Australian cat thinks it's a chicken
Sunday, February 21, 2010
ကျွန်တော်မသိတဲ့ ...ကျွန်တော်...
သူ့ မှာ ခြေလေးချောင်းရှိတယ်...ချွန်မြတဲ့ နားရွက်တွေရှိတယ်...သူ့ မျက်နှာမှာ ရှည်လျားထောင်
ဟာ သာမာန်ကြောင်တစ်ကောင် နဲ့ တော့ အတော်ကြီးကိုကွဲပြားနေပါတယ်... အသက်လေးနှစ်အ
ရွယ်ကြောင် Bustopher ဟာ သူ့ ကိုယ်သူ ကြက်မ တစ်ကောင်ဖြစ်တယ်လို့ ယုံကြည်ယူမှတ်နေရှာ
ပါတယ်....
တစ်ကယ်တော့ ကိုယ်ဟာ ဘာလဲ ?....
ပိုင်ရှင်ဖြစ်သူ Naomi Oliver မွေးထားတဲ့ ကြက်တွေ ဥ , ဥ ပြီး ၀တွေကိုမ၀ပ်ချင်တာ...ပေါက်လာ
တဲ့ ကြက်ကလေးတွေ ဂရုမစိုက်၊ မထိန်းကျောင်းချင်တော့ တဲ့ အခါ၊ တိရိစ္ဆာန်လေးတွေကိုချစ်တတ်
တဲ့ ကြောင် Bustopher ဟာကြက်မတွေရဲ့ ဝပ်ကျင်းကို ၀င်ရောက်ပြီး ဥတွေကို ကိုယ်တိုင် ၀ပ်ပေး
ပါတော့ တယ်...
” ဒီကြောင်ဟာ သူ့ ကိုယ်သူကြောင်တစ်ကောင်ဖြစ်တယ်ဆိုတာရောသိရဲ့ လားဆိုတာ မသိတော့ ပါ
ဘူး...သေချာတာကတော့ သူဟာကြောင်တစ်ကောင်လို မနေထိုင်၊ မကျင့် ကြံတာတော့ အမှန်ပါပဲ...”
လို့ ပိုင်ရှင်ဖြစ်သူ Mrs Oliver  ကပြောပြပါတယ်...
ကြောင် Bustopher က ကြက်ခြံထဲကိုမကြာခဏ သွားရောက်လေ့ ရှိပါတယ်...ကြက်တွေနဲ့ အတူတူ
ဆော့ တယ်...သူ့ ကိုယ်သူကြောင်တစ်ကောင်လို မဟုတ်ပဲ ကြက်တစ်ကောင်လိုထင်မှတ်ပြီးတော့ ကို
ဆော့ နေတာပါ...ကြောင်ကကြက်ကိုဆော့ နေသလိုမျိုးမဟုတ်ပါဘူး....
ကြောင်မဖြစ်ချင်တဲ့ ကြောင်...
သူမမွေးထားတဲ့ ကြက်မတွေက ကြက်ခြံထဲမှာမဟုတ်ပဲ အပြင်မှာ ဥ , ဥ တဲ့ အခါကျတော့ မှပဲ သူမ
ရဲ့ ကြောင်ကြီးရဲ့ ထူးထူးဆန်းဆန်း ကြက်တွေကိုချစ်ခင်နှစ်သက်စွဲလမ်းတတ်တာကို သတိထားမိခဲ့ 
ပါတော့ တယ်...
” ကျွန်မက ကြောင် Bustopher ကိုလိုက်ရှာတာ သူက ကြက်မဥ , ထားတဲ့  ဥတွေပေါ်မှာ ထိုင်ပြီး
ဝပ်ပေးနေတာကို အထင်အရှားတွေ့ လိုက်ရတာပါပဲ...” လို့ Mrs Oliver ကပြောပြပါတယ်...
သုံးရက်တိုင်အောင် ဆက်ပြီးကြက်ဥတွေပေါ်မှာ ထိုင်ပြီးဝပ်ပေးနေတာတွေ့ ရတော့ ကျွန်မဖြင့် ဒီ
ကြောင် ဘာတွေများစိတ်ကူးပေါက်နေသလဲလို့ တွေးမိပါတယ်...ဒါပေမယ့် သေချာတာကတော့ သူ
ဒီလိုလုပ်နေတာကို အဟုတ်ကြီးထင်နေတာပါပဲ လို့ သူမက ဆက်ပြောပြခဲ့ ပါတယ်...
သူမရဲ့ ကြောင် Bustopher ဟာ ကြက်ခြံထဲကနေ တစ်နေ့ ကိုအစာစားဖို့ နဲ့ သူ့ နေရာမှာ ခဏတစ်
ဖြုတ်အိပ်စက်ဖို့  တစ်နေ့ ကိုတစ်ခါ၊ နှစ်ခါလောက်ပဲထွက်လာတတ်ပါတယ်...ပြီးတာနဲ့ သူ့ ရဲ့ ဝပ်ကျင်း
ထဲကို ပြန်သွားတော့ တာပါပဲ...
” သူဟာ တစ်ကဲ့ ကိုသေသေချာချာ ၀ပ်တာပါပဲ...ကြက်တွေနဲ့ လည်း ရန်မမူပဲနေကြတာပါပဲ...
ဒါပေမယ့် သုံးရက်ကြာလို့ သူဝပ်တဲ့ ကြက်ဥတွေ အကောင်မပေါက်လာတဲ့ အခါမှာတော့ သူဆက်ပြီး
မ၀ပ်တော့ ပဲ လက်မြောက်လိုက်ပါတယ်....“ လို့ ပိုင်ရှင်ဖြစ်သူ Mrs Oliver ကပြောပြခဲ့ ပါတယ်...
သြော်...
တစ်ကယ့် ကိုပဲ...
ကျွန်တော်မသိတဲ့  ကျွန်တော် ( ကြောင် ) ပါပဲဗျာ...
သတင်းအကျဉ်းလေးပါ...
Four legs, two pointy ears, whiskers on his face - Bustopher might look like one, but he is far from being an ordinary cat. The four-year-old feline thinks he's a chicken.When Naomi Oliver's chickens laid their eggs and didn't show much interest in the incubation and the upbringing of their offspring, the animal-lover's feline took over the command in the chook shed - and started incubating the eggs."I am not sure if he knows that he is a cat, he doesn't really behave like one," Mrs Oliver said. "Bustopher often wanders around in the chook pen, playing with the chooks as if he was one of them, not a predator."But it wasn't until her chooks laid a few eggs in a nest outside their shed that Mrs Oliver discovered her cat's quirky affection for her poultry."I was looking for Bustopher and found him sitting on the eggs, obviously trying to incubate them," Mrs Oliver said. "When he was still there after three days I started wondering what was going through his head - but I am sure he thought he was doing a great job."
Mrs Oliver said her cat only left his nest once or twice a day to grab a feed and have a nap on her bed, before heading back to his hatchlings-to-be. "He's a real character, and obviously friends with my hens but when nothing hatched after three days he gave up on sitting on the eggs."
0 comments: