He was over, finished, completely destroyed!” Mr Edamaruku chuckles triumphantly as he concludes the tale in the Rationalist Centre, his second-floor office in the town of Noida, just outside Delhi.
Rationalising India has never been easy. Given the country’s vast population, its pervasive poverty and its dizzying array of ethnic groups, languages and religions, many deem it impossible.

Nevertheless, Mr Edamaruku has dedicated his life to exposing the charlatans — from levitating village fakirs to televangelist yoga masters — who he says are obstructing an Indian Enlightenment. He has had a busy month, with one guru arrested over prostitution, another caught in a sex-tape scandal, a third kidnapping a female follower and a fourth allegedly causing a stampede that killed 63 people.

This week India’s most popular yoga master, Baba Ramdev, announced plans to launch a political party, promising to cleanse India of corruption and introduce the death penalty for slaughtering cows. Then, on Wednesday, police arrested a couple in Maharashtra state on suspicion of killing five boys on the advice of a tantric master who said their sacrifice would help the childless couple to conceive.

“The immediate goal I have is to stop these fraudulent babas and gurus,” says Mr Edamaruku, 55, a part-time journalist and publisher from the southern state of Kerala. “I want people to make their own decisions. They should not be guided by ignorance, but by knowledge.
“I’d like to see a post-religious society — that would be an ideal dream, but I don’t know how long it would take.”

His organisation traces its origins to the 1930s when the “Thinker’s Library” series of books, published by Britain’s Rationalist Press Association, were first imported to India. They included works by Aldous Huxley, Charles Darwin and H.G. Wells; among the early subscribers was Jawaharlal Nehru, India’s first Prime Minister.
The Indian Rationalist Association was founded officially in Madras in 1949 with the encouragement of the British philosopher Bertrand Russell, who sent a long letter of congratulations. For the next three decades it had no more than 300 members and focused on publishing pamphlets and debating within the country’s intellectual elite. But since Mr Edamaruku took over in 1985, it has grown into a grass-roots organisation of more than 100,000 members — mainly young professionals, teachers and students — covering most of India. Members now spend much of their time investigating and reverse-engineering “miracles” performed by self-styled holy men who often claim millions of followers and amass huge wealth from donations.
One common trick they expose is levitation, usually done using an accomplice who lies on the ground under a blanket and then raises his upper body while holding out two hockey sticks under the blanket to make it look like his feet are also rising. “It’s quite easy really,” said Mr Edamaruku, who teaches members to perform the tricks in villages and then explains how they are done, or demonstrates them at press conferences.  
Other simple tricks include walking on hot coals (the skin does not burn if you walk fast enough) and lying on a bed of nails (your weight is spread evenly across the bed). The “weeping statue” trick is usually done by melting a thin layer of wax covering a small deposit of water.
Some tricks require closer scrutiny. One guru in the state of Andhra Pradesh used to boil a pot of tea using a small fire on his head. The secret was to place a non-conductive pad made of compacted wheat flour between his head and the fire. “I was so excited when I exposed him. I should have been more reasonable but sometimes you get so angry,” he said. “I cried: ‘Look, even I can do this and I’m not a baba — I’m a rationalist!’.”
Another swami — who conducted funeral rites for Indira Gandhi, the Prime Minister who was assassinated in 1984 — used to appear to create fire by pouring ghee, clarified butter, on to ash and then staring at the mixture until it burst into flames. The “ghee” was glycerine and the “ash” was potassium permanganate, two chemicals that spontaneously combust within about two minutes of being mixed together.
Exposing such tricks can be risky. A guru called Balti (Bucket) Baba once smashed a burning hot clay pot in Mr Edamaruku’s face after he revealed that the holy man was using a heat resistant pad to pick it up.
The chief rationalist was almost arrested by the government of Kerala for revealing that it was behind an annual apparition of flames in the night sky — in fact, several state officials lighting bonfires on a nearby hill — which attracted millions of pilgrims. Despite his efforts, he admits that people still go to the festival and continue to revere self-styled holy men.

0 comments: