Malaysian lovers fined four buffaloes and a pig for affair

Monday, February 15, 2010


ဖောက်ပြန်သူအတွက် ဒဏ်ကြေး....

 

မလေးရှားနိုင်ငံမှ အိမ်ထောင်ရှင်အမျိုးသားတစ်ဦးဟာ သူ့ ဇနီးဖြစ်သူရဲ့ သူငယ်ချင်းနဲ့ ဖောက်ပြန်
ခဲ့ လို့ သူတို့ နှစ်ဦးစလုံးကို ကျေးရွာတရားရုံးက အပြစ်ဒါဏ်ပေးတဲ့ အနေနဲ့ ကျွဲလေးကောင်၊ ၀က်
တစ်ကောင်နဲ့ ငွေသား ရင်းဂစ်၂၀၀၀ ( ဒေါ်လာ ၅၈၆ ) ပေးဆောင်စေဖို့ အမိန့် ချမှတ်ခဲ့ ပါတယ်...


”သူတို့ နှစ်ဦးချစ်ကြည်နူးခဲ့တာနဲ့ ..ငါက အချောင်ရွာပြောင်းရတော့ မယ်....”


အမျိုးသားဖြစ်သူရဲ့ ဇနီးသည်၏တိုင်ကြားချက်အရအဆိုပါအိမ်ထောင်ရေးဖောက်ပြန်သူနှစ်ဦးကို
Penampang ဒေသဆိုင်ရာတရားရုံးက လွန်ခဲ့ တဲ့ သောကြာနေ့ က ဒေသရိုးရာအစဉ်အလာဥပ
ဒေများအရ အပြစ်ရှိကြောင်းဆုံးဖြတ်ကာ စီရင်ချက်ချမှတ်ခဲ့ ခြင်းဖြစ်ပါတယ်...

တရားခွင်မှာကြားနာနေစဉ်အတွင်း ဇနီးဖြစ်သူက သူမရဲ့ ခင်ပွန်းဟာ ၂၀၀၆ ခုနှစ်မှာ တက္ကသိုလ်
တစ်ခုကိုတက်ရောက်ဖို့ စာရင်းသွင်းပြီးကတည်းက သူမကိုအလေးမထား၊ ဂရုမစိုက်တော့ တာဖြစ်
ပါတယ်လို့ ပြောကြားခဲ့ ပါတယ်...သူမကဆက်ပြီး နောက်ပိုင်းမှာ ခင်ပွန်းဖြစ်သူဟာ သူမရဲ့ သူငယ်
ချင်းနဲ့ မြို့ ပေါ်ကအိမ်တစ်အိမ်မှာ အတူနေထိုင်ကြတာကို သူမသိရှိခဲ့ ရပြီး သူမသွားရောက်ရင်ဆိုင်
ခဲ့ တဲ့ အခါ ခင်ပွန်းဖြစ်သူက အောက်ခံဘောင်းဘီလေးသာဝတ်ဆင်ထားပြီး သူရဲ့ ချစ်သူ ကတော့ 
ထမီနဲ့ ပဲရှိနေတာကိုတွေ့ ခဲ့ ရပါတယ် လို့ ပြောခဲ့ ပါတယ်...

အဆိုပါကျေးရွာတရားရုံးက အမျိုးသားကို ဒါဏ်ငွေ ရင်းဂစ် ၁၀၀၀ ပေးဆောင်စေဖို့ ဒါဏ်ရိုက်
ခဲ့ ပြီး သူ့ ရဲ့ ဇနီးဖြစ်သူကို ကျွဲတစ်ကောင် သို့ မဟုတ် ရင်းဂစ်၁၅၀၀ ၊ သူ့ ရဲ့ သားနှစ်ယောက်ကို
ဝက်တစ်ကောင် သို့ မဟုတ် ရင်းဂစ် ၅၀၀ စီ နဲ့  နောက်ထပ် ကျွဲတစ်ကောင် သို့ မဟုတ် ရင်းဂစ်
၁၅၀၀ ကို သူနေတဲ့ Langkuas ရွာသားတွေကို လျော်ကြေးပေးစေဖို့ ဆုံးဖြတ်ခဲ့ ပါတယ်....

သူ့ ရဲ့ သားနှစ်ယောက်ကို လစဉ်ထောက်ပံ့ ကြေးအဖြစ် ရင်းဂစ် ၂၀၀ ပေးစေဖို့  Penampang ခရိုင်
အရာရှိ William Sampil , ဒေသခံရွာအကြီးအကဲများဖြစ်တဲ့  Johney Molijo နဲ့   Adrian Sikawah

ရဲ့ အဖွဲ့ ဝင်သုံးဦးပါဝင်တဲ့ တရားသူကြီးအဖွဲ့ ကအမိန့် ချမှတ်ခဲ့ ပါတာဖြစ်ပါတယ်...
ထိုအမျိုးသားရဲ့ ချစ်သူကိုတော့ ရင်းဂစ် ၁၀၀၀ ဒါဏ်ငွေရိုက်ခဲ့ ပြီး သူမအနေနဲ့ သူ့ ရဲ့ ဇနီးကို ကျွဲတစ်
ကောင်နဲ့  သူမနေထိုင်တဲ့  Keningau ဒေသက ကျေးရွာကို ( ရွာနာစေမှု နဲ့ ) ကျွဲတစ်ကောင်လျော်
ကြေးပေးဆောင်စေရန်အမိန့် ချမှတ်ခဲ့ ပါတယ်...

ထိုအမျိုးသားနဲ့ အမျိုးသမီးတို့ ဟာ သာမန် အခင်မင်ဆုံး၊ အရင်းနှီးဆုံးသူငယ်ချင်း၊ မိတ်ဆွေများသာ
ဖြစ်ပါတယ်လို့  ခုခံပြောကြားခဲ့ ပေမယ့် တရားရုံးတော်အနေနဲ့  သူတို့ နှစ်ဦးရဲ့ သာမာန်ထက်ပိုတဲ့ 
ဆက်ဆံရေးဖြစ်တဲ့ ဖောက်ပြန်မှုအတွက်ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ တွေ့ ရှိခဲ့ ရ
တယ်လို့  တ၇ားသူကြီးအဖွဲ့ ဝင် Sampil က အမိန့် ချမှတ်ယင်း ပြောကြားခဲ့ ပါတယ်...

ခိုးစားတာလူမိလို့ လျှော်ရတာလည်း မနည်းပါလား....
ကျွဲနဲ့ ဝက်တောင်အဆစ်ပါလိုက်သေး...

မလေးရှားသတင်းစာကသတင်းပါ...
Four buffaloes, a pig and RM2,000 ($586) was the fine a court imposed on a man and his wife’s colleague for having an illicit affair.The two were convicted by the Penampang Native Court on Friday under customary native laws, after the man’s wife filed a complaint against them last year.During the hearing, the woman claimed her husband had become indifferent to her after he enrolled for a degree course at a university in 2006. She claimed she later found him and her colleague living together in a house in the city, and that when she confronted them there, her husband was clad in shorts while his lover was in a sarong.

The court fined the man RM1,000 and ordered him to pay compensation of a buffalo or RM1,500 to his wife, a pig or RM500 to his two sons and another buffalo or RM1,500 to his Kampung Langkuas folks in Papar.

He was also ordered to pay RM200 in monthly expenses for his two sons by the three-man bench comprising Penampang district officer William Sampil, and native chiefs Johney Molijo and Adrian Sikawah.

The man’s lover was fined RM1,000 and ordered to compensate his wife with one buffalo and her village in Keningau district with another buffalo. Sampil, in delivering the ruling, said although the man and his lover claimed they were “best friends” in their defence, the court found strong evidence of their intimate affair.

0 comments: