Wednesday, February 17, 2010

Australian retirement village is exclusively for cats


သန့် ရှင်းတောက်ပြောင်နေတဲ့ နေအိမ်အခန်းများ၊ ပန်းဥယျာဉ်နဲ့ စာလိုသမျှ ဖွယ်ဖွယ်ရာရာချက်ပြုတ်
ကျွေးမွေးမယ့် ဝန်ထမ်းတွေ ပါရှိတဲ့  Homeleighe  အနားယူအပန်းဖြေ ရွာကလေးဟာ ဘ၀နေ၀င်ချိန်
နီးသူများအတွက်တော့ ပြီးပြည့် စုံတဲ့ နေရာကလေးပေါ့ ...
ဒါပေမယ့် သင်ဟာကြောင်တစ်ကောင်မဟုတ်လျှင်ဖြင့် အဲဒီအိပ်မက်ရွာကလေးကို သင်သွားရောက်နေ
ထိုင်ဖို့ ကိုတော့ လက်လျှော့ လိုက်ပါလေ...
ဘာဖြစ်လို့ လည်းဆိုတော့ အဲဒီရွာကလေးဟာ ကြောင်တွေအတွက်သာသီးသန့် ဖန်တီးထားတာဖြစ်နေ
ခဲ့ လို့ ပါပဲ....

ရှူး !!! တိုးတိုး.....

သြစတေးလျားနိုင်ငံ၊ မဲလ်ဘုန်းမြို့ ပြင်ရှိ Keysborough  တိရိစ္ဆာန် ထိန်းသိမ်းစောင့် ရှောက်ရေးစခန်း
နဲ့ ကပ်လျှက်မှာ တည်ရှိတဲ့ အဆိုပါ နေရာလေးက လိုလေသေးမရှိအောင်စီစဉ်ထားတဲ့ အဆောက်အ
ဦးမှာတော့ အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ ကြောင် ၁၂ ကောင် ကနေထိုင်လျှက်ရှိနေကြပါတယ်...

ထိန်းသိမ်းရေးစခန်းက တာဝန်ကျဝန်ထမ်းတစ်ဦးက နေ့ စဉ် နံနက်တစ်ကြိမ် ညတစ်ကြိမ် သွားရောက်
ပြီး ကြောင်တွေကို အစားကျွေးလေ့ ရှိသလို လာရောက်လည်ပတ်ကြည့် ရှုတဲ့ ဧည့် သည်တွေကလည်း
နေ့ စဉ် ရှိတတ်ပြီး နာရီအနည်းငယ် နေသွားတတ်ပါသေးတယ်...




ကြောင်ဂေဟာက ....
ကြောင်ဖိုးကံကောင်းများ...



အဆိုပါ အဆောက်အဦးမှာနေထိုင်ကြတဲ့ ကြောင်တွေဟာ အချင်းချင်းဘယ်တော့ မှ ရန်မဖြစ်ကြပဲ
သူတို့ နေထိုင်ရာအိမ် နဲ့ ပန်းခြံထဲမှာ စိတ်ကြိုက်လှည့် ပါတ်သွားလာနေနိုင်ကြပါတယ် လို့ စခန်းရဲ့ 
အကြီးအကဲဖြစ်သူ Elizabeth Johns  ကပြောကြားပါတယ်...
ကြောင်ပိုင်ရှင်တွေအနေနဲ့ သူတို့ ရဲ့ အချစ်တော်တိရိစ္ဆာန်တွေကို အသေအချာဂရုစိုက်နေတယ်ဆို
တာ သိထားကြတော့ စိတ်အေးလက်အေးနေနိုင်ကြပါတယ်လို့  Ms Johns ကပြောပြပါတယ်...
နောက်ဆုံး  ပိုင်ရှင်သေဆုံးသွားခဲ့ ယင်၊ ဒါမှမဟုတ် မတတ်နိုင်ကြတော့ လျှင်တောင်မှ ပူစရာမလို
တာပါ...
” ကြောင်တွေ အသက်ကြီးလာတဲ့ အခါ လူတွေက ကရိကထမခံချင်ကြတော့ ပါဘူး...အေးလေးလူ
လူပဲနေချင်ကြတာပါ...” လို့ သူမက ဆက်ပြောပြပါတယ်...

ကြောင်ဘိုးဘွားရိပ်သာမှာ နေထိုင်ခိုလှုံနိုင်ဖို့ အတွက် ကြောင်တစ်ကောင်ဟာ အနည်းဆုံးအသက်
ဂ နှစ် ရှိရမှာဖြစ်ပြီး၊ အဲဒီကြောင်ရဲ့ ဘ၀တစ်သက်တာလုံးနေထိုင်နိုင်ဖို့ အတွက် ကုန်ကျစားရိတ်များ
အားလုံးအတွက် ပိုင်ရှင်ဟာ ဒေါ်လာ ၆၀၀၀ လှူဒါန်းရမှာဖြစ်ပါတယ်...

အိုဇာတာကောင်းတဲ့ ကြောင်များကတော့ ကံကောင်းလေစွ...
ရွှေပြည်ကြီးမှာဆိုယင်တော့  ဒေါ်လာ ၆၀၀ လောက်နဲ့ တောင် လက်ခံပေးမယ့် သူတွေနည်း
မှာမဟုတ်ဘူးနော်...

မူရင်းသတင်းပါ....
Homeleigh retirement village is a perfect place to spend the twilight years, with staff to clean and cook, a garden and immaculate quarters. But forget about signing up - unless you are a cat.
Inside a fully functional house next to Keysborough Animal Shelter in outer Melbourne, the only residents are twelve aged felines.A shelter staff member visits every morning and night to feed the moggies and human visitors pop in to spend a few hours.
Elizabeth Johns, one of the directors of the village, said the cats never fought and would roam the house and garden at will.
Ms Johns, who visits twice a week, said owners can rest easy knowing their pets will be cared for. That's the case even if an owner dies or is incapacitated. "You can't often rehome a cat, especially an older cat, and people want peace of mind," she said.

To become a resident, cats must be at least eight years old and owners must donate $6000 to cover expenses for the cat's life.

1 comments:

SHWE ZIN U said...

ကြောင် ဖြစ်ရင် ကောင်းမလားလို့