Indonesia bans buffaloes from political protests

Monday, February 8, 2010
သတိ !!! ကျွဲများဆန္ဒမပြရ....





ခင်ဗျားဟာကျွဲသတ္တ၀ါတစ်ကောင်လိုပါပဲ...
ထုံထိုင်းတယ်၊ နှေးကွေးလေးလံတယ်...
ဘာမှနားမလည်တဲ့ အတ္တဘောကြီးပါပဲ....

အင်ဒိုနီးရှားအစိုးရဟာ သမ္မတဖြစ်သူ ဆူစီလိုဘန်ဘန်ယူဒိုယိုနို က ဂျကာတာမြို့ လယ်ဆန္ဒပြပွဲတစ်
ခုမှာ ဆန္ဒပြသူတွေက ကျွဲတစ်ကောင်ရဲ့ နဖူးမှာ သမ္မတကြီးရဲ့ ဓါတ်ပုံကို ကပ်ပြီးဆန္ဒပြခဲ့ ကြလို့ သူ့ 
ကိုကျွဲ၊နွားတိရိစ္ဆာန်နဲ့ နှိုင်းခဲ့ တဲ့ အတွက် အလွန်စိတ်ထိခိုက်ရပါတယ်လို့ ဆိုခဲ့ တဲ့ အတွက် နောင်
ဆန္ဒပြပွဲများမှာ ကျွဲများပါဝင်ခြင်းကိုတားမြစ်လိုက်ပါတယ်...


ဘဘ ဗိုလ်ချူပ်ကြီးဟောင်း သမ္မတကြီး...

စကားကိုနူးညံ့ ချိုသာစွာပြောတတ်တဲ့ ဗိုလ်ချူပ်ကြီးဟောင်းက သူ့ ကို ကျွဲတစ်ကောင်လိုပဲ ခန္ဓာကိုယ်
ထွားကြိုင်းတယ်၊ ထုံထိုင်း နှေးကွေးတယ်လို့ ပြောဆိုခိုင်းနှိုင်းတာကို စိတ်ထိခိုက်၊ ဒေါသထွက်ခဲ့ ၇တယ်
လို့ ဆိုပါတယ်...
ဆန္ဒပြသူများက သမ္မတကြီးပြန်လည်ရွေးကောက်တင်မြောက်ခံရပြီး ရုံးတက်ရက် ၁၀၀ မြောက်နေ့ 
မှာ ပြုလုပ်တဲ့ ကန့် ကွက်ဆန္ဒပြပွဲတွေမှာ ကျွဲကိုခေါ်ဆောင်လာခဲ့ တာဖြစ်ပါတယ်...


အခုလိုတားဆီးပိတ်ပင်တဲ့ ကြေငြာချက်ဟာ ( သမ္မတကြီးကိုကာကွယ်ဖို့ အကြောင်းပြတဲ့ )လူ့ ကျင့် 
ဝတ်၊ လောက၀တ် နဲ့ မဆိုင်၊ မပါတ်သက်ပါဘူး... လမ်းမပေါ်ကိုကျွဲတစ်ကောင်ခေါ်လာပြီးဆန္ဒပြတာ
ဟာ လမ်းစည်းကမ်းချိုးဖောက်တာပဲဖြစ်ပါတယ်...

နိုင်ငံတော်အတွင်းဝန် ဆူဒီစီလာလာဟီက ” လူတွေ စည်းကမ်းဥပဒေကိုချိုးဖောက်ခဲ့ ကြပါတယ်...
စည်းမျဉ်းဥပဒေမှာကိုက ဆန္ဒပြသူတွေဟာ တိရိစ္ဆာန်တွေ၊ကျွဲတွေ၊နွားတွေကို ခေါ်ဆောင်မလာရ
ပါဘူးလို့ အတိအကျ၊ ရှင်းလင်းစွာဖေါ်ပြထားပါတယ်..” လို့ ပြောကြားခဲ့ ပြီး အခုလိုတိရိစ္ဆာများဖြင့် 
ဆန္နပြခြင်းကိုတားမြစ်တာကို ကာလရှည်ကြာစွာ လိုက်နာစေမှာဖြစ်ပါတယ် လိုလည်းဆိုခဲ့ ပါတယ်...

” ဘာဖြစ်လို့ လည်းဆိုတော့ ပထမအချက်က လမ်းစည်းကမ်းကိုချိုးဖောက်တာဖြစ်ပြီး၊ ပိုအရေးကြီး
တဲ့ အချက်က ကျွဲဆိုတဲ့ သတ္တ၀ါဟာ စိတ်ဆိုးဒေါသထွက်ပြီဆိုယင် ကန်တတ်၊ ဝှေ့ တတ်လို့ ပါပဲ...”
လို့ သူကဆိုပါတယ်...

သမ္မတ ယူဒိုယိုနိုဟာ လွန်ခဲ့ တဲ့ ဂျူလိုင်လကရွေးကောက်ပွဲမှာ ဒုတိယ ငါးနှစ်သက်တမ်းအတွက်
ထပ်မံရွေးချယ်ခံခဲ့ ရပါတယ်...ဒါပေမယ့် သူဟာ ပြုပြင်ပြောင်းလဲပါ့ မယ်လို့ ဆိုတဲ့ သူ့ ရဲ့ မူဝါဒ ကို
အကောင်အထည်ဖော်ဖို့ နှေးကွေးတယ်...ဆုံးဖြတ်ချက်တစ်ခုကိုပြတ်ပြတ်သားသားမချနိုင်ပဲတွေ
ဝေတတ်ယ်....ရည်မှန်းချက်တွေမဖြစ်မြောက်ပဲကျရှုံးတယ် လို့ ဝေဖန်ခံခဲ့ ရပါတယ်...

အတိုက်အခံပါတီ Gerindra မှ ဒက်စမွန်မဟီဆာ ကတော့ အခုလို ကျွဲနဲ့ ဆန္ဒပြကန့် ကွက်ခြင်းကို
တားဆီးတာဟာ အစိုးရအနေနဲ့ လွန်ကဲစွာ တုန့် ပြန်တာဖြစ်ပြီး ဒါဟာသမ္မတဖြစ်သူအနေနဲ့ ပျော့ 
ညံ့ တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်ဆိုတာကို ပြသနေတာပဲ လို့ ဆိုလိုက်ပါတယ်...
” ဆန့် ကျင်ကန့် ကွက်၊ ဆန္ဒပြပွဲတွေကို ကျင်းပခွင့် ပေးနေသရွေ့ တော့ ကျွန်တော်ကတော့ သူဟာ
( သမ္မတကြီးဟာ ) အာဏာရှင်တစ်ယောက်မဟုတ်ပါဘူးလို့ ထင်နေဦးမှာပါပဲ.... ဒါပေမယ့် သူက
ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေ၊ သူ့ အစိုးရအပေါ်ဝေဖန်သုံးသပ်မှုတွေကိုတော့ မကြာခဏ မကြေနပ်
ကြောင်းထုတ်ဖော်ပြောကြားလေ့ ရှိပါတယ်...”   လို့ အဆိုပါအတိုက်အခံခေါင်းဆောင်ကပြောကြား
ခဲ့ ပါတယ်...
ဒါတောင် ယူဒိုယိုနိုဟာ နာမည်ကျော် အဆိုတော်လည်းဖြစ်ပါသေးတယ်တဲ့ ....

ရွှေပြည်ကြီးမှာလည်း အဲဒီလိုစည်းမျဉ်းဥပဒေများရှိလေမလားပဲ...


အင်္ဂလိပ်လိုသတင်းပါ...

Indonesian government bans buffaloes from attending street protests after president expressed his hurt at being compared to the animals.
President Susilo Bambang Yudhoyono said that he was upset by having his picture stuck onto a water buffalo during a protest in Jakarta.

The softly-spoken ex-general took exception at the suggestion he was "big, stupid and slow like a buffalo".
Protesters had brought the animal to one of a series of protests marking the first 100 days of Mr Yudhoyono's rule. "They said that I am like a buffalo – big and stupid and slow in moving," he said.
"That statement is not ethical or moral, and to use a buffalo can violate other regulations, like traffic laws."
State Secretary Sudi Silalahi said a long-standing ban on the beasts at protests would be enforced. "There's a law that's been violated ... which states clearly that protesters should not bring animals, buffaloes," he said.
"Firstly, that's a violation of the law, and secondly, which is more critical, when buffaloes are angry they'll kick and gore."
Mr Yudhoyono was re-elected to a second five-year term in a landslide in July but he is often criticised for being slow, indecisive and failing to use his mandate for reform.
Desmond Mahesa, from the opposition party Gerindra, called the buffalo ban an overreaction and said it shows the president is a weak leader.
"I think he is not a dictator, as long demonstrations are allowed in this country – but he too often complains about people's protests and critics against his administration," he said.

1 comments:

SHWE ZIN U said...

အဲဒီ စည်းကမ်းမျိုးကိုတော့ လိုက်နာချင်သားဗျာ

ကျေးဇူး