Police Inspector holds regular prayer meetings to help catch criminals

Monday, February 22, 2010

ဆုတောင်းခြင်းဖြင့် တရားခံများ ဖမ်းမိနိုင်ပြီ....


လူဆိုးတွေဖမ်းမိစေဖို့ ....
ရဲမောင် ...ဆုတောင်း....
HOLY - Bartlett looks to God to help solve cases



လူဆိုးများဖမ်းဆီးနိုင်ရေးအတွက် ၎င်းတို့ အနေဖြင့် ဘုရားသခင်ထံဝတ်ပြုဆုတောင်းပြီးအကူအညီ ယူ
ခဲ့ ရလေ့ ရှိပါသည်ဟု ဗြိတိန်နိုင်ငံမှ ထိပ်တန်းရဲအရာ တစ်ဦးက ဖွင့် ဟ၀န်ခံပြောကြားခဲ့ ပါတယ်...
အသက် ၄၄ နှစ်ရှိ ရဲမှုခင်းအရာရှိ Barlett က အမှုများမှန်ကန်စွာဖော်ထုတ်ကာ တရားခံများဖမ်းဆီး
နိုင်ရေးအတွက် ရဲတပ်ဖွဲ့ အနေဖြင့် ဒေသခံ ယုံကြည်သ ခရစ်ယာန်ဘာသာဝင်များနှင့် အတူ ပုံမှန်ဝတ်
ပြုဆုတောင်းပွဲများ လုပ်ခဲ့ သည်ဟုဆိုပါတယ်....
၎င်းတို့ ဝတ်ပြုဆုတောင်းသည့် အဖွဲ့ အနေဖြင့် နာမည်ကျော်ဖောက်ထွင်းဝိဇ္ဇာတစ်ဦးအား ဖမ်းဆီးရနိုင်
ပါစေကြောင်း ဆုတောင်းခဲ့ ကြပြီး ရက်များမကြာမှီတွင်ပဲ ထိုသူခိုးကိုလက်ရဖမ်းမိခဲ့ ပါတယ်လို့  သူက
ဆိုပါတယ်...
Davon နှင့်  Cornwall  အရပ်ရဲ့ ရဲမှူးဖြစ်သူ Bartlett  အနေနဲ့ သူတာဝန်ကျတဲ့ စခန်းရဲ့ မှုခင်းဖော်
ထုတ်နိုင်မှု နှုံးထားဟာ ၂၆ ရာခိုင်နှုံးပဲရှိနေခဲ့ တာမို့ ၎င်းရဲ့ ဝတ်ပြုဆုတောင်းနေကျ ( ဘုရားသခင်
အမှုတော်ထမ်း ) အဖွဲ့ ကို သူတို့ ရဲ့ ဒေသအတွင် မှုခင်းများစုံစမ်းဖော်ထုတ်ရာမှာ ပိုမိုအောင်
မြင်စေဖို့ ဆုတောင်းကြဖို့ ညွှန်ကြားခဲ့ ပါတယ်...


 ရဲသားကြီးများ ...အကြံကောင်းပေ...
လူဆိုးဖမ်းဖို့ တောင်းဆုခြွေ.....


အဲဒီလို ဆုတောင်းခဲ့ ပြီးနောက် Daven မှာရှိတဲ့  Barnstaple ရဲစခန်းမှာ မှုခင်းဖော်ထုတ်နိုင်မှုဟာ
ရာခိုင်နှုံး ၄၀ ကျော်အထိဖြစ် လာခဲ့ ပါတယ် လို့ သူကပြောခဲ့ ပါတယ်...
ဝတ်ပြုဆုတောင်းခြင်းကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးမှုများကိုလည်းလျော့ နည်းစေနိုင်ပါတယ်
လို့ လည်းသူကပြောပါသေးတယ်...

” ကျွန်တော်က သူတို့ ကို ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုတွေနည်းပါစေ လို့ ဆုတောင်းကြဖို့ ပြောခဲ့ 
ပြီး သူတို့ ဆုတောင်းကြလို့  မတော်တစ်ဆဖြစ်မှုတွေ ၆၇ ရာခိုင်နှုံးအထိ ကျဆင်းသွားပါတယ်...
ဒါဟာ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့ အနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်တာထက်ကို
အများကြီးပိုပါတယ်...”  လို့ သူကဆက်ပြောပါတယ်...
လူတော်တော်များများကတော့ ဒါဟာ တိုက်ဆိုင်မှုတစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်...ဒါပေမယ့် 
ကျွန်တော်တို့ များများဆုတောင်းလေ...တိုက်ဆိုင်မှုတွေက ( မှုခင်းကျဆင်းတာ ) ပိုလာလေပါပဲ
လို့ အဆိုပါ ရဲအရာရှိက ပြောကြားခဲ့ ပါတယ်...

ကျွန်တော်ပြောတာမဟုတ်ဘူးနော်...
ဦးဦးရဲရဲ ကြီးပြောတာ...

မူရင်းသတင်းပါ....

A top police officer has confessed to turning to prayer to catch criminals. Insp Roger Bartlett, 44, holds regular prayer meetings with local Christians to solve cases.He said a prolific burglar was caught days after the group prayed for him to be put behind bars.

Insp Bartlett, of Devon and Cornwall police, asked his God squad to pray for the local crime detection rate when it was a poor 26 per cent.He said: "Every quarter since, there has been an increase and now Barnstaple in Devon has a rate of just over 40 per cent."
The officer also claims prayers have cut road deaths. "I asked them to pray and there was a 67 per cent reduction - a figure well beyond even the best traffic officers.

"Many say this is just coincidence - but the more I pray, the more coincidences I seem to see."

0 comments: