Woman hired hitman to kill fortune teller because of a failed ‘love spell’

Monday, February 22, 2010


 အချစ်တွေပြန်ရအောင်လုပ်မပေးနိုင်လို့ သတ်ရတာပါ ဆရာမရယ်....


အမေရိကန်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အချစ်ရေးနဲ့ ပါတ်သက်ပြီး အကြံပေးဟောပြော
ခဲ့ သလိုဖြစ်မလာတဲ့ အတွက် ဟောပြောခဲ့ တဲ့ ဗေဒင်ဆရာကို လူသတ်သမားတစ်ဦးနှင့် ငှားရမ်းပြီး
သတ်ဖြတ်စေခဲ့ ပါတယ်...




ကျွန်မအရုပ်ကိုပြန်ယူပေးပါ...မရယင်တော့ ...
'Hit' ... Tanya Nelson

အသက် ၄၅ နှစ်ရှိ အချစ်ကံခေတဲ့ သူ Tanya Nelson ဟာ သူမငှားရမ်းခဲ့ တဲ့ လူသတ်သမားဖြစ်
သူ Phillipe Zamora  က ဗေဒင်ဆရာ  Jade Smith  နဲ့  ၎င်းရဲ့ သမီးဖြစ်သူ အသက် ၂၃ နှစ်အရွယ် Anita  တို့ ကိုဓါးဖြင့် ထိုးသတ်နေခဲ့ တာကို ကြည့် နေခဲ့ ပြီး သေဆုံးသူတွေဆီက လက်ဝတ်လက်စား
များနဲ့ ပိုက်ဆံတွေကိုပါ ခိုးယူခဲ့ ပါတယ်...ပြီးတော့ အလောင်းတွေရဲ့ မျက်နှာပေါ်က ဓါးဒါဏ်ရာတွေကို
ဖုံးကွယ်ဖို့ ဆေးအဖြူရောင်တွေသုတ်ခဲ့ တယ်လို့ လူသတ်မှုနဲ့ ပတ်သက်ပြီးစစ်ဆေးတဲ့ တရားရုံးမှာ
ကြားနာခဲ့ ရပါတယ်...

ယုံကြည်ကိုးစားစွာနဲ့ ဗေဒင်မေးသူ Nelson ဟာ  Miss Ha  လို့ လူသိများတဲ့ Ms Smith ကို ဆရာ
မရဲ့ ဂမ္ဘီရစွမ်းအင်များကို အသုံးပြုပြီး သူမရဲ့ ချစ်သူဟောင်းဖြစ်သူ သူမထံကိုပြန်လည်ရောက်ရှိလာ
စေဖို့ အကူအညီတောင်းခံခဲ့ တာဖြစ်ပါတယ်...ဒါပေမယ့် သူမရဲ့ အလိုဆန္ဒတွေမပြည့် ဝခဲ့ ရပါဘူး...
နောက်တော့ အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ဆရာမ Smith က သူမအနေနဲ့ လက်ရှိအခြေအနေအမှန်
အဖြစ်မှန်ကိုဘယ်လိုမှ ပြောင်းလဲဖို့ မစွမ်းဆောင်နိုင်တော့ တဲ့ အကြောင်း Nelson ကိုစာရေးခဲ့ ပါ
တယ်...

လူသတ်သမား Zamora ဟာ လွန်ခဲ့ တဲ့  ၂၀၀၅ ခုနှစ်၊ ဧပြီလမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ စန်တာ
အနာ  မှာရှိတဲ့  Ms Smith ရဲ့ အိမ်ကိုဖျက်ဆီးဝင်ရောက်ခဲ့ ပြီးသတ်ဖြတ်ခဲ့ တာဖြစ်ပါတယ်...
သူဟာလူသတ်မှုကျူးလွန်ခဲ့ ကြောင်းဝန်ခံခဲ့ ပြီး အနည်းဆုံးထောင်ဒါဏ် အနှစ် ၅၀ ကျခံရမှာဖြစ်
ပါတယ်...
ဗီယက်နမ်လူမျိုးတစ်ဦးဖြစ်တဲ့  Phuong Thao Nguyen လို့ လည်းခေါ်တွင်ကြတဲ့ Ms Nelson
ကတော့ အပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ လျှင် သေဒါဏ်ကျခံရနိုင်ပါတယ်...
ကြားနာစစ်ဆေးမှုကို ကယ်လီဖိုးနီးယားပြည်နယ်၊ Orange ဒေသ တရားရုံးမှာဆက်လက်ပြုလုပ်
လျှက်ရှိပါတယ်...

သြော် ...
အချစ်ကြီးလို့ အမျက်ကြီးတာလား...

နိုင်ငံခြားသွားပြီးဗေဒင်ဟောစားမယ်ဆိုယင်တော့ အမေရိကားကိုရှောင်ပါလေ....

မူရင်းသတင်းပါ....
A woman hired a hitman to kill a fortune teller - because of a failed "love spell". Tanya Nelson, 45, watched as Phillipe Zamora stabbed Jade Smith and the psychic's daughter Anita, 23. Nelson stole jewellery and cash from the bodies. The wounds on the victims' faces were painted white to try to hide the injuries, a jury heard.Nelson had asked Smith - known as Miss Ha - to use her mystic powers to force her lover to return. It didn't work. Smith, 57, later wrote to Nelson to say she couldn't change reality.Zamora broke into Smith's home in Santa Ana, California, to carry out the killings in April 2005. He admits murder and faces a minimum 50 years' jail.
Nelson, also called Phuong Thao Nguyen, faces the death penalty if convicted. The trial continues at Orange County Superior Court in California.

0 comments: