သူမို့ လုပ်ရက်တယ်...
ဒီလိုမျက်နှာပါအားလုံးနီးပါးဖုံးထားတော့ ဘာမှမမြင်ရတော့ ဘူးပေါ့ ...
Nice personality: A Muslim woman wearing the veil (file picture). The would-be bride kept her face hidden behind a niqab throughout the courtship
အာရပ်သံအမတ်ကြီးတစ်ဦးဟာ သူနဲ့ လက်ထပ်မယ့် ဦးခေါင်းကနေ ခြေဖျားအထိ မျက်နှာပါမကျန်
အားလုံးဝတ်ရုံလွှမ်းခြုံဝတ်ဆင်ထားတဲ့ အမျိုးသမီးဟာ မုတ်ဆိတ်မွေးတွေရှိတဲ့ အပြင်မျက်စေ့ များက
ပါစွေစောင်းနေတာကို သိရှိလိုက်ရတဲ့ အတွက် ချက်ချင်းပဲ လက်ထပ်တာကိုဖျက်သိမ်းပြီးကွာရှင်းပြတ်
စဲဖို့ တောင်းဆိုခဲ့ ပါတယ်...
သူတို့ နှစ်ဦးတွေ့ ဆုံခဲ့ ကြတဲ့ အချိန်တိုင်း အဆိုပါသတို့ သမီးလောင်းဟာ သူမရဲ့ မျက်နှာကိုအထူးသ
ဖြင့် အာရပ်မွတ်ဆလင်အမျိုးသမီးများ ဖုံးအုပ်လွှမ်းခြုံတဲ့ မျက်နှာဖုံး niqab နဲ့ တစ်ချိန်လုံးကာကွယ်
ထားတာမို့  ထိုသံတမန်ပုဂ္ဂိုလ်ခမျာ ဇနီးလောင်းရဲ့ မျက်နှာပုံပန်းသဏ္ဍာန် ဘယ်လိုရှိတယ်ဆိုတာကို
မခန့် မှန်း၊ မသိရှိနိုင်ခဲ့ ရပါဘူး...
ဒါပေမယ့် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ မှာ သူတို့ နှစ်ဦးလက်ထပ်တဲ့ စာချူပ်လက်မှတ်ရေးထိုးပြီးတော့ 
အထိမ်းအမှတ်အနေနဲ့ သတို့ သမီးကို အနမ်းပန်းတွေပေးဆက်မယ်လည်းလုပ်ရော အမျိုးသမီးရဲ့ မျက်
နှာမှာ မုတ်ဆိတ်မွှေးတွေရှိနေတဲ့ အပြင် မျက်စေ့ များကပါ စွေစောင်းနေတာကို တွေ့ လိုက်ရလို့ ထို
သတို့ သားလောင်းခမျာ အလွန်ပဲ ထိတ်လန့် အံ့ သြသွားခဲ့ ရပါတယ်လို့  လက်ထပ်စာချူပ်လက်မှတ်
ရေးထိုးပွဲကို တက်ရောက်ခဲ့ တဲ့ ဧည့် သည်တစ်ဦးကပြောကြားခဲ့ ပါတယ်...
သတို့ သမီးဟာ ကိုယ်ဟန်မူယာတင့် တယ်ပေမယ့် သူမရဲမျက်နှာကိုတော့ ပုဝါနဲ့ အမြဲပါဖုံးထားရမယ့်
အခြေအနေဖြစ်ခဲ့ ရပါတယ်...
အခုတော့ အဲဒီအကြောင်းတရားကြောင့် သူမကိုလက်ထပ်ဖို့ ဆိုတာဘယ်လိုမှမဖြစ်နိုင်တာမို့ သတို့ 
သားဟာ ကွာရှင်းပြတ်စဲဖို့ တရားရုံးကိုချက်ချင်းပဲသွားရောက်ပါတော့ တယ်...
သနားစရာ သတို့ သမီးမှာတော့ မျက်ရေချောင်းစီးငိုပွဲဆင်ရပါတော့ တယ်...
အသက် ၄၀ ကျော်အတွင်းရှိပြီဖြစ်တဲ့ ပြင်သစ်နိုင်ငံ၊ ပဲရစ် အပါအ၀င် ကမ္ဘာတစ်လွှားမှာတာဝန်ထမ်း
ဆောင်ခဲ့ တဲ့ အမည်မဖေါ်လိုသူ သံအမတ်က သူဟာ မိဘဆွေမျိုးတွေစီစဉ်ပေးတဲ့ လက်ထပ်ထိမ်း
မြားမှုမှာ အယုံသွင်းအလိမ်ခံခဲ့ ရပါတယ်လို့ အစ္စလာမ်ဘာသာရေးဆိုင်ရာ Sharia တရားရုံးမှာပြော
ကြားခဲ့ ကြောင်း ဒူဘိုင်းအစိုးရရဲ့ တရားဝင်သတင်းစာမှာ ဖေါ်ပြထားခဲ့ ပါတယ်...
သတို့ သမီးရဲ့ မိဘတွေဟာ သူမရဲ့ ဓါတ်ပုံအစားရုပ်ရည်ချောမောလှပတဲ့ သူမရဲ့ ညီမဓါတ်ပုံကို သူ့ 
ရဲ့ မိဘတွေကိုပေးပို့ ပြသခဲ့ တယ်လို့ သူကပြောဆိုခဲ့ ပါတယ်...
သူ့ အနေနဲ့ ထိုငွေများကို အစားအသောက်စားရိတ်များနဲ့ မင်္ဂလာဆောင်အတွက် ကားနဲ့ ရွှေ၊ငွေ
လက်ဝတ်ရတနာများအတွက် အသုံးပြုခဲ့ ၇တာဖြစ်ပါတယ်...
သံအမတ်ကြီးရဲ့ ဥပဒေအကျိုးဆောင်အဖွဲ့ ဟာ ထိုအမျိုးသမီးကို ဟိုမုန်းဓါတ်ဆိုင်ရာချွတ်ယွင်းမှုတစ်
စုံတစ်ရာအတွက် စမ်းသပ်စစ်ဆေးဖို့ ကိုလည်းလျှောက်ထားခဲ့ ပြီး သူမအနေနဲ့ ဆရာဝန်နဲ့ စမ်းသပ်
ပြသခဲ့ ရာမှာ မှားယွင်းမှုတစ်စုံတစ်ရာမတွေ့ ခဲ့ ရပါဘူး....
” သူမဟာ အခုလို အရှက်တစ်ကွဲအကျိုးနည်းဖြစ်ရပ်ကြီးကြောင့် အလွန်ကို စိတ်ထိခိုက်ကြေကွဲခံ
စားနေရပါတယ်...” လို့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကဆိုခဲ့ ပါတယ်...
ကမ္ဘာပါတ်ခဲ့ တဲ့  ကိုလူလည် လည်းဒီပွဲကျမှ အချီကြီး ” ထိ ” တော့ တာပါပဲ...
မူရင်းသတင်းပါ...
Lawyers for the ambassador successfully called for the marriage to be annulled, but his demand for £100,000 to cover the cost of the wedding reception was rejected, following the conclusion of the case on Tuesday.
He had spent the money on food, drink, wedding cars and jewellery.
The ambassador’s legal team also made an application for the woman to be examined for hormonal deficiencies, but when she went to see a doctor nothing out of order was found.
‘She’s devastated by the entire experience,’ added the source.
2 comments:
တကယ်ဆို လက်မထပ်ခင်ထဲက သီချင်းလေး ဆိုပြလိုက်ရမှာ " ကြည့်ခွင့်လေးတော့ ပေးသင့်ပါတယ်ကွယ် "
အားပေးလျက်ပါ ကိုပီတာ :)
ကို ပါတီ ကြီးလဲ အဲ့ မှာ
ကြပ်ကြပ် သတိထားနေ .. ဟွင်း..
Post a Comment