ကမ္ဘာ့ အရပ်အပုဆုံး၊ အသေးဆုံးလူသားလေလား...
ဖခင်ဖြစ်သူနဲ့ အတူ....
နီပေါနိုင်ငံမှ ဆယ်ကျော်သက် ကောင်လေးတစ်ဦးဟာ သူတစ်တာမျှော်မှန်းထားတဲ့ စိတ်ကူးယဉ်အိပ်မက်ဖြစ်တဲ့ ကမ္ဘာ့ အရပ်အပုဆုံး၊ ခန္ဓာကိုယ်အသေးဆုံး လူသားအဖြစ် စံချိန်တင်နိုင်ဖို့ အတွက် အ
ကောင်အထည်ဖော်ဖို့ ခရီးထွက်ခွာလာခဲ့ ပါပြီ...
အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ Khagendra Thapa Magar ဟာ သူရဲ့ ဖခင်ဖြစ်သူ အပါအ၀င် သူ့ ကို
အားပေးထောက်ပံ့ တဲ့ သူတစ်ယောက်နဲ့ အတူ ကမ္ဘာ့ စံချိန်မှတ်တမ်းမှာပါဝင်စံချိန်တင်နိုင်ဖို့ အတွက်
လျှောက်ထားတောင်းဆိုရန် အီတစ်လီနိုင်ငံကိုခရီးထွက်ခွာခဲ့ ပါတယ်...
အရပ် ၂၂ လက်မသာမြင့် တဲ့  Magar ဟာ ကမ္ဘာ့ သမိုင်းတစ်လျှောက်လုံးမှာ အရပ်အပုဆုံးလူသား
အဖြစ် စံချိန်တင်ဘွဲ့ ထူးကိုရနိုင်ရန်အတွက် အသက် ၁၈နှစ်ပြည့် ဖို့ ၈ လ သာလို ပါတော့ တယ်...
ချစ်သူရွေးမယ် ...ချစ်ဝဲလယ်...
မြင့် တဲ့ အိန္ဒိယ နိုင်ငံသား Gul Mohammed ပဲ ဖြစ်ပါတယ်...
ဥရောပ နိုင်ငံများကိုခရီးမထွက်ခွာမီ သတင်းဌာနများကို လက်ပြနှုတ်ဆက်နေခဲ့ တဲ့ ကိုယ်အလေးချိန်
၁၀ ပေါင်သာရှိတဲ့  ဆယ်ကျော်သက်အရွယ် လူငယ်လေးဟာ သူ့ ရဲ့ ခရီးစဉ်အတွင်းမှာ အောင်မြင်
ကျော်ကြားမှုတွေ၊ ငွေကြေးဥစ္စာဓနတွေနဲ့ အတူ ချစ်သူကြင်သူ ကိုပါ တွေ့ ရှိနိုင်လိမ့် မယ်လို့ မျှော်
လင့် ယုံကြည်နေပါတယ်...
သူ့ အသက် ၁၄ နှစ်သားမှာ သူ့ ရဲ့ မိသားစုက ကမ္ဘာ့ စံချိန်မှတ်တမ်းမှာဖော်ပြနိုင်ဖို့ လျှောက်ထားခဲ့ 
ပေမယ့် သူအသက်ပြည့် တဲ့ အထိစောင့် ရမှာဖြစ်တယ်လို့ ပြောခဲ့ ပါတယ်...
လက်ရှိအသက်ထင်ရှားကမ္ဘာ့ အရပ်အပုဆုံးလူသားဘွဲ့ ကိုပိုင်ထားသူကတော့ တရုတ်နိုင်ငံမှ အရပ်
၂၉ လက်မ မြင့် တဲ့  He Pingping ပဲဖြစ်ပါတယ်...
လူသားအားလုံးကို လေးစားပါတယ်....
Magar နဲ့ သူ့ ဖခင်တို့ က သူတို့ အီတလီကိုရောက်ယင် ယခုတစ်ပတ်အတွင်းထုတ်လွှင့် မယ့် ရုပ်
သံအစီအစဉ်တစ်ခုမှာ သူ့ ကမ္ဘာ့ စံချိန်မှတ်တမ်းဝင်ဖို့ အတွက်တောင်းဆိုလျှောက်ထားမှုအကြောင်းကို
ပါဝင်တင်ဆက်မှာဖြစ်တယ်လို့ သတင်းထောက်များကိုပြောပြခဲ့ ပါတယ်...
နီပေါနိုင်င့ Baglung ဒေသမှာ ၁၉၉၂ ခုနှစ်က မွေးဖွားခဲ့ တဲ့ Magar ဟာ အသက် ၈ နှစ်အရွယ်ကျမှ
လမ်းစလျှောက်နိုင်ခဲ့ ပြီး အသက် ၁၁ နှစ်အရွယ်မှာတော့ သူ့ ခန္ဓာကိုယ်ဟာဆက်လက်ပြီးမဖွံ့ ထွား
လာတော့ ပါဘူး...
” သူ့ ကိုမွေးကာစတုံးက တော်တော်ကိုသေးငယ်ပါတယ်...” လို့ သူ့ ရဲ့ မိခင် Dhana MayaThapa
Magar ကပြောပြခဲ့ ပါတယ်...
သူ့ ရဲ့ အရွယ်အစားကသေးလွန်းလို့ သူ့ ကိုရေချိုးပေးလို့ လည်းမရ၊ သန့် ရှင်းအောင်ရေပါတ်တိုက်
ပေးလို့ ပါမရခဲ့ ပါဘူး...သူ့ ကို လက်ဖ၀ါးပေါ်မှာတင်ပြီးမှ ချီထားခဲ့ ရပါတယ် လို့ မိခင်ဖြစ်သူကပြော
ခဲ့ ပါတယ်....
သူနဲ့ ရွယ်တူကလေးတွေနဲ့ စာယင် သူ့ အရပ်ဟာ အလွန်ပဲ နိမ့် နေတာကိုသိရတော့ သူ့ သားဖြစ်သူ
ဟာ စိတ်မချမ်းမသာဖြစ်ခဲ့ ရတယ်လို့ ဖခင်ဖြစ်သူကပြောပါတယ်...
လူတစ်ယောက်မှာ ခန္ဓာကိုယ်အရွယ်အစားကအရေးမကြီးပါဘူး လို့ သူ့ ကိုအမြဲပဲနှစ်သိမ့် ခဲ့ ရပါ
တယ်လို့ ဖခင်ဖြစ်သူ Rup Bahadur ကပြောပြပါတယ်...
ဒါပေမယ့် သူ့ ရဲ့ အလွန်သေးငယ်တဲ့ ခန္ဓာကိုယ်အရွယ်အစားကြောင့် သူ့ ဘ၀ဟာလည်းပြောင်းလဲ
လာခဲ့ ရပါတော့ တယ်...
သူဟာ အခုဆိုကမ္ဘာကျော်တဲ့ အောင်မြင်ထင်ရှားမှု၊ နိုင်ငံတစ်ကာကိုလှည့် လည်သွားလာနိုင်မှုတွေ
နဲ့ အတူ ရှာဖွေစီစဉ်ပေးတဲ့ သူနဲ့ အရွယ်တူ ကြင်သူသက်ထားနဲ့ ပါ လက်ထပ်နိုင်ဖို့ တွေကို မျှော်လင့် 
နေနိုင်ပါပြီ....
” ကျွန်တော်ကတော့ အဖေ့ ကို ကျွန်တော်နဲ့ သင့် တော်မယ့် ဇနီးလောင်းရှာပေးဖို့ အမြဲပဲပူဆာနေ
ခဲ့ ပါတယ်...” လို့ သူကဆိုပါတယ်...
” သားသမီးတွေလည်းရချင်ပါသေးတယ်...ဒါပေမယ့် ဘယ်နှစ်ယောက်ဆိုယင်ကောင်းမလဲဆိုတာ
တော့ မဆုံးဖြတ်ရသေးပါဘူး...” လို့ သူကထပ်ပြောပါတယ်...
လူပုလေး Magar ဟာ ကရာတေးကစားခြင်းကိုနှစ်ခြိုက်ပြီး အခါအားလျော်စွာ အကသရုပ်ဖော်တဲ့ အ
ဖွဲ့ တစ်ခုနဲ့  ဟိမ၀န္တာတောင်ခြေ က သူ့ မွေးရပ်မြေမှာ ပါဝင်ဆင်နွဲလေ့ ရှိပါတယ်...
” အခုတော့ အရင်က လှောင်ပြောရယ်မောခဲ့ တာတွေဟာ ချီးကျူးဂုဏ်ပြုမှုတွေဖြစ်လာခဲ့ ပါပြီ...
အခုဆိုလူတွေက ကျွန်တော့် ရဲ့ သေးငယ်လှတဲ့ ခန္ဓာကိုယ်အရွယ်အစားအတွက်ကိုပဲ နာမည်ကျော်
လာတဲ့ အတွက်ကျေးဇူးတင်ဂုဏ်ပြုနေကြပါပြီ....” လို့ သူကဆိုခဲ့ ပါတယ်...
မူရင်းသတင်းပါ...
A Nepali teenager bidding to become the world's smallest man is going the extra mile to achieve his lifelong dream.
Khagendra Thapa Magar, 17, is flying with his father and a supporter to Italy, where they plan to file a claim with Guinness World Records.
Standing just 22in tall, Magar is eight months away from adulthood - and the chance to claim the title of the shortest man in history.
The shortest man ever recorded was Gul Mohammed of India, who measured 22.4in.
Pictured waving to the media before leaving for Europe, the tiny teen, who weighs just 10lbs, is hoping to find fame, fortune and a fiancee on his travels.
His family initially applied for Guinness recognition when he was 14, but Magar was told he would have to wait until he was an adult.
The current smallest man record is held by China's He Pingping, who is 29in tall.
Magar and his father told reporters in Kathmandu that they planned to appear on an Italian television show this week to talk about his bid for the title.
Mr Magar, who was born in 1992 in the Baglung district of Nepal, started to walk only at the age of eight and ceased growing at 11.
'He was very tiny when he was born,' said Khagendra's mother Dhana Maya Thapa Magar.
'It was not possible to bathe him or clean him up because of his size. We had to hold him on our palm,' she said.
According to his father, Magar would become upset after finding that he was much shorter than other children of his age.
'We always tried to console him saying that size doesn't matter at all,' said Rup Bahadur.
But his life has been transformed after the word about his size spread in the area.
Magar is looking forward to global fame, international travel and an arranged marriage with a bride of similar stature.
'I keep on telling my father to find a right match for me,' said Magar.
'I would love to have children but haven't decided on the numbers yet,' he added.
Magar enjoys karate and occasionally performs with a dancing troupe in the foothills of Himalayas.
Happy with his celebrity status, he says he was ridiculed for his size until he became famous in his native Nepal.
'The ridicule has turned into praise. Now people congratulate me as my small size has earned me a big name,' he said.
1 comments:
ကျောင်းတုန်းကဂျပုတစ်ကောင်ရည်းစားစကားလာပြောတော့ညီမလေးကလူကဖြစ်ခွေးပစ်တဲ့တုတ်လောက်ပဲရှိတယ်လို့ ကိုယ်တော်ချောကဘာပြောလဲသိလား၊ခွေးပစ်တဲ့တုတ်မှာလည်းအသဲနဲ့ ပါတဲ့..သြော်ခုတော့လည်းသူပြောတာမလွန်ပါလားလို့ ...သူ့ ထက်ပုတဲ့လူတောင်ဒီစကားပြောတယ်ဆိုတော့...သြော်သူရယ်ဘယ်များရောက်နေပါလိမ့် :-P
Post a Comment