Man with 'world's longest hair' dies in Vietnam

Friday, February 26, 2010

ကမ္ဘာ့ အရှည်ဆုံးဆံပင်ပိုင်ရှင် ဗီယက်နမ်နိုင်ငံသားကွယ်လွန်...


ကမ္ဘာ့ အရှည်လျားဆုံးဆံပင်ပိုင်ရှင်ဟုဆိုနိုင်သော အမျိုးသားဟာ ဗီယက်နမ်နိုင်ငံမှ ၎င်း၏နေအိမ်
တွင်သေဆုံးသွားခဲ့ ပြီဖြစ်ကြောင်းသတင်းများက ဖော်ပြခဲ့ ပါသည်...
Tran Van Hay ဟုအမည်ရသော ထိုအဖိုးရဲ့ ဆံပင်ဟာ ၆.၈ မီတာ ( ၂၂ ပေ ) အရှည်ရှိပေမယ့် 
တစ်ခါမှတော့ ကမ္ဘာ့ မှတ်တမ်းအတွက် တရားဝင်တိုင်းထွာခဲ့ ခြင်းမရှိပါဘူး...
သူ့ ရဲ့ ဆံပင်ဟာ ထူထဲလုံးကျစ်နေပြီးသူ့ ရဲ့ ခန္ဓာကိုယ်ကို စပါးကြီးမြွေတစ်ကောင်လို ရစ်ပတ်ထားပါ
တယ်တဲ့...


 ရှည်လည်းရှည်နိုင်လွန်းပါတယ်...



ဗီယက်နမ်နိုင်ငံတောင်ပိုင်း Kien Gieng  ပြည်နယ်တွင်နေထိုင်သော အသက် ၇၉ နှစ်ရှိ အဘိုး Hay
ဟာ တိုင်းရင်းဆေး၊ပရဆေးပင်များစိုက်ပျိုးရောင်းချသူအဖြစ်အသက်မွေးကာ ဘ၀ကိုရိုးရှင်းစွာပင်နေ
ထိုင်ခဲ့ သည်ဟု သတင်းများကဆိုပါသည်...
သူ့ ရဲ့ ရှည်လျားတဲ့ ဆံပင်ကြောင့် တော့ သူ့ အနေနဲ့ အဆင်မပြေမှုအနည်းငယ်တော့ ရင်ဆိုင်ခဲ့ ရပါ
တယ်...အထူးသဖြင့်ဆိုင်ကယ်စီးဦးထုပ်ဆောင်းလို့ မရလို့ သူ့ အနေနဲ့ ဆိုင်ကယ်တော့ စီးလို့ မရခဲ့ 
ရှာပါဘူး...
သူငယ်ရွယ်စဉ်က ဆံပင်ညှပ်ပြီးတိုင်းနေမကောင်းဖြစ်လေ့ ရှိလို့ ဆံပင်မညှပ်ပဲထားခဲ့ တာ နှစ်ပေါင်း
ငါးဆယ်ကျော်ခဲ့ တာဖြစ်ပါတယ်လို့ သူ့ ရဲ့ ဇနီးဖြစ်သူ Nguyen Thi Hoa ကပြောပြခဲ့ တယ်လို့ ဆိုပါ
တယ်....
နေ့ ဖက်တွေဆိုယင်တော့  ကီလိုဂရမ်တော်တော်များများလေးတဲ့ သူ့ ဆံပင်အခွေကြီးကိုခေါင်းပေါ်
မှာ ထိန်းပြီးတော့ ပုဝါတစ်ခုနဲ့ ဖြစ်သလိုဖုံးအုပ်ချည်နှောင်ထားရပါတယ်တဲ့ ...

ဗီဒီယိုကလစ်လေးလည်းကြည့် နိုင်ပါသေးတယ်...




ဒါကတော့ အင်္ဂလိပ်လိုသတင်းအကျဉ်းပါ...
A man who may have had the longest hair in the world has died at his home in Vietnam, it has been reported.
Tran Van Hay is thought to have had hair up to 6.8 metres long, although it had never been officially measured for a record attempt. It stretched in a thick, matted cord around his body, resembling a massive furry boa constrictor.
 

79-year-old Hay, who lived in the Kien Giang province of southern Vietnam, worked as a herbalist and lived a simple life, according to reports.
However, his hair did cause him some difficulties, notably that he couldn't take a motorcycle taxi anywhere because he couldn't fit a helmet around his hair. He had been growing his hair for over fifty years, according to his wife Nguyen Thi Hoa, because he often felt sick after a haircut.

By day, Hay kept his hair - which weighed several kilograms - balanced precariously on his head, covered by a scarf.

3 comments:

SHWE ZIN U said...

ကိုပီတာ

ကျနော့် ချစ်ချစ်ကြီးလည်း ငယ်ငယ်က ဆံပင် အရှည်ကြီးထားသေးတယ် ဒီလိုမှန်းသိရင် သမိုင်းတွင် အောင်ထားခိုင်းပါတယ်

JulyDream said...

အဲဒီဆံပင်နဲ့ဆို အတော်ကို ခေါင်းလေးရှာမှာပဲ။

သမီးပျို said...

ဒါ့ထက် ဆိုးတာက အဲဒီဘဘကြီး ခေါင်းလျှော်မလျှော် တော်တော်စဉ်းစားရကြပ်နေတယ် နှစ်၅၀ကျော်ပြီဆိုတော့ .....အင်း.....စဉ်းစားစရာပဲ ။ ခေါင်းလည်းမဖြီးဘူး ထင်ပါ့ ။ သူလည်း ရောဂါတစ်မျိုးပဲနော် ။ ဆံပင်ညှပ်ရင် နေမကောင်းဖြစ် ရတယ်လို့ ကြားကြားဖူးပေါင် ။ ခုမှ ခုမှ ...


အားပေးလျှက်
သမီးပျို